Chapter《134》

8K 1.3K 23
                                    

Unicode

အခန်း(၁၃၄) - ထူးဆန်းတဲ့ ခံစားချက်

"လေယာဉ်လက်မှတ်က ဘိုကင်တင်ပြီးသွားပြီလား?"

ရိဟန်က သူ့ခွက်ကို ဆော့ကစားရင်း မေးလိုက်သည်။

"အင်း" ကျောင်းဟွာက နူးညံ့စွာ ပြန်ဖြေ၏။

ရိဟန်က ခဏ ရပ်တန့်သွားပြီးမှ မေးပြန်သည်။

"မနက်ဖြန်ဆို သွားရတော့မှာဆိုတော့ အားလုံးထုပ်ပိုးပြီးသွားပြီလား? တစ်ခုခု ကျန်နေသေးတာ ရှိသေးလား?"

ကျောင်းဟွာက ပြုံးပြီးပြန်ဖြေသည်။

"အကုန်လုံး ထုပ်ပြီးပါပြီ, ရိုးရိုးသားသားပြောရရင် ယူစရာလည်း ရှိမှ သိပ်မရှိတာ, အဝတ်အစား နည်းနည်းလောက်ပါပဲ, ကျန်တာက အဲ့ဒီရောက်မှ ဝယ်လို့ရတယ်လေ"

"အင်း" ရိဟန်က ခေါင်းညိတ်သည်။

"ကျောင်းကော, အကယ်၍ ချောင်းချုန်းမှာ တစ်ခုခု အသားမကျတာ ဒါမှမဟုတ် မသက်မသာ ဖြစ်တာမျိုး ရှိလာရင် ကျွန်တော့်ကို ဖုန်းခေါ်နော်"

ကျောင်းဟွာက ပြုံးပြီး ခေါင်းညိတ်ကာ ပြန်ဖြေသည်။

ရိဟန်က ထိုလူအား နောက်တစ်ဖန် ကြည့်လိုက်ပြန်၏။

"ဒီမှာပဲ နေလိုက်ရင်ရော?" ရိဟန်က ရုတ်တရက် ထပြောလိုက်ပြီး သူ့အသံထဲမှာ စိတ်ညစ်နေခြင်းတွေ ပေါ်လွင်နေသည်။

"ဒီအတိုင်း အလုပ်ထွက်လိုက်ဗျာ, အကို့ အရည်အချင်းနဲ့ဆိုရင် ဘယ်နေရာမှာမဆို အောင်မြင်မှုကို ရှာတွေ့နိုင်တယ်, အနည်းဆုံးတော့  မုအုပ်စု ထဲကို ဝင်လို့ရတယ်။ ချောင်းချုန်းလိုမျိုး အေးခဲနေတဲ့မြို့ကို ပြေးဖို့ မှမလိုတာ"

ကျောင်းဟွာမှာ ထိုစကားကြောင့် မရယ်ပဲ မနေနိုင်တော့ပေ။

"ကုမ္မဏီက ငါ့ကို ဘယ်တုန်းကမှ ဆိုးဆိုးဝါးဝါး မဆက်ဆံခဲ့တဲ့ဟာ, ဘာလို့ ငါက အလုပ်ထွက်ရမှာလဲ? ငါချောင်းချုန်းကို သွားတာက ဌာနခွဲတစ်ခုလုံးရဲ့ Executive Manager အဖြစ်နဲ့လေ, တကယ်တော့ အဲ့ဒါက ရာထူးတိုးသွားတာပါ"

"ဘယ်သူ့အတွက်မဆို အဲ့ဒါက ရာထူးတိုးတာဖြစ်နိုင်တယ်" ရိဟန်က မကျေမနပ်ပြောသည်။

(Completed) Reborn as a good childWhere stories live. Discover now