Chapter《16 and 17》

16.4K 2.6K 37
                                    

Unicode

အခန်း(၁၆) - ပိုက်ဆံနည်းနည်းလောက်ချေးပေးပါ

ပိုင်ဖုရဲန်သည် သူ့အကြီးဆုံးသားက သူ့အငယ်ဆုံးသားအပေါ်မှာ ဘယ်လောက် အာရုံစိုက်ထားလဲဆိုတာကို ကြည့်ပြီး အလွန်ကျေနပ် အားရသွားသည်။ ဖုရဲန်က လက်ကိုမြှောက်၍ ပိုင်ယန်အား ထိုင်ခိုင်းလိုက်သည်။ ထို့နောက်မှာတော့ မကြာသေးခင်က ဆွေးနွေးမှုများအား ပိုင်ယန်ကို ပြောပြပေးပြီး ဖုရဲန်ရဲ့ အတွေးများကိုပါ ဝေငှလိုက်၏။

ယန်က မျက်မှောင်ကျုံ့သည်။

"အဲ့ဒီလိုအရာမျိုး ဖြစ်ခဲ့တာလား? ဒါကတကယ်ထူးဆန်းတာပဲ, ကျွန်တော်သူ့အတွက် လျို့ဝှက် သက်တော်စောင့်တစ်ချို့လောက် စီစဉ်ပေးလိုက်မယ်, ဘယ်သူက ကျွန်တော့ညီငယ်လေးကို ထိရဲတာလဲ ကြည့်ချင်ပါရဲ့!"

"လောလောဆယ် အဲ့ဒါတွေက ခန့်မှန်းမှုပဲ ရှိသေးတယ်, မင်းညီလေးက ရုတ်တရက် ရင့်ကျက်သွားတာလည်း ဖြစ်နိုင်တာပဲလေ, ဘယ်အရာမှ အတည်မပြုနိုင်သေးဘူး"

"အကယ်၍ ရင့်ကျက်လာတာ ဆိုရင်တောင် အဲ့ဒါက ဖြည်းဖြည်းချင်း ဖြစ်သွားရမှာလေ, တစ်ညတည်းနဲ့တော့ ရုတ်တရက်ကြီး မရင့်ကျက်နိုင်ပါဘူး, အကယ်၍ ကျွန်တော့ညီလေးရဲ့ ရင့်ကျက်မှုနဲ့ နာခံမှုက နာကျင်မှုနဲ့ ခံစားရမှုတွေကနေ လာတာဆိုရင် သူအရွယ်မရောက်လာတာကမှ ပိုကောင်းဦးမယ်" ယန်က ပြန်တုန့်ပြန်သည်။

"အဲ့ဒါကြောင့် ငါတို့လောလောဆယ် လှုပ်ရှားမှု လုပ်လို့မရသေးဘူး ပြီးတော့ ဘာတွေဖြစ်နေတာလဲ စောင့်ကြည့်ရမှာ"

"အဖေမှန်တယ်" ယန်က ခေါင်းညိတ်ပြီး ထောက်ခံသည်။

"မင်းလည်း တစ်နေကုန် အလုပ်လုပ်ထားရတာ စောစော အိပ်ပြီး အနားယူတော့" ဖုရဲန်က သူ့လက်ကို ဝှေ့ယမ်းရင်း စကားကို အဆုံးသတ်လိုက်လေသည်။

"အဖေလည်း စောစောနားတော့လေ"

ဖုရဲန်က ခေါင်းညိတ်ပြပြီး ယန်အား သူ့စာဖတ်ခန်းထဲကနေ ထွက်သွားခွင့်ပြုလိုက်တော့သည်။

ညနေပိုင်းမှာတော့ ဖုရဲန်၏ စာဖတ်ခန်းတံခါးအား ရိဟန်က လာခေါက်သည်။ ဂရုတစိုက်ဖြင့် သူက တံခါးနောက်ကွက်ကနေ ခေါင်းလေး ပြူထွက်ပြီး မေးလာလေ၏။

(Completed) Reborn as a good childWhere stories live. Discover now