Chapter《32 and 33》

17.3K 2.5K 113
                                    

Unicode

အခန်း(၃၂) -  လက်ကိုမညစ်ပတ်စေနဲ့

ကျင်းယွမ်ရဲ့ နှလုံးသားက သွေးများ စီးဆင်းနေသလိုမျိုး ခံစားရသည်။ သူ့မျက်လုံးများက သွေးနီရောင်တောက်နေလေပြီ။ အကယ်၍သာ သူ့လက်မောင်းကြားထဲက ကောင်လေးကို တည်ငြိမ်အောင်လုပ်ဖို့ လိုအပ်နေတာ မဟုတ်ဘူးဆိုရင် ဒီဖုန်းချွင်ဆိုတဲ့ကောင်ကို သွေးတွေအရိုးတွေ ပြန့်ကျဲကုန်သည်အထိ ရိုက်ပစ်မိလိမ့်မည်။

မကြာခင်မှာပဲ အခင်းဖြစ်ရာသို့ ပိုင်မိသားစုများ အမြန်အဆန် လျှောက်လာကြသည်။ ရွှယ်ချင်းက သူမမောင်ငယ်လေးရဲ့ ကြောက်စရာကောင်းသော အခြေအနေကို ချက်ချင်း သတိပြုမိသွား၏။ သူမအနေနဲ့ တည်တည်ငြိမ်ငြိမ် ဆက်ရှိနေစရာ အကြောင်းကိုမရှိဘူး။

သူမက ဖုန်းချွင်ဆီသို့ တည့်တည့် ဝင်သွားပြီး လည်ပင်းကနေ ဆုပ်ကိုင်လိုက်သည်။ ကြည့်ရတာ သူမက နေရာမှာတင် ထိုလူအား လည်ပင်းညှစ်သတ်ချင်နေသလိုပင်။ သူမရဲ့ နီရဲရဲ နှုတ်ခမ်းက ပွင့်ဟလာပြီး အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာသည်။

"ဖုန်းချွင်? ငါနင့်ကို မှတ်မိတယ်, နင်က ငါ့မောင်လေးနောက်မှာ အမြဲတမ်း တစ်တွဲတွဲနဲ့ရှိနေတဲ့ကောင်ပဲ, အမြဲတမ်း သူ့နောက်ကနေပဲ လျှောက်လိုက်နေတာလေ, ငါ့ကိုအခုချက်ချင်းရှင်းပြစမ်း, နင်သူ့ကို ဘာလုပ်လိုက်တာလဲ? ငါတို့တစ်မိသားစုလုံးက သူဘာလို့များ ပြောင်းလဲသွားတာလဲလို့ သိချင်နေမိတာ, ကြည့်ရတာ အပြစ်တင်ရမယ့်သူက နင်ပဲထင်တယ်! ဘယ်လိုတောင် လုပ်ရဲရတာလဲ!"

ဖုန်းချွင်သည် တကယ့်ကို ကြောက်ရွံ့မှုကြောင့် အေးခဲနေလေပြီ။ မုကျင်းယွမ်ဆီက ကြောက်မက်ဖွယ်ကောင်းလှတဲ့အကြည့်က သူ့ကို လုံးလုံးလျားလျား ဖမ်းစားလိုက်ချင်ပုံပေါ်နေသည်လေ။ သူ့လည်ပင်းမှာရှိတဲ့ ပိုင်ရွှယ်ချင်းရဲ့ တင်းကြပ်တဲ့ ဆုပ်ကိုင်မှုကလည်း သူ့ကိုတစ်ခါတည်း သတ်ဖြတ်ပစ်မယ်ဟု ခြိမ်းခြောက်နေပြန်သည်။

ပိုင်မိဘများနဲ့ ပိုင်ယန်ဆီက မှောင်မိုက်တဲ့ အမူအယာတွေအပြင် သူ့ကိုစူးစိုက်ကြည့်နေကြတဲ့ အခန်းထဲမှာရှိသမျှ လူတိုင်းရဲ့ အကြည့်တွေကလည်း သဘောမတူမှုတွေ၊ လှောင်ပြောင်မှုတွေ၊အတင်းအဖျင်းတွေနဲ့ ပြစ်တင်ရှုံ့ချမှုတွေ ပါဝင်နေသည်။

(Completed) Reborn as a good childWhere stories live. Discover now