Chapter《97》

12.8K 2K 52
                                    

Unicode

အခန်း(၉၇) - Sound the Alarm!

ရိဟန်က တစ်ခစ်ခစ်ရယ်သည်။

"တကယ်ပဲ" သူကသက်ပြင်းချပြီး စကားဆက်သည်။
"မမက အိမ်က ထွက်မလာခင်မှာ စားဖို့မေ့သွားတယ်ဆိုတာကို ယုံတောင် မယုံနိုင်ဘူး"

ထျန်းယောင်ရဲ့ မျက်လုံးက နူးညံ့သွားလေသည်။ သူ့အသံက အလွန်နွေးထွေးတာကြောင့် မြေပြင်ပူနွေးလာတဲ့အချိန်မှာ လိုက်ပါနွေးထွေးတဲ့ နွေဦးရာသီရဲ့ ရေကန်လေးလိုမျိုးပင်။ သူကပြောလိုက်သည်။

"သူမက မင်းကိုစိတ်ပူနေတာလေ, တစ်စုံတစ်ယောက်အတွက် စိုးရိမ်ပူပန်တယ်ဆိုတာက ဘာလဲဆိုတာ မင်းလည်းသိတာပဲ, ကိုယ်က သူမ ဗိုက်အဆာခံနေမှာပဲ စိုးရိမ်တာ"

ရိဟန်က ထိုတုန့်ပြန်မှုကြောင့် အလွန်ကျေနပ်သွားသည်။

"မမက အသေးစိတ်လုပ်တတ်ပေမယ့် တစ်ခါတစ်လေဆို သူ့ကျန်းမာရေးကို လုံးဝဂရုမစိုက်တဲ့ပုံပေါ်တယ်, အနာဂတ်မှာ မမကို အမှန်တကယ် ချစ်ခင်နှစ်သက်ပြီး ပြုစုစောင့်ရှောက်ပေးမယ့်သူတစ်ယောက်ကို ရှာပေးမှဖြစ်မှာ"

ထျန်းယောင်ရဲ့ ချောမွေ့တဲ့ မျက်နှာပြင်ပေါ်မှာ အနီရောင်တစ်လွှာ ထွက်ပေါ်လာရသည်။

"မင်းသူ့ကိုရှာတွေ့မှာပါ" သူကထစ်အအဖြင့် ဆက်ပြော၏။
"သူမက အရမ်းကို ဂရုစိုက်ခံရမှာ"

သူမသာငါ့ကို အခွင့်အရေးပေးရင်ပေါ့

ရိဟန်၏ နှလုံးသားသည် ရွှင်မြူးစွာ ခုန်နေသည်။

"ဒါပေမဲ့ မမကခံစားချက်ကို ထုတ်ဖော်ပြတဲ့နေရာမှာ အရမ်းကို နှေးကွေးတဲ့ မိန်းကလေးတစ်ယောက်လေ" သူက အတွေးများကို တွန်းအားပေးနေရင်း ဆက်ပြောသည်။

"ယောကျာ်းလေးဘက်က လုံလုံလောက်လောက် တက်ကြွနေရမယ်, ထျန်းယောင်, ကျွန်တော်ထင်တာတော့လေ လူတစ်ယောက်က တစ်စုံတစ်ယောက်ကို သဘောကျရင် သတ္တိရှိရှိနဲ့ မေးရဲရမယ်။ အဲဒါမှ နောင်တရတာကို ရှောင်နိုင်လိမ့်မယ် မဟုတ်လား?"

ထျန်းယောင်ရဲ့ နှလုံးသားကတော့ ခုန်ပေါက်ပြီး ကခုန်နေလေပြီ။

(Completed) Reborn as a good childWhere stories live. Discover now