Chapter《163》

6K 1.1K 46
                                    

Unicode

အခန်း(၁၆၃) - အဲ့ဒီလူ

ကျင်းယွမ်က ရိဟန်ရဲ့ ဖုန်းကို နောက်တစ်ဖန် ငုံ့ကြည့်လိုက်သည်။

"ကောင်းပြီလေ, ပြောပြီးနေပြီ ဆိုမှတော့ ထားလိုက်ပါတော့" ကျင်းယွမ်ကရယ်ချင်စိတ်ကို ထိန်းရင်း စကားဆက်သည်။

"ကိစ္စတွေကို တတ်နိုင်သမျှ အမြန်ဆုံး ဖြတ်ပစ်တာလည်း မကောင်းတာတော့ မဟုတ်ပါဘူး, သူ့ကိုပြောပြလိုက်တယ်ဆိုတော့ ဆိုလိုတာက ကိုယ်တို့ သူ့ကို ထပ်ပြီး လွဲမှားနေအောင် လွှတ်မထားဖြစ်တော့ဘူးပေါ့, ပလာစတာဆိုတာ ဒီအတိုင်း ခွာထုတ်ပစ်လိုက်တာ အကောင်းဆုံးပဲ, ဒါပေမဲ့ မင်းတို့နှစ်ယောက်က လုံလုံလောက်လောက် မရင်းနှီးသေးဘူးလေ, မင်းသူ့ကို လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ မပေးနိုင်ဘူး"

ရိဟန်ရဲ့ မျက်လုံးလေး မြင့်တက်သွားသည်။

"အကယ်၍ သူသာ ဒါပြီးတာနဲ့ မှန်ကန်တဲ့ ဆက်ဆံရေးတစ်ခုသာ ရသွားနိုင်ရင် အရမ်းကောင်းမှာပဲ, ဒါကမှ သင့်လျော်တဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုပဲ"

"သေချာပေါက် အဲ့ဒါဆိုရင်တော့ အကောင်းဆုံးပေါ့" ကျင်းယွမ်က ပခုံးတွန့်ကာ ပြောသည်။

"ကံမကောင်းတာကတော့ အဲ့ဒါက ကံတရားပေါ်မှာပဲမူတည်တယ်, ကိုယ်တို့သူ့ကို အတင်းအကြပ် တွဲဖက်ပေးလို့ မရဘူးလေ"

ရိဟန်ရဲ့ မျက်လုံးထဲက မီးလုံးလေး မှိန်ကျသွားရပြန်သည်။

"ဒါဆို ငါတို့ဘာလုပ်ကြမလဲ?" သူက ရေရွတ်သည်။

"စိတ်မပူနဲ့" ကျင်းယွမ်က ပြန်ဖြေသည်။

"မင်းအခုပြောလိုက်တာက သူ့အတွက် လေဆင်နှာမောင်းတိုက်သလို ဖြစ်သွားလိမ့်မယ်, ဒီအတိုင်း စဉ်းစားဖို့ အချိန်လေးပဲ ပေးလိုက်ပါ"

ထိုအချိန်တွင် ရိဟန်၏ဖုန်းမြည်လာသည်။ ၎င်းသည် QQ မှ အသိပေးချက်အသံဖြစ်သည်။ ရိဟန်က ကမန်းကတန်း နှိပ်လိုက်၏ ။ မျှော်လင့်ထားသည့်အတိုင်းနန့်ရှန်ဆီက

[ယိုရန်: မင်းဘာလို့ အဲ့ဒီလိုပြောတာလဲ]

ရိဟန်ရဲ့ မျက်လုံးလေးများက ကျင်းယွမ်ဆီမှ အကူအညီလှမ်းတောင်းရှာသည်။

(Completed) Reborn as a good childWhere stories live. Discover now