Chapter《139》

8.1K 1.4K 90
                                    

Unicode

အခန်း(၁၃၉) - တိုက်တိုက်ဆိုက်ဆိုင် ယောကျားလေးဖြစ်နေခဲ့တာ

"ယောကျာ်းလေးလား?"

လူအိုကြီးပိုင်က မေးခွန်းထုတ်သည်။

"ကျောင်းဟွာ.....ကျောင်းဟွာ......ငါမှတ်မိပြီ, အဲ့ဒါ မင်းရဲ့ အတွင်းရေးမှုးမှတ်လား? သူက မင်းကိုမြှူဆွယ်တာလား?"

'မြူဆွယ်တယ်' ဆိုတဲ့စကားက ပိုင်ယန်အား ခုနက ခိုးယူသွားသည့် အနမ်းကို သတိရသွားစေသည်။

"မဟုတ်ဘူး" ဟု အပြစ်ရှိစွာပြန်ဖြေမိ၏။ 

"သူ မသိသေးဘူး"

"သူကဘာကို မသိသေးတာလဲ? မင်းခံစားချက်ကိုလား?" လူအိုကြီးပိုင်က ဒေါသတကြီးပြောသည်။

"ယန်, မင်းက မင်းဘဝရဲ့ ကဏ္ဍတိုင်းမှာပြီးပြည့်စုံနေလားတော့မသိပေမယ့် ဒီနေရာမှာတော့ တကယ့်ကို ငတုံးပဲ, အကယ်၍ သူက မင်းခံစားချက်တွေကို မသိသေးဘူးဆိုရင် မင်းတို့က ဘာဆက်ဆံရေးများ ရှိနေတာမို့လို့လဲ? သူက မင်းရဲ့ အတွင်းရေးမှူးနော်, မင်းက သူနဲ့နီးစပ်တယ်, ဒါက လွယ်ကူပြီး အဆင်ပြေတဲ့ အခြေအနေ တစ်ခုဟာကို! မင်းကသူ့နဲ့ ဆက်ဆံရေး လေးနက်အောင် လုပ်ရမှာ, မင်းက သူ့ကို ဖွင့်မပြောသေးပဲနဲ့ သူတစ်စုံတစ်ယောက်နဲ့ ချစ်သူဖြစ်သွားမှ နောင်တရဖို့ စောင့်နေတာလား? မင်းက ဒီကိစ္စမှာတော့ ငါနဲ့တော်တော်လေး မတူတာပဲ, ငါမင်းအဘွားနဲ့ ချစ်မိတုန်းကဆိုရင် သူက လှတယ် ငါက ရုပ်ဆိုးတယ်, အဲဒါတောင် ငါကြောက်တာတွေ ကိုယ့်ကိုကိုယ် သိပါတယ် ဆိုတာမျိုးတွေ မရှိခဲ့ဘူး, ငါက ရဲရဲရင့်ရင့်ပဲ သူမကို ပိုးပန်းခဲ့တာ, အခုဘာဖြစ်လဲကြည့်လေ, အဆုံးကြတော့ သူမက ငါ့ကိုလက်ထပ်ခဲ့ပြီး မင်းအဖေကို မွေးပေးခဲ့တယ်, ဘယ်လို ပျော်စရာကောင်းတဲ့ အဆုံးသတ်လေးလဲလို့!"

"ဘိုးဘိုး..." ပိုင်ယန်က ခပ်တိုးတိုးပြောသည်။

"ဘိုးဘိုးဒါကို......စိတ်မဆိုးဘူးလား? သူက ယောကျာ်းလေးလေ"

"မင်းအဘိုးက ခေတ်နောက်ကျနေတဲ့ လူအိုကြီးများ မှတ်နေလား?" လူအိုကြီးပိုင်က အထင်အမြင်သေးစွာ ရှုတ်ချသည်။

(Completed) Reborn as a good childWhere stories live. Discover now