Chapter《165》

6K 1K 12
                                    

Unicode

အခန်း(၁၆၅) - သူတို့ကို ငါတို့ဘက် သိမ်းသွင်းရမယ်

ရိဟန်က ဆိုဖာရှေ့ စားပွဲပေါ်က လိမ္မော်သီးတစ်လုံးကို ဒေါသတကြီး ဆွဲယူလိုက်သည်။

"အမှန်ပဲ, ယန်မိသားစုက ယန်မြောင်ရဲ့ စကားတစ်ခွန်းလောက်နဲ့ လှည့်စားခံရလိမ့်မယ်လို့ မယုံဘူး! သူမက အာဏာရှိတယ်ဆိုတိုင်း တစ်ခြားသူတွေကို ဒီလို ဒေါသတကြီး အနိုင်ကျင့်လို့ ရမယ်လို့ ထင်နေတာလား? ငါ့ရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ နန့်ရှန်မှာလည်း အားကောင်းတဲ့ နောက်ခံရှိတာပဲ! သူတို့တွေ မကျေမနပ် ပြောချိန်လေးတောင် မရအောင်လို့ စဉ်းစားပြီး လုပ်ကြရအောင်!"

ကျင်းယွမ်က ရိဟန်ရဲ့ လက်ထဲက လိမ္မော်သီးကို လှမ်းယူပြီး အခွံနွှာပေးသည်။

"စိတ်မပူနဲ့, ကိုယ်တို့တွေ သူတို့ကို သင်ခန်းစာ ပေးကြတာပေါ့"

ရိဟန်က သူ့ကိုကမ်းပေးလာတဲ့ လိမ္မော်သီးစိတ်လေးအား လက်ခံပြီး တစ်မြုံ့မြုံ့ဝါးလိုက်သည်။ ရုတ်တရက် သူက သိချင်စိတ် ဖြစ်သွားမိ၏။

"ပြောကြည့်, ငါတို့ ယန်မြောင်အပေါ် အရမ်းကြီး မပြင်းထန်သင့်ဘူးလားလို့? တကယ်တော့ သူမလည်း လှည့်စားခံရတာပဲလေ"

ကျင်းယွမ်က နောက်တစ်စိတ်ကမ်းပေးလိုက်ပြီး ပြုံးကာဖြေသည်။

"သူမလည်း လိမ်ညာခံရတာ ဖြစ်ရင်ဖြစ်မယ် ဒါပေမဲ့ မင်းပြောပြချက် အရဆိုရင် ကိစ္စတွေကို ဖြေရှင်းတဲ့ သူမရဲ့ နည်းလမ်းက အရမ်းလွန်ကျူးလွန်းတယ်, အမှန်အမှားကို ဂရုမစိုက်ဘဲ ရက်စက်လွန်းတယ်လို့ ခံစားရတယ်, သူမက နန့်ရှန်အပေါ် အပြစ်တွေအားလုံး ပုံချပစ်လိုက်တာ, သူမရဲ့ ယောကျာ်း လုပ်ခဲ့သမျှ နောက်ဆက်တွဲ အကျိုးဆက်တွေအားလုံးကို သူ့ဆီပဲ အကုန်ပုံချပစ်ခဲ့တယ်, သူမက နန့်ရှန်ရဲ့ ဂုဏ်သတင်းကို ဖြည်းဖြည်းချင်းဆီ တစ်လှမ်းပြီးတစ်လှမ်း ဖျတ်ဆီးပစ်ခဲ့တာကို မင်းမြင်မှာပါ, နောက်ဆုံးကွာ နန့်ရှန်ဒီလိုမျိုး ခုန်ချပြီး သတ်သေတဲ့အထိတောင် နောက်ဆုံးဖိအားကို သွားပေးလိုက်သေးတယ်, သူတို့နှစ်ယောက်ကြားမှာ အရမ်းအရမ်းကို ပြင်းထန်ပါတယ်ဆိုတဲ့ အာဃာတ တရားတွေ ရှိခဲ့တယ် ဆိုရင်တောင် သေပြီးသွားပြီဆိုရင် အားလုံးပြီးဆုံးသွားပြီလေ, ဒါပေမဲ့ သူမက အောင့်မေ့ဖွယ် အခမ်းအနားထိပါ ဖျတ်ဆီးပစ်ခဲ့တယ်, လူတစ်ယောက်အနေနဲ့ သူမက ဘယ်လောက်တောင် အဆိပ်ပြင်းလဲ သိသာနေတာပဲ"

(Completed) Reborn as a good childWhere stories live. Discover now