Chapter《120》

9.8K 1.6K 73
                                    

Unicode

အခန်း(၁၂၀) - လူ့အရေပြားအောက်က နတ်ဆိုး

ထောင်ချီက ပါးစပ်ဖွင့်လိုက်သော်လည်း စကားတစ်လုံးမှ မပြောနိုင်ပေ။

ရိဟန်ရဲ့ နှုတ်ခမ်းမှာ ကြောက်မက်ဖွယ် အပြုံးတစ်ခု ဖြစ်ပေါ်လာရင်း မေးလိုက်သည်။

"မင်းနာမည်ကဘာလဲ?"

"ငါကထောင်ချီပဲ" သူမက စိတ်တွေ ဝေဝါးနေဆဲဖြင့်ပင် ပြန်ဖြေမိသည်။

ထိုအမျိုးသားလေးက တစ်ခစ်ခစ် ထရယ်သည်။

"နာမည်အတူတူပဲပေါ့? ထောင်ချီ, 'ဇာတ်ကောင်က ကံတရားပဲ' ဆိုတဲ့စကားကို ကြားဘူးမှာပါ, ဘယ်အရာမှ ပြောင်းလဲလို့ မရတာ မရှိဘူး,ရိုးရှင်းတဲ့ ဘဝသက်တမ်းတစ်ခုတည်းမှာပဲ ငါတို့မှာ အဆုံးမရှိတဲ့ ရွေးချယ်စရာတွေ ရှိနေတယ်, ဆုံးဖြတ်ချက်တိုင်းက ငါတို့ရဲ့ ဘဝတွေကို ရေရှည်အကျိုးသက်ရောက်မှု ရှိသွားစေမှာပဲ, အဲ့ဒါက ငါတို့ရဲ့ ကံကြမ္မာတွေကိုပါ ထာဝရ ပြောင်းလဲသွားစေနိုင်တယ်, မင်းပြောတဲ့ စကားတွေထဲမှာ ငါအကြားရဆုံး စကားက 'ဒီလိုမဖြစ်သင့်ဘူး' ဆိုတာပဲ, မင်းနားမလည်လို့ပါ, ဒီကမ္ဘာပေါ်မှာ 'ဖြစ်သင့်တယ်' ဆိုတာမျိုး လုံးဝမရှိဘူး, အကယ်၍ မင်းတစ်ခုခု လိုချင်တယ်ဆိုရင် အဲ့ဒီအတွက်ကို တန်းတူရည်တူ ကြိုးစားရမှာပဲ"

ထို့နောက်သူက ခြေလှမ်းအနည်းငယ် တိုးသွားလိုက်ပြီး ထောင်ချီနဲ့ မျက်လုံးခြင်းဆုံနိုင်စေရန် ခါးကိုင်းလိုက်သည်။

"မင်းက ကျင်းယွမ်နဲ့ အတူတူ ရှိချင်တယ်" သူက ပြောသည်။

"အဲ့ဒါက မင်းသူ့ကို ချစ်လို့လား? ငါထင်တာတော့ မဟုတ်ပါဘူး, ခန့်မှန်းကြည့်ရအောင်, အဲ့ဒါက သူ့အဆင့်အတန်းကြောင့်လား? သူ့မိသားစု နောက်ခံကြောင့်လား? သူ့ရုပ်ရည်ကြောင့်လား? ဒါမှမဟုတ် Mrs မုအနေနဲ့ ဇိမ်ရှိတဲ့ဘဝမှာ နေထိုင်နိုင်မှာ မို့လို့လား?"

"....."

"မင်းဘာလို့ ဒီလိုဘဝမျိုးနဲ့ အဆုံးသတ်သွားလဲ ဆိုတာကို စဉ်းစားကြည့်ဖူးလား? ဘာလို့ အရင်ထောင်ချီက မုသခင်မ လုပ်နိုင်ပေမယ့် မင်းကတော့ မလုပ်နိုင်ရတာလဲ ဆိုတာ? မင်းက အနာဂတ်ကိုတောင် ခန့်မှန်းလို့ ရနေပေမယ့်လေ, အဲ့ဒါက ဘယ်လောက်တောင် ကြီးမားတဲ့ အားသာချက်ကြီးလဲ ဒါပေမဲ့ မင်းကတော့ အခု ချုပ်နှောင်ခံထားရတယ်, ဖြစ်နိုင်တာ မကြာခင်တောင် ထောင်ချခံရတော့မယ် ဟုတ်တယ်ဟုတ်?"

(Completed) Reborn as a good childWhere stories live. Discover now