Chapter《110》

11.7K 1.6K 21
                                    

Unicode

အခန်း(၁၁၀) - အရာအားလုံး မမှန်ဘူး!

"ရှင်ဘာပြောလိုက်တာလဲ?"ထောင်ချီက အော်ဟစ်လိုက်သည်။ သူမရဲ့ မျက်လုံးများက မယုံနိုင်မှုများကြောင့် ပြူးကျယ်နေ၏။

"မင်းလူစကား နားမလည်ဘူးလား?" လီဆွန်းက စိတ်မရှည်လက်မရှည်ဖြင့် လှောင်ပြောင်သည်။

"မင်းကိုငါ ဘယ်နှစ်ခေါက်လောက် သောက်စကားကို ပြောနေရဦးမှာလဲ? မင်းပစ္စည်းတွေ သိမ်းပြီး ဒိုးလိုက်တော့လို့!"

သူမကတော့ သူမရဲ့ နားကိုပင် မယုံနိုင်ပေ။

"လီဆွန်း, ကျွန်မနဲ့ အတူတူရှိဖို့က ရှင့်ဘက်ကနေ အရင်စပြောခဲ့တာနော်, ကျွန်မရှင့်ဘေးမှာနေပြီး ရှင်နဲ့အတူတူ အိပ်နေတာ အရမ်းကြာနေခဲ့ပြီ, အခုတော့ ရှင်က ကျွန်မကို ကန်ထုတ်ပြီပေါ့လေ?"

သူမရဲ့ မျက်ခုံးများက စုကြုံ့နေသည်။ သူမက မျက်ရည်မကျအောင် ထိန်းထားရတဲ့ မျက်နှာဖြင့် ဆက်ပြော၏။

"မနေ့ညက ရှင်ကျွန်မကို ဘေဘီလေးတို့ အဖိုးတန်လေးတို့တောင် ခေါ်နေသေးတာလေ! ရုတ်တရက်ကြီး ဘာကြောင့် ပြောင်းလဲသွားရတာလဲ! အနည်းဆုံးတော့ ကျွန်မကို ဘာလို့ကန်ထုတ်ရလဲ ဆိုတဲ့အကြောင်းပြချက်လေးပေးသင့်တယ် မဟုတ်ဘူးလား?"

သူမမျက်နှာပေါ်က အကြည့်ကြောင့် သူ့နှလုံးသားက မမျှော်လင့်ပဲ မွမ်းကျပ်ကာ ပျော့ပြောင်းသွားပါသော်လည်း မုကျင်းယွမ်ရဲ့ အေးစက်စက် မှောင်မိုက်တဲ့ မျက်နာက သူ့ကိုစိုက်ကြည့်နေသည်အား ပြန်စဉ်းစားမိသောအခါ သူ့ကျောရိုးတစ်လျှောက် အေးစိမ့်သွားရသည်။ စတင်ကြီးထွားလာတဲ့ ခံစားချက်လေးက အစအနမကျန်အောင်ပင် ပျောက်ကွယ်သွားတော့လေသည်။

"သနားဖို့ကောင်းသလို လာဟန်ဆောင်မနေနဲ့" သူက ဆုံးဖြတ်ချက်ခိုင်မာတဲ့ အသံဖြင့် ဆက်ပြော၏။"အကယ်၍ မင်းငါ့ကို ဒူးထောက်တောင်းပန်မယ် ဆိုရင်တောင် ငါမင်းကို ပြန်ခေါ်မှာ မဟုတ်ဘူး, ပြီးတော့, မင်းကများ ငါ့ကိုဘာကြောင့်လဲလို့ မေးရဲသေးတယ်နော်, မင်းက ပြဿနာရှာတဲ့နေရာမှာ ပါရမီစွမ်းရည် ပါလွန်းလို့ ငါမင်းကိုဆက်မထားနိုင်တော့ဘူး, ငါမင်းကို သတိပေးနေတာ, ငါ့ကိုယ်ငါတောင် ကာကွယ်ဖို့ ခက်နေပြီကို အဲ့ဒီမီးက ငါ့ကိုမလောင်လာတာကတင် အတော်လေး ကောင်းနေပြီ, အဲ့ဒါကို မင်းကငါ့ကို မင်းကိုဆက်ထားစေချင်နေသေးတာလား?"

သူမက မျက်လုံးများမှိတ်လိုက်ပြီး သူ့မျက်နှာအား ကုတ်ဆွဲပစ်ချင်စိတ်ကို ဖိနှိပ်ထားရသည်။

"တကယ်ပဲ ဘာတွေဖြစ်လို့လဲ?"

