Chapter《146》

7.6K 1.3K 24
                                    

Unicode

အခန်း(၁၄၆) - သူဖျားနေပြီ

ရိဟန်က လျင်မြန်စွာပဲ ထိတ်လန့်လာမိသည်။ လွန်ခဲ့တဲ့ နှစ်ပတ်အတွင်းမှာ သူ ဘယ်လို အပြုအမူတွေ လုပ်ခဲ့လဲ ဆိုတာကို ပြန်တွေးမိ၏။ ဒါတွေအားလုံးကို ကလဲ့စားခြေချင်စိတ် နည်းနည်းမှ မရှိပဲ လုပ်ခဲ့တာပါလို့တော့ သူဘယ်လိုမျိုး ပြောနိုင်မှာလဲ? သူကျင်းယွမ်ရဲ့ လက်ထပ်ခွင့် ကမ်းလှမ်းချက်ကို တမင်တကာ ငြင်းဆန်ခဲ့တယ်။ သူပေးခဲ့တဲ့ အကြောင်းပြချက်ကလည်း မိုက်မဲပြီး ရယ်စရာကောင်းသေးတယ်။ ဒါ့အပြင် ကျင်းယွမ်ရဲ့ ထိတွေမှုတွေကို ရည်ရွယ်ချက်ရှိရှိ ရှောင်ရှားရုံသာမက ကျင်းယွမ်ရဲ့ ရုံးခန်းဆီကိုပါ လိုက်မသွားတော့ဘူးလေ။

ကျင်းယွမ် စိတ်ပျက်သွားတာတွေကို သူကြည့်နိုင်ခဲ့တယ်။ သူ့ကိုယ်သူတော့ ကျင်းယွမ်ကို လွတ်မြောက်ခွင့်ပေးတော့မှာလို့ ပြောခဲ့ပေမယ့်လည်း ကျင်းယွမ်ရဲ့ ပုခုံးတွေ လျောကျနေတာကို မြင်ရတဲ့အခါတိုင်း သူ့စိတ်နှလုံးထဲမှာ ကြည်နူးမှုတွေ ထွက်ပေါ်လာသည်ပဲလေ။ သူက ကျင်းယွမ်ကို ထင်သလောက် မချစ်တာများလား?

ကျင်းယွမ်က သူ့အတွက် အရာအားလုံး လုပ်ပေးခဲ့တယ်။ ဒီလူက သူ့ကိုလိမ်ခဲ့ပေမယ့်လည်း သူ့အတွက် အများကြီး အနစ်နာခံပေးခဲ့တာပဲ။ သူက 'လက်စားခြေ' ဖို့ ဘယ်လိုအခွင့်အရေးများ ရှိလို့လဲ? သူအခု တကယ်ပဲ သူ့အရင်ဘဝက တစ်ကိုယ်ကောင်းဆန်တဲ့ ပိုင်ရိဟန် ပြန်ဖြစ်နေတာပဲ။ သင်ခန်းစာတွေ တစ်ခုပြီးတစ်ခု အပေးခံရပြီးနောက်မှာ အခွင့်အရေးအသစ် ထပ်ရလာခဲ့တာတောင် သူ့အတွင်းစိတ် သဘာဝကို မပြောင်းလဲနိုင်သေးဘူး

"ဟန်ဟန်, တကယ်ပဲ ဘာကြောင့်လဲကွာ?"

ကျင်းယွမ်က ရိဟန်ဆီက အဖြေမရတာကြောင့် စိတ်ပူပန်စွာ မေးမိသည်။

"ကိုယ့်ကို ပြောပြပေးလို့ ရမလား? ဘာဖြစ်လို့လဲ? ကိုယ်တို့ အတူတူဖြေရှင်းလို့ရတယ်လေ"

ရိဟန်အနေနဲ့ ကျင်းယွမ်ကိုတကယ်ပဲ မပြောနိုင်ဘူး။ အကယ်၍ သူပြောလိုက်ရင် အကုန်လုံး အနေခက်စရာတွေ ဖြစ်ကုန်မှာ။ အဲ့ဒီလိုဖြစ်ဖို့ လိုအပ်လို့လားလေ?

(Completed) Reborn as a good childWhere stories live. Discover now