Chapter《102》

12.3K 1.8K 20
                                    

Unicode

အခန်း(၁၀၂) - ဘယ်တုန်းက သူဒီလောက်ထိ ဆိုးသွမ်းသွားရတာလဲ?

ကျင်းယွမ်က မျက်တောင်ခတ်လိုက်သည်။ သူ့မျက်နှာက ရိဟန်နဲ့ အလွန်နီးကပ်နေတာကြောင့် လှပလွန်းတဲ့ ယပ်တောင်သဏ္ဍာန် မျက်တောင်ရှည်ကော့ကော့ကြီးအား ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ထိုအချိန်မှာ သူ့ရည်းစားဖြစ်သူရဲ့ ခပ်နက်နက်အသံအား ကြားလိုက်ရလေသည်။

"ကိုယ်တို့ကြားမှာ လျှို့ဝှက်ချက် ရှိနေသေးတာလား? ဒါဆိုရင်တော့ ကိုယ်အရမ်းကို စိတ်မကောင်းဖြစ်ရမှာပဲ"

ရိဟန်မှာ သူ့မျက်စိရှေ့က အလှတရားကြောင့်သူ့စိတ်များအားလုံး တွန့်လိမ်နေမိသည်။

"လျှို့ဝှက်ချက်မရှိပါဘူး" သူက ရီဝေဝေဖြင့် ပြောလိုက်မိလေသည်။

"ငါအကိုကျောင်းကို ခေါ်ပြီး အမကို လိုက်နေတဲ့သူတွေအားလုံးကို စုံစမ်းခိုင်းလိုက်တာ"

"ဘာဖြစ်လို့ သူတို့ကို စုံစမ်းစစ်ဆေးဖို့ လိုတာလဲ?" ကျင်းယွမ်က အနောက်ကို အနည်းငယ် ဆုတ်လိုက်ပြီး သိချင်စိတ်အပြည့်ဖြင့် မေးလိုက်၏။

ထိုအချိန်မှသာ ရိဟန်သည် သူအာရုံကိုပြန်ရသွားပြီး သူ့ပါးစပ်က ချော်ထွက်ပြီး ပြောမိသွားမိသည်ကို သဘောပေါက်သွားရသည်။

ဒီမုကျင်းယွမ်က အယောင်ဆောင်ပဲ ဖြစ်ရမယ်! သူစကားပြောလာအောင် ဆွဲဆောင်ဖြားယောင်းဖို့အတွက် သူ့အလှတရားတွေကို တကယ်ကြီး အသုံးပြုလိုက်တယ်! ဒါက အပြုံးသေးသေးလေးပဲ ရှိတတ်တဲ့ ဥက္ကဌမုရော ဟုတ်သေးရဲ့လား? အပြုံးက မျက်လုံးထိ ဘယ်တုန်းကမှ မရောက်ခဲ့တဲ့ လူကြီးကလေ?

ရိဟန်ရဲ့ မျက်လုံးလေးများက ဝိုင်းစက်သွားသည်။

"ဒီအတိုင်းတွေးကြည့်မိတာပါ" သူကပြောလိုက်၏။
"ရွှယ်ချင်းနဲ့ထျန်းယောင်တို့က အတူတူဖြစ်သွားပြီဆိုတော့ ထျန်းယောင်ကို အက်ဆစ်နဲ့ ဖြန်းတာလိုမျိုး ကြိုးစားနိုင်တဲ့ အစွန်းရောက် လိုက်နေတဲ့သူ တစ်ယောက်ယောက်များ ရှိနေလားလို့, ငါအဲ့ဒါကို တီဗီထဲမှာ မြင်ဖူးတယ်"

(Completed) Reborn as a good childWhere stories live. Discover now