Chapter《161》

6.9K 1.1K 21
                                    

Unicode

အခန်း(၁၆၁) - မင်းနားလည်ရမယ်

ရိဟန်နဲ့ကျင်းယွမ်တို့က ရွှီးယိုရန်ရဲ့ စကားပြောဆိုမှုများကနေတစ်ဆင့် ကြည့်ရှုလေ့လာကြသည်။ စေ့စေ့စပ်စပ် စစ်ဆေးပြီးနောက်မှာတော့ ထိုလူက ဇာတ်လမ်းတွေ ရေးတာကလွဲလို့ တစ်ခြားစိတ်ဝင်စားမှု မရှိကြောင်း ကောက်ချက်ချနိုင်သွားသည်။ သူက ရုပ်ဝါဒသမား မဟုတ်သလို ကြီးကျယ်ခမ်းနားသည့် ဘဝကိုလည်း မလိုချင်ပေ။

သူက စိတ်ခံစားမှုလည်း အတော်လေး နည်းပါးသည်။ သူ့အကျင့်စရိုက်ကတော့ အလွန်ပင် တုန့်ပြန်မှု ရှိသူပင်။ သူ့ကိုကြည့်ရတာ အချစ်အတွက်နဲ့ ဘယ်လိုအရာမဆို မဆင်မခြင် လုပ်တတ်မည့်သူမျိုးနဲ့ မတူနေဘူး။ ရိဟန်ကတော့ သူ့ကို ပိုပြီးသိလေလေ ရွှီးယိုရန် စွပ်စွဲခံခဲ့ရတဲ့ ပြစ်မှုမှာ အတော်လေး ညှီနံ့တစ်ခုခု နံနေမှန်း သေချာလာခဲ့သည်။

ချန်ဟုန်က အတော်လေး အားထုတ်မှုရှိသည်။ တတိယမြောက်ညမှာပဲ နန့်ရှန်ရဲ့ စာရွက်စာတမ်းများနဲ့အတူ တံခါးဝသို့ ရောက်လာလေပြီ။

နန့်ရှန်က ချူမိသားစုမှ ချူဖန်းမင်ရဲ့ တရားမဝင်သားတစ်ယောက်ဖြစ်သည်။ ချူမိသားစုက မြို့တော်ထဲမှ မိသားစုကြီးငါးစုနဲ့ မယှဉ်နိုင်သော်လည်း ကြီးမားသည့် မျိုးနွယ်စုကြီးတစ်ခု ဟူ၍တော့ သတ်မှတ်၍ ရပေသည်။ ချူဖန်းမင်က မိသားစု၏ ဒုတိယသားတစ်ယောက်ပင်။

သူက ချီမိသားစု အခွဲတစ်ခုမှ သမီးကို လက်ထပ်ယူလိုက်သောအခါ ချီမိသားစုက သူ့အစ်ကိုအား ဖြုတ်ချရန် ကူညီပေးခဲ့သည်။ လျှင်မြန်သည့် လှုပ်ရှားမှု တစ်ခုတည်းနဲ့ ချူဖန်းမင်က အိမ်၏ အရှင်သခင်ဖြစ်လာ၏။ နန့်ရှန်ရဲ့ မိခင်က မိဘမဲ့တစ်ယောက်ဖြစ်ပြီး သူမရဲ့နာမည်က ရွှီးကျင်းရွှမ်ဖြစ်သည်။

သူမရဲ့ မိဘနှစ်ပါးလုံးက လေယာဉ်မတော်တဆမှုကြောင့် တိမ်ပါးသွားခဲ့ခြင်းပင်။ သူတို့က သူမအတွက် ကြီးမားသည့် အိမ်တစ်လုံးနဲ့ အာမခံ ငွေ အမြောက်အမြား ထားပေးခဲ့သည်။ သူမက ထူးချွန်သည့် ကျောင်းသူတစ်ယောက်ဖြစ်ပြီး အနုပညာဘာသာရပ်အား သင်ယူခဲ့၏။ သူမက ချိုမြိန်ကာ တင့်တယ်ကျော့ရှင်းလှသည့် အလှတရားပိုင်ရှင်ပင်။

(Completed) Reborn as a good childWhere stories live. Discover now