သူမက ကြီးမားဝိုင်းစက်သည့် မျက်လုံးများမှ မျက်ရည်များကို သုတ်လိုက်ရင်း ထပ်မေးသည်။

"ဘယ်သူလဲ ဆိုတာ ရှင်းရှင်းလင်းလင်း ပြောပေးပါ, ကျွန်မက ဒီအတိုင်း မိန်းကလေးတစ်ယောက်ပါပဲ, ကျွန်မ ဘယ်သူ့ကို ဒေါသထွက်အောင် လုပ်မိခဲ့လို့လဲ?"

"ဘယ်လိုများ မင်းမေးရဲသေးတာလဲ?" သူက ဒေါသတကြီးအော်ဟစ်လေသည်။ အဖြစ်အပျက်များကို တွေးရုံနဲ့တင် ဒေါသစိတ်က သူ့သွေးကြောများကို လောင်မြိုက်စေသည်။

"မင်းက တစ်ချိန်လုံး သန့်စင်ပြီး အပြစ်ကင်းသလိုသာ လုပ်ပြနေပေမယ့် တကယ်တမ်းတော့ ရွှေတူးသမားပဲ! ကိုယ့်ကိုကိုယ် မှန်ထဲအရင်ကြည့်လိုက်ဦး, မင်းကဘယ်သူလဲ? သူကဘယ်သူလဲ? မင်းစိတ်ထဲ ပိုင်သခင်လေးဆီကနေ မျက်နှာသာ ရနိုင်မယ်များ ထင်နေတာလား? ဒီနေ့ရဲစခန်းမှာတုန်းကလည်း မင်းသူ့ကို ခိုးကြောင်ခိုးဝှက် စိုက်ကြည့်နေတယ် မဟုတ်ဘူးလား? ပိုင်သခင်လေးက Mr မုရဲ့ မျက်လုံးထဲက ပန်းသီးလေးဆိုတာနဲ့ သူ့အဖိုးတန် ပုလဲလုံးလေးဆိုတာကို ဒီမြို့မှာ ဘယ်သူက မသိလို့လဲ? Mr မု ရဲ့ နှာခေါင်းအောက်မှာတင် သူ့ကို ပရောပရည်လုပ်ဖို့ တွေးရဲတယ်ဆိုတော့! မင်းက အတော်လေး ရဲတင်းတာပဲနော်, မင်းနဲ့ငါ ကစားလွန်းလို့ မင်းက မိန်းမပျက်ပဲ ဖြစ်သွားသွား သောက်နတ်သမီးပဲ ဖြစ်သွားသွား ငါမင်းကို ဆက်မထားနိုင်တော့ဘူး! မင်းပစ္စည်းတွေကို မြန်မြန်သိမ်းသွားစမ်း! စောက်ကောင်မ! ငါ့ကိုလာရှုပ်မနေနဲ့တော့!"

သူဒီနေ့ ပိုင်သခင်လေးကို ဆန့်ကျင်ခဲ့မိတဲ့အပေါ် Mr မုက သူ့အားလွှတ်ပေးပါ့မလား ဆိုတာအား သူအစောကတည်းက စိုးရိမ်နေရတာဖြစ်သည်။ အဲ့ဒါကိုမှ ဒီမိန်းမကိစ္စက ထပ်ဖြစ်တယ်, ဒီအကြံအစည်များတဲ့ မိန်းမက ကောင်းကောင်းကို မနေဘူး! ဒါက မီးထဲဆီထပ်ထည့်တာပဲ!

ထောင်ချီက အံ့အားသင့်သွားရသည်။

"အဲ့ဒါဆို မုကျင်းယွမ်ပေါ့....." သူမက တီးတိုးရေရွတ်မိ၏။

လီဆွန်းက သူမကို ခေါ်လာတာ သိပ်မကြာသေးပေ။ သူ့အတွက် သူမက လတ်ဆတ်နေသေးသည်။ သူမက လှပတဲ့ မျက်နှာလည်း ရှိသည်လေ။ ယေဘုယျအားဖြင့်တော့ သူလိုမျိုး playboy တစ်ယောက်က ရုပ်ရည်ကိုသာ ဂရုစိုက်တာဖြစ်သည်။ သူမရဲ့ ငိုင်တွေတွေ ရုပ်လေးက သူ့နှလုံးသားအား ထိသွားစေ၏။ ဒါပေမဲ့လည်း သူမနဲ့ သူမခွဲနိုင်ဘူး ဆိုတော့ရော ဘာဖြစ်လဲ? သူကတော့ သူမကို ဆက်နေခိုင်းဖို့ မရဲပါဘူး။

"ဟုတ်တယ်" သူက သူ့နှုတ်ခမ်းအား ဘေးတစ်စောင်း ရွဲ့လိုက်ပြီး ပြန်ဖြေသည်။

"သူကိုယ်တိုင်ပြောလိုက်တာ, မင်းဂုဏ်ယူသင့်တယ် မဟုတ်ဘူးလား? သွားတော့,အခုပဲ, ငါ့အတွက် ပြဿနာ ထပ်မရှာနဲ့တော့"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?" သူမ နားမလည်နိုင်တော့

"ငါက ဇာတ်လိုက်လေ? ဘယ်လိုများ သူငါ့အပေါ် ဒီလိုလုပ်နိုင်ရတာလဲ? သူမနာလိုဖြစ်နေတာများလား?"

