Chapter《221》

13.2K 1.1K 139
                                    

Unicode

အခန်း(၂၂၁) - အဆုံးသတ်

ပိုင်ရိဟန်က သက်ပြင်းချသည်။

"ဘာဖြစ်လို့လဲဆိုတော့ ငါ့နှလုံးသားထဲမှာ မုကျင်းယွမ်ရှိတယ်။ အဲ့ဒီလူကိုပဲ ငါ့ဘဝထဲမှာ အသိအမှတ်ပြုမှာ။ ဘာတွေပဲဖြစ်ပါစေ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ပြောင်းလဲမှာမဟုတ်ဘူး။ မင်းမှမဟုတ်ဘူး တစ်ခြားသူဆိုလည်း သူသာမဟုတ်ရင် မရဘူး အဲ့ဒါကြောင့် ငါပြောတာ လက်လျော့လိုက်ပါတော့လို့"

ချီမင်းယောင်က သူ့ဆံပင်လေးကို လှမ်းထိလာသည်။

"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး အချိန်က အရာအားလုံးကို ပြောင်းလဲပေးသွားလိမ့်မယ်။ စိတ်ရင်းမှန်ရင် ကျောက်တုံးတောင် အရည်ပျော်လာလိမ့်မယ်လို့ ကိုယ်ယုံတယ်"

ပိုင်ရိဟန်က ခေါင်းအား တစ်ဖက်လှည့်လိုက်ပြီး ပြန်ပြောသည်။

"မင်းဘာသာ ဘယ်လိုပဲ တွေးပါစေ ငါနဲ့ဝေးဝေးနေပါ"

ချီမင်းယောင်က အမှန်တကယ်ပင် လက်အား နောက်ပြန်ဆုတ်သွားပြီး ကုတင်ဘေးဘက်မှာ နာခံမှုရှိသည့် ပုံစံဖြင့် ပြန်ထိုင်ချလိုက်သည်။ သူက ပြုံးပြီး ပြောလာ၏။

"မင်းနေမကောင်းဘူး ပြီးတော့ ကြိုးတွေကို ရုန်းထားတော့ ဒဏ်ရာရထားတယ်။ မသက်မသာ ဖြစ်နေလား? အကယ်၍သာ ဖြစ်နိုင်မယ်ဆိုရင် မင်းနေမကောင်း ဖြစ်နေတဲ့အချိန်မှာ ဒီလိုမျိုး တကယ် မလုပ်ချင်ပါဘူး ဒါပေမဲ့ ဒါက အချိန်ခဏလေးပဲလေ။ ခဏလောက်အိပ်လိုက်နော် အနာဂတ်မှာ ဘယ်တော့မှ ထပ်ပြီး မနာကျင်စေရဘူး"

ပိုင်ရိဟန်က ချိန်းကြိုးများအား တစ်ချက်ကြည့်လိုက်ပြီး မဲ့ပြုံးတစ်ခု ပြုံးကာ ဘာမှဆက်မပြောတော့ပေ။

ချီမင်းယောင်က တောင်းပန်လာပြန်သည်။

"ကိုယ်တောင်းပန်ပါတယ် မင်းမသက်မသာ ဖြစ်နေတာ ကိုယ်သိတယ် ဒါပေမဲ့ အခုတော့ ဖြုတ်ပေးလို့ မရသေးလို့ပါနော်။ ကိုယ်မင်းကို ဒီအတိုင်းလည်း မထားချင်ပါဘူး။ မင်းဘက်က နေချင်တဲ့ ဆန္ဒရှိလာတာနဲ့ ကိုယ်ဖြုတ်ပေးမှာပါ"

(Completed) Reborn as a good childWhere stories live. Discover now