Chapter《81 and 82》

14.2K 2K 117
                                    

Unicode

အခန်း(၈၁) - ဥသျှောင် ဥဒေါင်း

ရိဟန်က ကျင်းယွမ်အား ထူးထူးဆန်းဆန်း စိုက်ကြည့်သည်။

အကယ်၍ သူတို့ချိုတာ မကြိုက်ဘူး ဆိုရင်လည်း တစ်ခြားဟာ မှာပါ့လား... ဒီနေရာက ကိတ်တစ်မျိုးတည်း ရတာမှ မဟုတ်တာ!

သို့ပေမယ့် ရိဟန်က သူ့အတွေးအား ထုတ်မပြောတော့ပဲ အဲ့ဒီအစား တစ်ခြားသာ မေးလိုက်သည်။

"meeting ကပြီးသွားပြီလား? သွားတော့မှာလား?"

"စီးပွားရေးကိစ္စတွေအကုန်လုံး ပြီးသွားပြီ" ကျင်းယွမ်ကပြန်ဖြေသည်။

"တစ်ဖက်လူတွေက ထွက်သွားပြီဆိုတော့ ကိုယ်တို့ ပြီးရင် အတူတူ အိမ်ပြန်ကြမယ်လေ"

"သူတို့ကို ဒီအတိုင်း လွှတ်လိုက်လို့ တကယ်ပဲ အဆင်ပြေလို့လား?" ရိဟန်က ရေရွတ်သည်။

"အဆင်ပြေပါတယ်" ကျင်းယွမ်က အပြုံးဖြင့်ပြောလာသည်။ 

ထျန်းယောင်: ...

တစ်ဖက်လူတွေဆိုတာက ဘယ်ကရောက်လာမှာလဲ? ဒီအရှက်မရှိတဲ့ အရူးက သူ့ဘာသာသူ တိတ်တိတ်လေး နောက်ကလိုက်လာတဲ့ဟာကို!

ကျင်းယွမ် အနားမှာရှိနေတာကြောင့် ရိဟန်သည် ထျန်းယောင်စိတ်မသက်မသာ ဖြစ်မှာစိုးပြီး သူ့ရဲ့ ကိုယ်ရေးကိုယ်တာ မေးခွန်းများအား ဆက်ပြီးမေးဖို့ အဆင်မပြေတော့ပေ, ထို့ကြောင့် အနေအထားက နောက်တစ်ဖန် အနေခက်လာရသည်။

သုံးယောက်သား နေရာတစ်ဝိုက်ကို နောက်တစ်ဖန် ပတ်စီးလိုက်ကြသည်။ ကျင်းယွမ်က မြင်းစီးအဝတ်အစားကို လဲလှယ်ပြီးနေလေပြီ။ မြင်းပေါ်မှာ ရှိနေတဲ့အချိန်မှာ သူ့ပုံစံက အလွန်ယုံကြည်ချက် ပြည့်ဝနေပြီး ချောမောခန့်ညားလွန်းတာကြောင့် ရိဟန်ရဲ့ နှလုံးသားလေးကို တစ်ဒိန်းဒိန်း ခုန်လာစေသည်။

သူတို့တွေအခု ချစ်သူဖြစ်နေကြပြီဆိုတဲ့ အတွေးက ရိဟန်ရဲ့ နှလုံးသားထဲမှာ ပျော်ရွှင်မှု၊ ဂုဏ်ယူမှုနဲ့ ချစ်ခင်မြတ်နိုးမှုအပြင် ကြောက်လန့်မှုတစ်ချို့ပါ ခံစားရစေသည်။ သူလုပ်နိုင်တာက ဒီလူကိုသူ့ဆီကနေ ခေါ်မထုတ်သွားပါနဲ့လို့ ဘုရားဆီမှာ ဆုတောင်းနိုင်ယုံသာ။ ဒါကို ထိန်းသိမ်းထားနိုင်ဖို့ ဘယ်လိုတန်ဖိုးမဆို ပေးဆပ်နိုင်ပါရဲ့။

(Completed) Reborn as a good childWhere stories live. Discover now