Chapter《140》

8.3K 1.3K 112
                                    

Unicode

အခန်း(၁၄၀) - လမ်းညွှန်ချက်တွေ အားလုံးက အလိမ်အညာတွေကြီးပဲ

ထိုနေ့ညခင်းမှာ ပိုင်ဖုရဲန်က သူ့ဇနီးသည်နဲ့ အိပ်ယာပေါ်မှာ ပွေ့ဖက်နေကြရင်း အမေက တိုးတိုးလေး ပြောလာသည်။

"ဖုရဲန်, ကျင်းယွမ်က ဟန်ဟန်ကို ချစ်နေပြီလို့ မထင်ဘူးလား? သူဟန်ဟန်အပေါ် ကြည့်တဲ့ အကြည့်တွေနဲ့ ဟန်ဟန်နားမှာ ရှိရင် လုပ်တဲ့ လုပ်ရပ်တွေကိုလည်း ကြည့်ပါဦး"

"မဟုတ်တာလည်း ဖြစ်နိုင်တယ်" ပိုင်ဖုရဲန်က ညည်းညူသည်။

"သူလုပ်နေတဲ့ လုပ်ရပ်တွေကြောင့် ရိဟန်အပေါ် သူတကယ် ချစ်သွားတာ ဖြစ်နိုင်ပါတယ် ဒါပေမဲ့ ဖြစ်နိုင်ခြေ အများဆုံးအရာကတော့ အဲ့ဒါက သူဟန်ဟန်အပေါ် ကလေးဘဝကတည်းက ရှိခဲ့တဲ့ ညီအစ်အကိုအချစ်ပဲ"

"သူသာ ဟန်ဟန်ကို တကယ်ချစ်သွားရင် ဘယ်လောက်ကောင်းလိုက်မလဲ?" အမေက ပြောသည်။

"ဒါတွေအားလုံးက ရိဟန်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် ကျင်းယွမ်ဘက်က လုပ်ပေးတဲ့ လုပ်ရပ်တစ်ခုပါလို့ ရိဟန်ကိုပြောရမယ်ဆိုတာ စဉ်းစားမိတိုင်း ကျွန်မနှလုံးသားက နာကျင်ပြီး ထိတ်လန့်မိတယ်"

"ဟုတ်တယ်" ဖုရဲန်က သက်ပြင်းချသည်။

"လူတစ်ယောက်က မိဘဆိုတာဖြစ်လာတာနဲ့ တစ်ကိုယ်ကောင်း ဆန်လာမယ့် အခွင့်အလမ်းများတယ်, ကိုယ်လည်း ကျင်းယွမ်က ရိဟန်နဲ့ ချစ်သွားမိဖို့အတွက် တိတ်တိတ်လေး မျှော်လင့်မိတာပဲ ဒါပေမဲ့ ချွမ်းယွီ နဲ့ ရင်း အပေါ်မှာတော့ အပြစ်ရှိစိတ်နဲ့ စိတ်မကောင်းဖြစ်တာကို ခံစားရတယ်, ကိုယ့်စိတ်ထဲမှာ အတွေးတွေက ကွဲလွဲနေတာ"

အမေက အတွေးနွံထဲနစ်သွားတာကြောင့် အခန်းက ခဏမျှ တိတ်ဆိတ်သွားသည်။ ထို့နောက်မှ သူမက မှုန်ကုပ်ကုပ် ပြောလာသည်။

"ယုံကြည်ချင်တဲ့အရာကို ပိုယုံကြည်မိတာက လူသားတွေရဲ့ စိတ်ခံစားချက် ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီရက်ပိုင်း ကျင်းယွမ်ကိုကြည့်လိုက်တိုင်း သူက ဟန်ဟန်ကို တကယ်ချစ်တယ်လို့ တွေးနေမိတယ်"

(Completed) Reborn as a good childWhere stories live. Discover now