Chapter《138》

8.1K 1.4K 120
                                    

Unicode

အခန်း(၁၃၈)  - သူက Tom

ပိုင်ယန်ရဲ့ နှုတ်ခမ်းတွေက အရမ်းနူးညံ့တာပဲ!

ကျောင်းဟွာရဲ့ နှလုံးသားက လည်ချောင်းဝကို ခုန်တက်တော့မည်။ ဒီလိုအေးချမ်းတိတ်ဆိတ်တဲ့ အခန်းလေးထဲမှာ ကျောင်းဟွာသည် မုန်တိုင်းတစ်ခုလို ကျယ်လောင်စွာ မြည်ဟီးနေသည့် သူ့နှလုံးခုန်သံကို ကြားရနိုင်သည်။ သူဒီထက်ပိုပြီး မလုပ်ရဲတော့ပေ။ ပိုင်ယန်ကို နိုးအောင်လုပ်မိမှာ စိုးရိမ်နေမိသည်။ သို့ပေသည့် နောက်ပြန်ဆုတ်ဖို့ကိုလည်း တွန့်ဆုတ်နေပြန်၏။ ထိုသို့ဖြင့် သူ့နှုတ်ခမ်းတစ်စုံသည် တစ်ဖက်လူနဲ့ ကော်လိုကပ်နေမိတော့သည်။

အချိန်အတော်လေး ကြာပြီးနောက်မှသာ သူနောက်ဆုံးတော့ လွှတ်ပေးလိုက်သည်။ ထို့နောက်မှာတော့ ကျောင်းဟွာက ပိုင်ယန်၏ နှုတ်ခမ်းလွှာကြားအား ညင်သာစွာ လျှက်ရန် သူ့လျှာလေးကို ဆန့်ထုတ်လိုက်သည်။ ထိုခံစားချက်က သူ့ကိုလောင်ကျွမ်းစေပြန်သည်။ သူ့မျက်နှာတစ်ခုလုံးလည်း ပူလောင်နေလေပြီ။ သူ့ရဲ့ ချွေးပြန်နေသည့် လက်ဖဝါးများသည်လည်း တုန်ယင်နေသည်မှာ ကျယ်လောင်စွာပင် အသက်မရှုရဲတော့ပေ။

သူက အလွန်အမင်း အသက်ရှုအောင့်ထားမိတာကြောင့် သူ့ရင်ဘက်တစ်ခုလုံး ပေါက်ကွဲထွက်မလိုပင် ခံစားနေရသည်။ သူက ပိုင်ယန်၏ နှုတ်ခမ်းဆီကနေ ဂရုတစိုက် ဖယ်ခွာ၍ နောက်သို့ ခြေလှမ်းကျယ်ကျယ် ဆုတ်လိုက်လေသည်။ ထို့နောက်မှာတော့ ကြမ်းပြင်ပေါ် ထိုင်ချလိုက်ကာ ပါးစပ်ကို ကျယ်ကျယ်ဟ၍ လေကို အဝရှုရှိုက်မိသည်။

သူက စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ နိမ့်ကျတဲ့သူတစ်ယောက်ဖြစ်ကြောင်း သိပါတယ်...ယန်အိပ်နေတဲ့ အချိန်လေးမှာ သူ့ကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မိတယ်...ဒါပေမဲ့ သူချစ်နေရသူရဲ့ နှုတ်ခမ်းတွေနဲ့ တွေ့ဆုံမိတဲ့အချိန်မှာ အဲ့ဒီပြီးပြည့်စုံတဲ့ အခိုက်အတန့်လေးကို သူမငြင်းဆန်နိုင်ခဲ့ဘူးလေ..

ကျောင်းဟွာအနေနဲ့ ပိုင်ယန်သာ သတိလည်းရှိ နိုးနေရင်းနဲ့တင် သူ့ကိုဖက်ပွေ့ပြီး နမ်းရှိုက်မယ်ဆိုရင် အဲ့ဒီအခွင့်အရေးလေးရဖို့ သေရမယ်ဆိုရင်တောင် ဆန္ဒရှိမိပါရဲ့

(Completed) Reborn as a good childWhere stories live. Discover now