ထိုအမျိုးသမီးက အဓိပ္ပါယ်မဲ့ ပေါက်ကရတွေ ထပ်ပြောနေတာကြောင့် လီဆွန်းရဲ့ ဒေါသက ပိုမိုတောက်လောင်လာရသည်။ သေးငယ်တဲ့ တွန့်ဆုတ်မှုလေးနဲ့ သနားကြင်နာစိတ်လေးများပင် ဖုန်မှုန့်လိုမျိုး ပျောက်ပျယ်သွားရ၏။ သူက လက်ကိုမြှေက်လိုက်ပြီး ထောင်ချီရဲ့ မျက်နှာအား ခပ်ကြမ်းကြမ်း ဖြတ်ရိုက်ထည့်လိုက်လေသည်။

"အမှိုက်စားချင်ရင် အမှိုက်စားလို့ရပေမယ့် အမှိုက်စကားတွေတော့ ပြောလို့မရဘူး" သူက တံတွေးများ ထွက်သည်အထိ အော်ဟစ်သည်။

"Mr မုရဲ့ ကိစ္စတွေက မင်းအတင်းအဖျင်း ပြောလို့ရမယ့် တစ်စုံတစ်ရာ မဟုတ်ဘူး, အကယ်၍ မင်းဒီအကြောင်းကို အပြင်မှာ လျှောက်ပြောရဲပြီး ငါ့ဆီက ပေါက်ကရစကားတွေ သင်လာတယ်လို့ ထင်သွားစေမယ်ဆိုရင်, ငါမင်းကို အုပ်စုလိုက် မုဒိမ်းကျင့်ခိုင်းပြီး သတ်ပစ်မယ်!"

မုကျင်းယွမ်နဲ့ ပိုင်ရိဟန်တို့ကြားမှာ တစ်စုံတစ်ခု ရှိနေတယ်လို့ လူတိုင်း သံသယဝင်ကြပေမယ့်လည်း ဘယ်သူမှ ဒါကို ထုတ်ပြောဖို့ထိ မရဲရင့်ကြရုံသာ။

ဒီမိန်းမက တကယ့်ကို ဦးနှောက်မရှိတာ, အကယ်၍သူမသာ အပြင်ထွက်သွားပြီး လူတိုင်းကြားအောင် ပေါက်ကရစကားတွေ လျှောက်ပြောနေမယ်ဆိုရင် အကုန်လုံးက သူ့ဆီက သူမကြားလာတယ်လို့ပဲ ထင်ကြမှာလေ။ အဲ့ဒါဆို မုကျင်းယွမ်တင် ဒေါသထွက်မှာမဟုတ်ဘူး။ ပိုင်မိသားစုတစ်ခုတည်းကတင် သူ့ကို တစ်ချက်တည်းနဲ့ နာမည်မရှိတဲ့ သချိုင်းမှာ ဂူသွင်းပြီး သေအောင်လုပ်ပစ်လို့ရတယ်။ အကယ်၍ ဒီမိန်းမသာ ပါးစပ်မထိန်းနိုင်ဘူးဆိုရင်သူလည်း သူမကို အသက်ရှင်လျက် ကျန်းကျန်းမာမာနဲ့ လွှတ်မပေးလိုက်နိုင်ဘူး။

ထောင်ချီက လီဆွန်းကို စိုက်ကြည့်နေရင်းဖြင့် သူ့ကိုယ်ပေါ်က မှောင်မိုက်မှုများကြောင့် ထိတ်လန့်သွားရသည်။ သူပြောတဲ့စကားတွေက ဘယ်လောက်တောင် လေးနက်လဲဆိုတာ သူမနားလည်သွားရသည်။ နောက်တစ်ချက်က ဒီနေရာက ဘဝက ဘယ်လောက်တောင် လက်တွေ့ဆန်လဲ ဆိုတာပင်။ သူမရှေ့က လီဆွန်းက ဒီအတိုင်း စာအုပ်ထဲက ဖြတ်လျှောက်လေးတစ်ယောက်ပဲ မဟုတ်ဘူး။ သူက အစစ်အမှန်ပဲ, သူမကို တစ်ချက်တည်းနဲ့ ကိုက်သတ်ပစ်နိုင်တယ့် ခွေးရူးတစ်ကောင်

