Chapter《199》

5.6K 1K 16
                                    

Unicode

အခန်း(၁၉၉) - အေးစက်သွားတဲ့ လူကြီးမင်းယန်ရဲ့ နှလုံးသား

"ဒါဆို ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ?" ယန်ချုံးက ခါးသက်သက် အပြုံးဖြင့် ပြန်မေးသည်။

"မုကျင်းယွမ် ဘယ်လို တုန့်ပြန်လဲ ဆိုတာ ကျွန်တော်မြင်လိုက်တယ်။ သူ့ပုံစံက ဒီအတိုင်း လွှတ်ထားပေးမယ့်ပုံ မပေါ်ဘူး။ ပိုင်ရိဟန်က သူ့ရဲ့ တစ်ဦးတည်းသော အထိမခံတဲ့ အချက်ပဲ။ အဲ့ဒီလူက ရိဟန်ကို တစ်ခြားသူတွေ လိုတာထပ် ပိုပြီး ကြာကြာ ကြည့်မိရင်တောင် စိတ်တိုတဲ့သူမျိုး။ သူတို့နှစ်ယောက် ဆက်ဆံရေး အတည်ဖြစ်ပြီး နောက်ပိုင်းမှာ သူ့ပိုင်ဆိုင်လိုစိတ်က ပိုပြီးတော့ပဲ ဆိုးဝါးလာတာ။ မြောင်မြောင်က ပထမစကားကိုပဲ ပြောလိုက်ပြီး နောက်ပိုင်း ဆက်မပြောဘူး ဆိုပေမယ့်လည်း ကျွန်တော်တောင် သူမ ဆက်ပြောမယ့် စကားကို သိနေတဲ့ဟာ မုကျင်းယွမ်ဆိုရင်တော့ ပြောမနေနဲ့တော့။ အဲ့ဒီလူရဲ့ မျက်နှာမှောင်မဲသွားတာလည်း မြင်လိုက်တယ် မှောင်လွန်းလို့ မိုးကြိုးမုန်တိုင်းတွေတောင် တိုက်တော့မလိုပဲ။ သူတကယ် ဒေါသပေါက်ကွဲ သွားတယ်ဆိုတာ ကျွန်တော်ပြောနိုင်တယ်"

လူကြီးမင်းယန်က မျက်လုံးများ မှိတ်လိုက်သည်။

"ဆက်ပြော"

"ပြီးတော့ ပိုင်ယန်" ယန်ချုံးက စကားဆက်သည်။

"သူအနား လျှောက်လာတာကို ကျွန်တော် မသိလိုက်မိဘူး။ အခုတစ်လော ပိုင်ယန်ကလည်း လိင်တူချစ်သူ တစ်ယောက်ပဲ ဆိုတဲ့ ကောလဟာလတွေက ပျံ့နှံ့နေတာ။ သူက မကြေညာရသေးတာပဲ ရှိတယ်။ မနေ့ညက သူတို့နှစ်ယောက် အတူတူ လာကြတယ်။ ကြည့်ရတာ သူတို့က သူတို့ဆက်ဆံရေးကို လူသိရှင်ကြား ချပြဖို့ စီစဉ်ထားပုံပဲ။ မြောင်မြောင်...အင်း....သူမက လူတွေကို ဝေဖန်တဲ့အချိန်မှာ အပေါ်ယံကိုပဲ ကြည့်တယ်။ သူမ မသိတဲ့လူတစ်ယောက်ကို မြင်လိုက်တာနဲ့ ယဉ်ယဉ်ကျေးကျေး လုပ်နေတာကို ရပ်ပစ်လိုက်ရော။ ပိုင်ယန်ကိုယ်တိုင် ပွဲကို ခေါ်လာပြီး သူနဲ့ ပုခုံးချင်းယှဉ် လျှောက်နိုင်တဲ့လူက ဘယ်လိုလုပ် သာမာန်လူတစ်ယောက်ဖြစ်နိုင်မလဲ ဆိုတာကို သူမက နည်းနည်းလေးတောင် ထပ်မစဉ်းစားဘူး။ အစောကတည်းက ပိုင်ယန်ရဲ့ မျက်နှာက အိုးဖင်လို မည်းမှောင်နေပြီ။ အဲ့ဒိတော့ သူမစကားကြောင့် အားမာန် တက်ကြွသွားလား မသိဘူး အဲ့ဒီလူက သူလက်ထပ်မယ့် ကျောင်းဟွာပါ ဆိုပြီး ပြောလာတယ်လေ။ အိုး ကျောင်းဟွာက သူ့ချစ်သူပါ"

(Completed) Reborn as a good childWhere stories live. Discover now