Chapter《156》

8.1K 1.2K 12
                                    

Unicode

အခန်း(၁၅၆) - သူမ သေသွားပြီ

ဖန်းရီက နှုတ်ခမ်းကိုက်ကာ တစ်ခစ်ခစ် ရယ်မောတော့သည်။

"မင်းက ထူးဆန်းလိုက်တာ ရိဟန်ရယ်, လူတွေက မင်္ဂလာပွဲ မတိုင်ခင်မှာ သူတို့ဆုံးဖြတ်ချက် မှန်ရဲ့လားလို့ ဒုတိယတစ်ခေါက် စဉ်းစားကြတယ်, လက်ထပ်ပွဲ နီးလာလေလေ မင်္ဂလာပွဲအကြို တုန်လှုပ်ခြောက်ခြားမှုတွေ ဖြစ်လာလေလေပဲ, မင်းလိုမျိုး စိတ်မရှည်လက်မရှည် ဖြစ်နေတဲ့သူကို တစ်ခါမှ မတွေ့ဘူးပါဘူး, ပြောပါဦး, နှစ်ယောက်သား ဒီလောက် စိတ်ပူပန်နေတယ် ဆိုလည်း ဘာလို့ မင်္ဂလာဆောင်မယ့်ရက်ကို စောစော မသတ်မှတ်ရတာလဲ?"

"မတတ်နိုင်ဘူးလေ" ရိဟန်က သက်ပြင်းချသည်။

"ကျွန်တော်က အအေးကြောက်တယ်, ဆောင်းတွင်းဆို ဘယ်တော့မှ အိမ်ကနေ ထွက်တာမကြိုက်ဘူး, ဆောင်းတွင်းမှာ ကိစ္စကြီးကြီးကို ဘယ်တော့မှ မစီစဉ်တတ်တာ ကျွန်တော့်အကျင့်ဖြစ်နေတာ, သေချာပေါက် ကျင်းယွမ်လည်း အဲ့ဒါကို သိထားတာပေါ့, သူက ကျွန်တော်တို့မင်္ဂလာဆောင်ကို ဘယ်လိုနောင်တ ရတာမျိုးမှ မဖြစ်စေချင်ဘူးတဲ့, နွေဦးက နွေးထွေးတယ် ဒါပေမဲ့ လေအရမ်းပြင်းတယ်, အဲ့ဒါကြောင့် နွေရာသီကို သတ်မှတ်လိုက်ကြတာ"

ဖန်းရီမှာ ရယ်ရလွန်းလို့ ပုခုံးများပင် တုန်ယင်နေလေပြီ။

"မင်းတို့နှစ်ယောက်က အရမ်းရယ်ရတာပဲ, တူညီတဲ့ ယေဘုယျ သဘောတရားအရ ဆိုရင် နွေရာသီမှာ ပူတယ်လေ, ဆောင်းဦးရာသီမှာကြတော့ လေပြင်းတာပဲ, ပြီးရင် အေးခဲနေတဲ့ ဆောင်းတွင်းကိုပဲ ပြန်ရောက်သွားတာ, မင်းတို့ အဲ့ဒါကိုရော ဘယ်လိုလုပ်ကြမလဲ? မင်္ဂလာဆောင်တာကို ဘယ်တော့လုပ်မလဲ ဘယ်သူက ဂရုစိုက်နေမှာလဲ? နောက်လပဲ စာရင်းသွားသွင်းတော့မယ့်ဟာကို, ဥပဒေအရဆို မင်းက အိမ်ထောင်ရှိပြီးသားလူ ဖြစ်သွားပြီ, လက်ထပ်ပွဲဆိုတာ ကမ္ဘာတစ်ခုလုံးကို ကြေညာတဲ့ ပွဲအခန်းအနား တစ်ခု ဖြစ်နေရုံပဲ"

"ကျင်းယွမ်လည်း အဲ့ဒီလိုပဲပြောတယ်" ရိဟန်က ပြုံးပြုံးလေးပြန်ပြောလာသည်။

ဖန်းရီက လေထဲတစ်နေရာအား ခဏမျှ ငေးကြည့်နေပြီးမှ ပြောလာလေသည်။

(Completed) Reborn as a good childWhere stories live. Discover now