Chapter《38 and 39》

16.5K 2.5K 256
                                    

Unicode

အခန်း(၃၈) - ငါ့ကိုလွှတ်ပေး

ဒါပေမဲ့ အခုတော့ဘာတွေဖြစ်သွားတာလဲ? အခန်းက အရမ်းတိတ်ဆိတ်နေတယ်, တိတ်ဆိတ်လွန်းလို့ သူနဲ့ကျင်းယွမ်ရဲ့ အသက်ရှုသံကိုပဲ ကြားရတဲ့အထိပဲ

ဘုရားရေ, သူ့ရဲ့ ယုံကြည်ကိုးစားမရတဲ့ မိသားစုက သူ့ကို ကျင်းယွမ်ဆီ လုံးဝဂရုမစိုက်ပဲနဲ့ လက်လွှဲပေးခဲ့တယ်, တကယ်ကြီးလား?

တကယ်တမ်း ကျင်းယွမ်ရဲ့ အင်္ကျီကို ဆုပ်ကိုင်ဆွဲထားပြီး လွှတ်မပေးချင်တဲ့သူက ဘယ်သူလဲဆိုတာကတော့ ရိဟန်ရဲ့ အတွေးထဲ ဝင်မလာပေ။ ဒါပေမဲ့လည်း အကယ်၍ သူလွှတ်ပေးလိုက်ရင်တောင် ကျင်းယွမ်ကတော့ သူ့ကိုလွှတ်ပေးဖို့ အစီအစဉ် မရှိဘူးဖြစ်သည်။

သူအခု ဘယ်လိုလုပ်ရမလဲ? သေချင်ယောင် ဆောင်လိုက်ရမလား? ဒါက အစီအစဉ်ကောင်းပဲ!

မည်သို့ပင်ဖြစ်စေ အဖြစ်မှန်ကတော့ ရက်စက်လှသည်။ ရိဟန်ရဲ့ ခန္တာကိုယ်က ချုပ်နှောင်ခံထားရတာဖြစ်သောကြောင့် သူက ကြောက်ရွံ့မှုကြောင့် တုန်ယင်မနေတော့ဘူး ဆိုတာကို ကျင်းယွမ် သတိပြုမိသွားသည်။

"ဟန်ဟန်, ဘယ်လိုနေသေးလဲ? ရေသောက်ချင်လား?" ကျင်းယွမ်ကမေးလိုက်သည်။

"..."

သေချင်ယောင်ဆောင်ဖို့ လုံးဝနည်းလမ်း မရှိတော့ဘူး။

ရိဟန်လုပ်နိုင်တာအကုန်လုံးက မော့ကြည့်ဖို့သာ ဖြစ်သော်လည်း ကျင်းယွမ်ရဲ့ မျက်လုံးများကို မကြည့်ရဲပေ။ သူက ကျင်းယွမ်ရဲ့ ပေါင်ပေါ်မှာထိုင်နေဆဲ ဆိုတာကို နားလည်သွားမိတာကြောင့် အလျင်စလိုပင် ဆင်းလိုက်မိသည်။

"ငါအဆင်ပြေတယ်, အိပ်လိုက်ရင် အဆင်ပြေသွားမှာ, မင်းပြန်လို့ရပြီ" ပလုံးပထွေး စကားလုံးများက အလုအယက် ထွက်ပေါ်လာသည်။

ကျင်းယွမ်က ရိဟန်ရဲ့ တွန့်လိမ်နေသော ခန္တာကိုယ်အား တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူက ရိဟန်ရဲ့ မျက်လုံးအား တည့်တည့် စိုက်ကြည့်နိုင်သည်အထိ ရိဟန်ရဲ့ ခေါင်းကိုလှည့်လိုက်၏။ ဝမ်းနည်းမှုများက သူ့မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

(Completed) Reborn as a good childWhere stories live. Discover now