Chapter《101》

12.6K 1.8K 106
                                    

Unicode

အခန်း(၁၀၁) - ငါတော့ အငွေ့တွေ ထွက်တော့မှာပဲ!

တစ်ရက်ပြီးတစ်ရက် ရိဟန်ကို ဖြတ်ကျော်သွားကြသည်။ အစီအစဉ်မရှိပဲ နေတာကြာလာလေလေ ဖြစ်လာတော့မယ့် အဖြစ်ဆိုးကြီးအတွက် ပိုထိတ်လန့်လေလေဖြစ်လာရသည်။ အဆုံးမှာတော့ အစီအစဉ် ဆွဲခြင်းကို စွန့်လွှတ်လိုက်ပြီး ဖြစ်နိုင်ခြေ အရှိဆုံး နည်းလမ်းဖြစ်တဲ့ ရွှယ်ချင်းကို လိုက်နေသူအားလုံးကို စုံစမ်းတော့မယ်။ သူမအတွက် တစ်စုံတစ်ရာ ခံစားဖူးတဲ့လူတိုင်းရဲ့ နောက်ခံကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှု ပြုလုပ်မယ်။ 

ဒီလောက် ကြီးမားတဲ့ ပိုက်ကွန်ကြီးနဲ့ ဆိုရင်တော့ ပုတ်နေတဲ့ ငါးကိုလွတ်သွားစရာလမ်း မရှိလောက်တော့ပါဘူး!

ကျင်းယွမ်ထွက်သွားပြီး သိပ်မကြာခင်မှာ ထျန်းယောင် ကွယ်လွန်သွားခဲ့ရတာမို့လို့ စိတ်မကောင်းစရာတော့ ကောင်းလှသည်။ ထိုအချိန်တုန်းက ရိဟန်သည်လည်း တစ်နေ့ကုန် အာရုံပျံ့လွင့်နေပြီး ငေးကြောင်ကြောင် အခြေအနေ ရှိနေခဲ့တာမို့လို့ သူ့အမ လုံခြုံပြီး တရားခံကို ဖမ်းဆီးမိကြောင်း အတည်ပြုပြီးတာနဲ့ နောက်ဆက်ဖြစ်တာတွေကို အာရုံမထားခဲ့တော့ဘူး။ အရူးရဲ့ နာမည်ကိုတောင် သူမမှတ်မိဘူး။

သူမှတ်မိသမျှက တရားခံက ရူးသွပ်နေတယ် ဆိုတဲ့ သက်သေအထောက်အထားကို သူ့မိသားစုက အရယူခဲ့ပြီး အဲ့ဒီအမျိုးသားကို စိတ်ရောဂါ ခိုလှုံခွင့်တောင်းခံခဲ့ခြင်းပဲ။ သိပ်မကြာခင်မှာပဲ အဲ့ဒီလူက သူ့ကိုယ်သူ သတ်သေသွားခဲ့တာ။

အဲ့ဒီတုန်းက သူအများကြီး မတွေးခဲ့ပေမယ့် အခုပြန်စဉ်းစားကြည့်တော့ ထူးဆန်းနေတယ်။ တရားခံက ချန်မိသားစုရဲ့ အမွေဆက်ခံသူကို သတ်ပစ်လိုက်တာတောင် စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေတာပါဆိုတဲ့ စာရွက်လေးတစ်ရွက်ထဲနဲ့ ဘယ်လိုများ အပြစ်ဒဏ်ကနေ လွတ်မြောက်နိုင်သွား ရတာလဲ? ချန်မိသားစုရဲ့ အင်အားကြီးမှုနဲ့ ဆိုရင် ဒါက မဖြစ်နိုင်ဘူး။

အဲ့ဒီလူကရော တကယ် သတ်သေ သွားခဲ့တာလား? သူသေချာ မပြောနိုင်ဘူး

(Completed) Reborn as a good childWhere stories live. Discover now