အမျိုးသားဇာတ်လိုက်နဲ့ သူမ၏ အကျဉ်းချုံးတွေ့ဆုံမှုအရလည်း မုကျင်းယွမ်ဆိုတာ စာအုပ်ထဲမှာ ဖော်ပြထားသလိုမျိုး အကြံအစည်များပြီး မှောင်မိုက်သော်လည်း စိတ်အားထက်သန်ပြီး ပျက်စီးလွယ်တဲ့သူမျိုး ဟုတ်မနေ။ သူက သန်မာပြီး အားကြီးသည်။ သူက အရမ်းလည်း ကြောက်မက်ဖွယ်ရာ ကောင်းသည်။ ရိုးရှင်းတဲ့ တီးတိုးစကားသံတစ်ခွန်းတည်းနဲ့ သူမဘယ်လို သေရမလဲ ဆိုတာကို အလွယ်တကူ ဆုံးဖြတ်နိုင်သူပင်။

လီဆွန်းရဲ့ အမူအယာတစ်ခုတည်းနဲ့တင် ထိုလူက သူမကို သတ်ဖို့စဉ်းစားနေပြီ ဆိုတာကို သူမ ပြောနိုင်သည်။ ဒီအသုံးမဝင်တဲ့ အနိုင်ကျင့်တဲ့ကောင်က အားကြီးသူကို မြှောက်ပင့်ပြီး အားနည်းသူကို ဖိနှိပ်ဖို့သာ သိတဲ့သူ။ သူက အမျိုးသမီးတွေကို ညှင်းပန်းနှိပ်စက်ဖို့လောက်ပဲ သိတာ။ ဒါပေမဲ့ သူမအနေနဲ့လည်း သူနဲ့ရန်သူမဖွံ့ဝံ့ဘူး

သူမရဲ့ မျက်လုံးမှ မျက်ရည်များက ပါးပြင်ပေါ်သို့ တစ်လိမ့်လိမ့် စီးကျလာပြီး ကြွေကျလာတဲ့ သစ်တော်သီးပွင့်လေးများကဲ့သို့ပင်။

"ကျွန်မမှားတာ သိပါပြီ" သူမက ရှိုက်ငိုနေရင်းဖြင့် ဆက်ပြော၏။

"Mr မုရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ ပတ်သတ်ပြီး ကျွန်မ အတင်းအဖျင်း မပြောရဲပါဘူး ပြီးတော့ ကျွန်မ တကယ့်ကို ပိုင်သခင်လေးကို ခိုးကြည့်ရတာ မဟုတ်ရပါဘူး, ကျွန်မက ရှင့်နောက်မှာ တစ်ချိန်လုံး ရှိနေတာလေ, ပိုင်သခင်လေးက စကားပြောလိုက်လို့ သူ့ကိုမော့ကြည့်လိုက်တာပါ, သူဘယ်သူလဲ ကျွန်မသိနေတာပဲ ကျွန်မသူ့ကို စိုက်မကြည့်ရဲပါဘူး, ကျွန်မ တစ်ချက်ပဲ ကြည့်လိုက်မိတာပါ, အဲ့ဒါက သေလောက်တဲ့ ရာဇဝတ်မှုလား? ကျွန်မက ဒီအတိုင်း မိန်းကလေးတစ်ယောက်ပါပဲ, ကျွန်မက ဘာမှ မဟုတ်ဘူး, တစ်စုံတစ်ယောက် စကားပြောတဲ့အချိန်မှာ လှမ်းကြည့်မိတာက သာမာန်ပဲ မဟုတ်ဘူးလား?"

လီဆွန်းက ထောင်ချီအား ခြုံကြည့်လိုက်ပြီး လှောင်ပြောင်သည်။

"အဲ့ဒါ မင်းအမှားပဲလေ, သူ့ကိုမှားယွင်းနေတဲ့ နည်းလမ်းနဲ့ ကြည့်ဖို့ မင်းကိုဘယ်သူက ပြောလို့လဲ? Mr မု ရှိနေတဲ့အချိန်မှာ ဘယ်သူမှ ပိုင်သခင်လေးကို စိုက်မကြည့်ရဲကြဘူးကွ! မင်းသရုပ်ဆောင်နေတာကို ရပ်လိုက်လို့ရပြီ, တတ်နိုင်သမျှ မြန်မြန်လေး ထွက်သွားတော့, ငါ့လက်ဆောင်တွေကိုလည်း မင်းနဲ့အတူ ယူသွားလို့ရတယ်, ဒီထက် ကြာနေရင်တော့ ငါမင်းကို မောင်းထုတ်ပစ်ရလိမ့်မယ်!"

ပိုင်ရိဟန်! ရက်အနည်းငယ်ထက်တောင် အသက်မရှည်နိုင်တော့မယ့် ကောင်ကများ သူမကို ဒီလိုလုပ်ရဲတယ်!

