Chapter《184》

6.4K 984 39
                                    

Unicode

အခန်း(၁၈၄) - ခေါင်းစဉ်မရှိ

ဒါပေမဲ့ ချူဖုန်းမင်က ဘာလုပ်နိုင်မှာတဲ့လဲ? သူ့အနေနဲ့ ယန်မိသားစုရဲ့ တတိယသခင်မလေးကိုတောင် ရန်သူမဖွဲ့ရဲတာ ပိုင်နဲ့မုမိသားစု နောက်ခံရှိတဲ့ ပိုင်ရိဟန်ဆိုရင်တော့ ပြောမနေနဲ့တော့။ အကယ်၍ သူသာ ဒီနေ့ ပိုင်ရိဟန်နဲ့ စကားများမိရင် မနက်ဖြန်မှာ မုကျင်းယွမ်က သူ့တံခါးကို လာခေါက်လိမ့်မယ်!

ချူဖုန်းမင် လုပ်နိုင်သမျှက ပြုံးနေခြင်း တစ်ခုတည်းသာ။ ယိုရန်က ဒီလူတွေနဲ့ ရင်းနှီးတယ် ဆိုမှတော့ ဒီကလေးကို သူ့သားအဖြစ် အသိအမှတ် ပြုလိုက်ရင် မိသားစုကြီးများစွာရဲ့ ထောက်ပံ့ပေးမှုကို ခံရလိမ့်မယ်လို့ သူတွေးထားတယ်။ ယိုရန်ကြောင့် ကြီးမားတဲ့ ပံ့ပိုးကူညီမှုတွေ ရရှိဖို့ မျှော်လင့်ထားပြီး အနည်းဆုံးတော့ သူ ပိုမိုနီးကပ်အောင် ချဉ်းကပ်နိုင်လိမ့်မယ်

ထောက်ပံ့ပေးမှု သေးသေးလေး ဆိုရင်တောင်မှ အဲ့ဒါက ချူဖုန်းမင်ရဲ့ ဝင်ငွေကို အဆပေါင်းများစွာ တိုးတက်စေနိုင်ဖို့ လုံလောက်တယ်လေ။ ဟဲယွမ်ကို ကြည့်ပါလား အဲ့ဒီ အရူးက ယန်မိသားစုရဲ့ သမီးကို လက်ထပ်နိုင်ခဲ့တယ်။ နှစ်အနည်းငယ်အတွင်းမှာ သူ့အသားတင် ဝင်ငွေက သမုဒ္ဒရာ ရေစီးကြောင်းလိုပဲ မြင့်တက်လာခဲ့တာ။

နှမြောစရာ ကောင်းစွာနဲ့ ချီကျဲက ချီမိသားစုရဲ့ ဘေးအခွဲလေးက မိသားစုဝင်တစ်ယောက် ဖြစ်နေတာပဲ။ ချီမိသားစုက မိသားစုကြီး ငါးခုထဲက တစ်ခုဖြစ်ပေမယ့် သူတို့က အားအနည်းဆုံးပဲ။ ချီကျဲက အဓိကမိသားစုကတောင် ဟုတ်မနေဘူး။ သူမရဲ့ တန်ဖိုးက ယန်မြောင်နဲ့ ဘယ်တုန်းကမှ နှိုင်းယှဉ်မရခဲ့တာ။ အဲ့ဒီလိုမျိုး သိပ်ပြီး အကူအညီ မရတာတောင် သူမက ဒေါသကြီးပြီး အတ္တလည်း ကြီးသေးတယ်။

သူကတော့ သူမကို ငြီးငွေ့နေပြီ။ မရှိတဲ့ သူတစ်ယောက်လို သူဟန်ဆောင်ထားခဲ့တဲ့ သားက သူ့ကို နတ်ဘုရားတွေကနေ ရုတ်တရက် ပေးလာခဲ့တဲ့ ကံကောင်းခြင်း လက်ဆောင်လို့ပဲ သူတွေးတယ်။ ဒါပေမဲ့ ဒီ ကောင်စုတ်လေး၊ ဒီ သစ္စာဖောက်တဲ့ သားက သူ့အပေါ် ရန်ငြှိုးတွေ အများကြီး ဖွဲ့ထားမယ်လို့ မထင်ခဲ့မိဘူး။ ဒီကလေးက သူအသနားခံမှုကို လုံးဝကို မဝယ်တာ။ အဲ့ဒီအစား သူမိတ်ဖွဲ့ထားခဲ့တဲ့ အဲ့ဒီ စွမ်းအားကြီး ကလေးတွေနဲ့တောင် သူ့ကို ရန်တိုက်ပေးလိုက်သေးတယ်!

(Completed) Reborn as a good childWhere stories live. Discover now