Chapter《200》

5.9K 988 79
                                    

Unicode

အခန်း(၂၀၀) - စွန့်ပစ်လို့ မဖြစ်သေးဘူး

ယန်ချုံးပြောတာ မှန်သည်။ ပိုင်မိသားစုအိမ်ရဲ့ အခြေအနေက ဆီပူထဲကို ရေဖြန်းလိုက်သလိုမျိုး ပေါက်ကွဲထွက်နေသည်။ အမှန်တော့ ထိုပေါက်ကွဲမှုက မနေ့ညက ဖြစ်ခဲ့ခြင်းပင်။ ပွဲအခမ်းအနား ပြီးနောက်မှာ ချန်ထျန်းယောင်က ပိုင်ရွှယ်ချင်းနဲ့အတူ ပိုင်မိသားစုအိမ်သို့ ပြန်လိုက်လာခဲ့သည်။

ပိုင်ယန်နဲ့ ကျောင်းဟွာတို့သည်လည်း ထိုသို့ပင် ပြန်သွားကြ၏။ ပိုင်ယန်က ဖြစ်ပျက်ခဲ့သမျှအား သူ့မိသားစုကို ပြောလိုက်တဲ့အချိန်မှာ အိမ်တော်တစ်ခုလုံး မိုးကြိုးမုန်တိုင်း ကျသွားရသည်။ ရွှယ်ချင်းရဲ့ ဒေါသက မီးလို တောက်လောင်တာကြောင့် အရမ်းစိတ်ဆိုးတဲ့အချိန်မှာ စားပွဲခုံကိုပင် မှောက်လှန်မိမတတ်။ ထျန်းယောင်က ထိုမြင်ကွင်းကြောင့် အလွန်စိတ်မကောင်းဖြစ်ပြီး အချိန်အတော်ကြာအောင် သူ့ကောင်မလေးကို နှစ်သိမ့်ပေးခဲ့ရသည်။

"အခု ပိုင်မိသားစုက မင်းလက်ထဲမှာပဲ" အမေနဲ့အဖေက ပိုင်ယန်ကို ပြောလာသည်။

"သင့်တော်မယ်လို့ ထင်တဲ့အတိုင်း ဖြေရှင်းလိုက်။ အကယ်၍ အလွန်အကျွံ ဖြစ်သွားရင်တောင် အဆင်ပြေတယ်။ ငါတို့နှစ်ယောက် မသေသေးဘူး။ မင်းရဲ့ အရှုပ်တွေကို လိုက်ရှင်းပေးလို့ရတယ်"

ဘယ်သူကမှ ထိုကိစ္စအား ဖိုးဖိုးပိုင်ကို ပြောပြဖို့ အစီအစဉ် မရှိကြပေ။ သူဒေါသ ထွက်သွားမှာကို သူတို့ ကြောက်မိကြသည်။ သို့ပေမယ့် ထိုလူအိုကြီးက ပြင်ပကမ္ဘာနဲ့ လုံးဝအဆက်အသွယ် ဖြတ်ထားတဲ့သူမှ မဟုတ်တာ။ နောက်တစ်နေ့ မနက်ခင်းမှာပင် ပိုင်မိသားစုတစ်ခုလုံးအား လှမ်းခေါ်ပြီး နာရီဝက်လောက် ကြာသည်အထိ ပိုင်ဖုရဲန်ကို ဆုံးမ သြဝါဒများ ချွေတော့သည်။

သူ့ရဲ့ ပိုင်မိသားစုက သူရဲဘောကြောင်တဲ့ အသိုက်အမြုံကြီး ဖြစ်သွားပြီလား? ပိုင်ဟိုင်မင်းရဲ့ အဖိုးတန်မြေးလေးကို ဘယ်လိုများ နင်းခြေခံရတာလဲ? မုကျင်းယွမ်ကရော အသုံးမကျဘူးလား? အဲ့ဒီလူသိသမျှက အစားအသောက် တစ်ခုပဲ ရှိတာမို့လို့လား?

(Completed) Reborn as a good childWhere stories live. Discover now