လီဆွန်းရဲ့ မျက်လုံးထဲက မကောင်းစိတ်တွေကို သူမ မြင်နေရသည်။ အဲ့ဒါက နေ့တစ်နေ့လို ရှင်းလင်းနေတာ။ ဘယ်လိုပဲ ဖြစ်နေပါစေ သူမဆက်ပြီး နေလို့မရတော့ဘူး ဆိုတာ သူမသိသည်။

ထောင်ချီက ထွက်ခွာဖို့ မနှောင့်နှေးရဲတော့ပေ။ သူမက အပေါ်ထပ်သို့ အမြန်အဆန် တက်လိုက်ပြီး သူမရဲ့ ပစ္စည်းများအား သိမ်းဆည်းကာ ခဏတာ စဉ်းစားပြီးနောက် လီဆွန်းရဲ့ အဖိုးတန်ကျောက် cufflinks အားခိုးယူလိုက်ပြီး အိမ်အပြင်ဘက်သို့ လျှောက်သွားလိုက်တော့၏။ တံခါးနား အရောက်မှာ သူမက ရပ်တန့်လိုက်သည်။ ရှုံးနိမ့်မှုကို ဝန်မခံချင်သေးပေ။ သူမက ကိုယ့်ကိုကိုယ် အဆင်သင့်ဖြစ်အောင် လုပ်လိုက်ပြီးနောက ်တစ်ဖက်လှည့်ပြီး လီဆွန်းအား ကြည့်လိုက်သည်။

"ဖုန်းချွင်" သူမက တိုးညှင်းစွာမေးသည်။

"ဖုန်းမိသားစုရဲ့ အကြီးဆုံးသား, သူဘာဖြစ်သွားလဲ? အဲ့ဒီလူက ပိုင်ရိဟန်ကို ဘယ်တော့ သတ်မှာလဲ? "

လီဆွန်းက သူမကို မျက်စောင်းထိုးသည်။

"မြန်မြန်ထွက်သွားစမ်းပါ" သူကပြောသည်။"ဘာလို့လာမေးနေတာလဲ ?"

"လီဆွန်း" သူမက ငိုကြွေးရင်း အော်လိုက်သည်။

"ရှင်ကျွန်မကို ယုံတာ မယုံတာ ကျွန်မ ဂရုမစိုက်ဘူး ဒါပေမဲ့ ကျွန်မရှင့်ကို တကယ်ကြိုက်တာ, ဒီနေ့ ရှင်နဲ့ ရဲစခန်းကို လိုက်ခဲ့တာလဲ ဖုန်းချွင်ကြောင့်, ရှင့်အတွက်ပဲ ကျွန်မစိတ်ပူပန်နေမိလို့ပါ"

"င့ါကိုကြိုက်တယ်?" လီဆွန်းက လှောင်သည်။

"မင်းက တကယ့်ကို မျက်တောင်တစ်ချက် မခတ်ပဲ လိမ်ညာနိုင်တာပဲ, ရဲစခန်းမှာတုန်းကမင်းနားမထောင်ခဲ့ဘူးလား? အိုး, ဟုတ်သားပဲ, အဲ့ဒါက တရားဝင်ထုတ်ပြန်မှုတော့ မလုပ်သေးပေမယ့် မင်းကိုပြောလိုက်လို့လည်း ဘာမှပြောင်းလဲမှာ မဟုတ်ပါဘူးလေ, သူတို့မကြာခင် ထုတ်ပြန်မှာပဲဟာ, ဖုန်းချွင်သေပြီ, သူဆေးရုံမှာ သေသွားတာ, စစ်ဆေးမှု မစခင်တုန်းကတည်းက သေသွားတာ, သေသွားတာတောင် သောက်ရေးမပါ ငါ့ကိုဆွဲချသွားသေးတယ်, အကယ်၍သူသာ အရူးထပြီး ပိုင်သခင်လေးကို ပြန်ပေးမဆွဲခဲ့ဘူးဆိုရင် ငါလည်းရဲစခန်းကို ဆင့်ခေါ်ခံရမှာ မဟုတ်ဘူး! ငါအခုလို Mr မုနဲ့ ရန်သူဖြစ်သွားမှာလည်း မဟုတ်ဘူး! အဲ့ဒါအကုန်ပဲ, ဆူညံနေတာ ရပ်ပြီးအခု ထွက်သွားလိုက်တော့!"

ထောင်ချီမှာ လီဆွန်းရဲ့အိမ်တော်ထဲကနေ ဆွဲထုတ်ခံလိုက်ရသည်။ သူမက သူမစိတ်ထဲကို ဖုန်းလွှမ်းနေသည့် ထူထဲလှသော အခိုးအငွေ့များကိုပင် ခံစားလို့ရနေလေသည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ပိုင်ရိဟန်က ကောင်းကောင်းကြီး အသက်ရှင်နေတုန်းလေ, ဘယ်လိုဖြစ်လို့ ဖုန်းချွင်က သေသွားရတာလဲ? တကယ်ပဲ ဘယ်နေရာက မှားသွားတာလဲ? အရာအားလုံးက မမှန်ဘူး! မူလဇာတ်လိုက်မတုန်းကတောင် အဲ့ဒီငတုံးမက လီဆွန်းဘေးမှာ နောက်နှစ်နှစ် ထပ်နေခဲ့ရသေးတယ်, သူတို့လမ်းခွဲတဲ့အချိန်မှာလည်း သူက သူမကို လမ်းခွဲကြေး ပေးခဲ့သေးတာ!

အခု သူမလိုမျိုး ချစ်ခင်စရာကောင်းတဲ့ social butterfly အလှည့်ကျမှ သူ့ဘေးမှာနေရတာ လအနည်းငယ်တောင် မရှိသေးဘူး!(T/N - social butterfly - အလွန်ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းသူ)

အိုး, မဟုတ်သေးဘူး, ငါက လုံလောက်အောင် ဆွဲဆောင်မှု မရှိတာ မဟုတ်ဘူး, အဲ့ဒီ horn dog က ငါ့ခန္တာကိုယ်ကို သဘောကျနေတာ သိသာတာပဲဟာ, ငါ့ကိုမောင်းထုတ်တာက မုကျင်းယွမ်ရဲ့ အမိန့်ကြောင့်ပဲ ဖြစ်မယ်, သူက သူ့လက်ဆောင်တွေကိုတောင် ငါ့ကိုယူသွားခွင့် ပေးလိုက်တာပဲလေ, အဲ့ဒီလက်ဆောင် အများစုက အရမ်းကို အဖိုးတန်တဲ့ အရာတွေကြီးပဲ, အဲ့ဒီတော့ ဒီလူက ငါ့ကိုကြိုက်နေသေးတယ်ဆိုတာ အရှင်းကြီး

(T/N - horn dog - လိင်စိတ်ဆန္ဒ ပြင်းပြတဲ့ယောကျာ်း)

ကူးပြောင်းလာခြင်းက သူမအတွက် တောက်ပဖို့ အခွင့်အရေးဟု ထင်ခဲ့သည်။ ဘာလို့ အရာအားလုံးက သူမထင်ထားတာနဲ့ ကွဲပြားနေရတာလဲ?

'counterattacks' လည်းမရှိဘူး၊ face-slapping လည်းမရှိဘူး....သူမ ရသမျှက စိတ်ရှုပ်ဖို့ကောင်းတဲ့ ကျောင်းစာတွေ! နဲ့ sugar baby ဖြစ်သွားရတာပဲ!

အမျိုးသမီးဇာတ်လိုက်ရဲ့ အကြောင်းအရာတွေနဲ့ မှတ်ဉာဏ်တွေကို သူမရရှိတုန်းက သူမရဲ့ ဦးနှောက်ကိုတော့ မရခဲ့ဘူးလေ။ ဝတ္တုထဲမှာ အဓိကဇာတ်ဆောင်က ကြယ်ပွင့်ကျောင်းသူပဲ, သူမက တက္ကသိုလ်တစ်ခုလုံးမှာလည်း ထိပ်တန်းကျောင်းသူတစ်ယောက် ဖြစ်နေသေးတယ်... မုအုပ်စုကို ဝင်ပြီးနောက်ပိုင်းမှာလည်း သူမက ထူးချွန်တဲ့ အလုပ်သမား ဖြစ်ခဲ့တာ...

သူမကိုယ်တိုင်ဖြစ်တဲ့ ထောင်ချီကတော့ နာမည်မကြီးတဲ့ တက္ကသိုလ်တစ်ခုကို ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းစာမှာလည်း ဘယ်တော့မှ အာရုံမစိုက်ခဲ့ဘူး.... ဆိုလိုတာကတော့ သူမရဲ့ ရမှတ်တွေက ပျမ်းမျှအောက်ထက် လျော့နည်းတယ် ဆိုတာပဲ

နောက်ပိုင်း သူမ ကူးပြောင်းလာပြီးနောက်မှာ သူမရဲ့ အဆင့်တွေအားလုံးက အောက်ခြေကို ထိသွားတယ်လေ, အဲဒါက လူတိုင်းကို မေးရိုးတွေ အောက်ကျစေခဲ့တဲ့အထိပဲ.... တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီအချိန်မှာမှ သူမရဲ့ မိသားစုကိစ္စတွေ စတင်ပေါ်ပေါက်လာတာကြောင့် လူတိုင်းက သူမကို အရမ်းစိတ်ဖိစီးမှု များနေတာကြောင့်လိုပဲ တွေးကြတော့တယ်

ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ တစ်စုံတစ်ယောက်ကတော့ သံသယဝင်ဖို့ကောင်းတာကို ရှာတွေ့မှာပဲ....လီဆွန်းသူမကို နှင်ထုတ်လိုက်တဲ့အချိန်မှာ အဲ့ဒီကိစ္စအတွက်တောင် သင့်တော်တဲ့အစီအစဉ် မစဉ်းစားနိုင်သေးဘူး!

သူမ အိမ်ပြန်လို့လည်း မရဘူး, ပြန်လိုက်တာနဲ့ သူမရဲ့ သွေးစုပ်မိသားစုက သူမဆီမှာ ရှိသမျှ ပိုက်ဆံတွေအကုန်လုံး ယူသွားကြလိမ့်မယ်!

နောက်ဆုံးတော့ ဒီအချိန်ခဏလေးမှာ သူမရဲ့ မိဘအရင်းတွေကို စဉ်းစားမိသည်။ သူမ နားမလည်နိုင်ဘူး.... မိဘတိုင်းက သူတို့လိုပဲ ဖြစ်သင့်တာ မဟုတ်ဘူးလား?

သူမ လိုချင်သမျှ အရာအားလုံးကို သူတို့ 'အင်း' လို့ပြောကြတယ်, သူတို့ရသမျှထဲက အကောင်းဆုံး ဆိုတာကိုပဲ သူမကိုပေးတယ်, သူတို့ရှာတဲ့ ငွေကိုလည်း ရှင်သန်မှုအတွက် လိုအပ်တဲ့ အရာအားလုံးအတွက် အကုန်လုံး သူမကိုပဲ ပေးတယ်

ဘာလို့ အမျိုးသမီးဇာတ်လိုက်ရဲ့ မိဘတွေကတော့ သူမဆီက ပိုက်ဆံပြန်တောင်းရတာလဲ? ပြီးတော့ အဲ့ဒီ ဆိုးသွမ်းဈေးပေါတဲ့ မောင်လေးရှိသေးတယ်! ဘာလို့သူက ဒီအတိုင်း မသေသွားရတာလဲ?

ဒီအကြောင်းကို ပိုပြီးတွေးမိလေလေ ဒေါသပိုထွက်လေလေပဲ, သူမက နောက်ထပ် နှစ်နှစ်နီးပါး ကျောင်းဆက်တက်ဖို့ လိုအပ်နေပြီး သူမရဲ့ ရလဒ်တွေကလည်း မုအုပ်စုကို ဝင်ဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူး, အကယ်၍ သူမက ဇာတ်ဝင်ခန်း ချပ်ဝတ်တန်ဆာကြောင့် အမှန်တကယ် ဝင်လာခဲ့ရတာဆိုရင် စကြာဝဠာက သူမကို ရိုးရိုးသားသား ဝန်ထမ်းတစ်ဦးဖြစ်စေပြီး သာမာန်စာရေးတစ်ယောက်အဖြစ် နှစ်နှစ်ကြာ အလုပ်လုပ်စေချင်နေတာလား?

ဒီလိုမျိုး ဇာတ်ကြောင်း သွားနေပုံအရဆိုရင် အဲဒီနှစ်နှစ်ကို ကျော်ဖြတ်ခဲ့မယ်ဆိုရင်တောင် သူမ တကယ်ပဲ ဇာတ်လမ်းရဲ့ အစပုံစံနဲ့ ရင်ဆိုင်ရပါ့မလား?

တက္ကသိုလ် အဆောင်ကို သူမ ပြန်မရောက်ခဲ့တာ အတော်လေး ကြာခဲ့ပြီ, လွန်ခဲ့တဲ့ လအနည်းငယ်တည်းက အိမ်တော်မှာ နေရတာကို ကျင့်သားရနေခဲ့ပြီလေ။

အကောင်းဆုံး ဖော်ပြလို့မှ ရိုးရှင်းတယ်ဆိုတဲ့ စကားတစ်ခွန်းသာရှိတဲ့ အဆောင်ခန်းကိုပြန်ဖို့ စဉ်းစားရုံနဲ့တင် သူမရဲ့ နှလုံးသားက ငြင်းဆန်မှုနဲ့ အော်ငိုနေမိတာပင်။

အားးးးး! ပိုင်ရိဟန်, နင်ဘာလို့ မသေတာလဲ? ဘာလို့ ငါ့အတွက် ခက်ခဲမှုတွေ ဖြစ်စေရတာလဲ?

ဖုန်းချွင်က သေပြီဆိုတော့ ပိုင်ရိဟန်ကို ဘယ်သူက သတ်မှာလဲ? အကယ်၍ သူမသေဘူးဆိုရင် သူမကရော ဘယ်လိုလုပ် အမျိုးသမီး ဇာတ်လိုက်ဖြစ်လာနိုင်မှာလဲ?

မဖြစ်ရဘူး, အကယ်၍ ဖုန်းချွင် မလုပ်ဘူးဆိုရင် တစ်စုံတစ်ယောက်ကို သူမ လုပ်ခိုင်းမယ်, ဘယ်လိုပဲဖြစ်ဖြစ် ပိုင်ရိဟန်က သေကိုသေရမှာ! ရက်စက်တဲ့အတွက် ငါ့ကိုအပြစ်မတင်ပါနဲ့ ပိုင်ရိဟန်! အဲ့ဒါအကုန်လုံး နင်က ငါ့ရဲ့ တိုးတက်ရာ လမ်းကြောင်းကို ပိတ်ဆို့တဲ့အတွက်ပဲ!

ဒါပေမဲ့, သူမရဲ့ လက်ရှိပုံစံနဲ့ ပိုင်ရိဟန်ကို ဘယ်လိုလုပ် သတ်လို့ရမှာလဲ?

သူမက လမ်းလျှောက်ရင်းဖြင့် ဇာတ်ကြောင်းကို စဉ်းစားနေသည်။

ဟုတ်တယ်! ချန်မိသားစု! ဇာတ်လမ်းထဲမှာ ချန်မိသားစုက ပိုင်မိသားစုကို ဖြုတ်ချဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်, အကြောင်းပြချက်က.......ချန်ထျန်းယောင်ရဲ့ သေဆုံးမှုပဲ! အဲ့ဒီလူပဲ!

ပိုင်ရိဟန်သာ ပိုင်မိသားစုရဲ့ ကာကွယ်မှု ဆုံးရှုံးသွားတာနဲ့ သူ့ကိုသတ်ဖို့ လွယ်ကူသွားပြီ။ မူလဇာတ်ကြောင်းထဲမှာလည်း အဲ့ဒီလိုဖြစ်သွားခဲ့တာပဲ, အကယ်၍သာ သူ့ကို သူမ သတ်ချင်တယ်ဆိုရင် သူ့ရဲ့ အကာအကွယ်တွေကို အရင်ဆုံး ဖြိုချမှဖြစ်မယ်, အဲ့ဒါမှသာ သူ့လည်ပင်းကို ဓားစက်အောက် ထည့်လို့ရမှာ!

ဇာတ်ကြောင်းက လမ်းကြောင်းချော်နေပြီး သူမလည်း လီဆွန်းဆီကနေ စောစောစီးစီး မောင်းထုတ်ခံလိုက်ရပြီ, အဲ့ဒီလိုဆိုမှတော့ ဘာဖြစ်လို့များ အရာအားလုံးကိုပါ စောစော မဖြစ်စေရမှာလဲ? ချန်ထျန်းယောင်, ပိုင်ရိဟန်, နင်တို့တွေ သေခြင်းတရားကို ကြိုဆိုဖို့ အဆင်သင့်ဖြစ်ပြီလား?

***

ပိုင်မိသားစုအိမ်ကို ယန်ဖေးရောက်တဲ့အချိန်မှာ ရိဟန်က ဧည့်ခန်းဆိုဖာပေါ်တွင် တစ်ယောက်တည်းထိုင်ပြီး video game ဆော့နေသည်။ ယန်ဖေးက သူမရဲ့ ဖိနပ်ကို ချွတ်လိုက်ပြီး ဧည့်သည်တွေအတွက် ထားပေးထားတဲ့ slippers ကို လဲလှယ်လိုက်ကာ သူမအတွက် တံခါးလာဖွင့်ပေးသည့် အန်တီယန်းကို ယဉ်ယဉ်ကျေးကျေး ပြုံးပြလိုက်သည်။

"ကျေးဇူးတင်ပါတယ်, အန်တီ"

"ကျေးဇူးတင်စရာ မလိုပါဘူးကွယ်" အန်တီယန်းက သူမလက်ကို ဝှေ့ယမ်း၍ ပြန်ဖြေလိုက်ပြီးနောက် သူမမျက်နှာပေါ်မှာ တောက်ပတဲ့ အပြုံးတစ်ပွင့်နဲ့အတူ မီးဖိုချောင်ထဲ ပြန်ဝင်သွားတော့သည်။

"ရောက်ပြီလား," ရိဟန်က ခပ်မတ်မတ် ထိုင်ပြီးပြောလိုက်သည်။"မြန်သားပဲ"

ယန်ဖေးက ရိဟန်ဘေးမှာ ဝင်ထိုင်သည်။

"နောက်ဆုံးတော့ နင်တစ်ယောက်တည်း အိမ်မှာရှိနေတဲ့အချိန်ကို ဖမ်းမိတာလေ" သူမက တစ်ခစ်ခစ်ရယ်ရင်း စကားဆက်သည်။

"သေချာပေါက် မြန်မြန်လေး ပြေးလာရမှာပေါ့, မဟုတ်ရင် နင့်ကို Mr မုက ထပ်ခေါ်သွားလိမ့်မယ်"

သူတို့နှစ်ယောက်ရဲ့ သိကျွမ်းမှုတွင် အနေခက်မှု အနည်းငယ်ပင် ရှိမနေပေ။

"ဟန်? နင့်အမေလည်း အိမ်မှာ မရှိဘူးလား?"

(Completed) Reborn as a good childWhere stories live. Discover now