Chapter《164》

6.1K 1K 23
                                    

Unicode

အခန်း(၁၆၄) - အဲ့ဒီတော့သူပေါ့

ရိဟန်က ကျင်းယွမ်သူ့ကိုပေးတဲ့ သဲလွန်စအတိုင်း စဉ်းစားလိုက်သည်။ သူ့နှာဖူးကတော့ တွန့်ချိုးနေဆဲပင်။ သူက မေးလာ၏။

"အဲ့ဒါ ဟဲယွမ်လား?"

"အမှန်ပဲ, ဉာဏ်ကောင်းလိုက်တာ" ကျင်းယွမ်က ချီးမွမ်းသည်။

"မင်းကငါ့ကို အဖြေဆီ တည့်တည့်လမ်းညွှန်ပေးနေတဲ့ဟာ" ရိဟန်က နှာမှုတ်၏။

"ငါမခန့်မှန်းနိုင်ပဲ နေပါ့မလား? သူ့ဇနီးက ယန်ဖေးရဲ့ အကြီးအကဲ, ယန်ဖေးကို နှိမ်နှင်းနိုင်တဲ့ တစ်ဦးတည်းသော ဆွေမျိုးတွေက နီးစပ်တဲ့ မိသားစုထဲမှာပဲ ရှိလိမ့်မယ်။ အဲဒီ့အသက်အရွယ်နဲ့ ပေါင်းလိုက်ရင် သူ့အဒေါ် ယန်မြောင်ပဲ ဖြစ်နိုင်တယ်!........တကယ်ကြီးသူလား?""

ရိဟန်က ဒေါသတကြီးဖြင့် ခြေဆောင့်လေသည်။

"ဒီဓာတ်ပုံတွေကြောင့်သာ မဟုတ်ဘူးဆိုရင် ယုံတောင် ယုံနိုင်မှာ မဟုတ်ဘူး! သူက အမြဲတမ်း စံပြခင်ပွန်း ဖြစ်ခဲ့တာလေ, ယန်ဖေးရဲ့ အဒေါ်ကိုလည်း အရမ်းကောင်းပြီး သူ့မိန်းမက ကြယ်တွေတောင်းရင် ဘယ်တော့မှ လကို လှည့်မကြည့်မယ့်သူမျိုး, သူတို့က အခုဆို ကလေးတောင် နှစ်ယောက်ရှိနေပြီး အကြီးဆုံးသားလေးက ဆယ်နှစ်တောင် ရှိနေပြီဟာကို, အဲ့ဒီတော့ သူက gay ပေါ့လေ! သူက နန့်ရှန်ကိုတောင် လျှို့ဝှက်ချစ်သူအဖြစ် လှည့်စားထားခဲ့သေးတယ်! အဲ့ဒီလူက ဒိလောက် အထပ်ထပ် ဖုံးထားတာ အံ့သြစရာ မဟုတ်တော့ဘူး, အကယ်၍ ယန်မြောင်သာသိရင် အဲ့ဒီလူကို ခေါင်းဖြတ်ပစ်လိုက်လိမ့်မယ်! ဘယ်လိုလုပ် ဒီလောက် အရှက်ကင်းမဲ့နိုင်ရတာလဲ?အဲဒီလူက နတ်ဘုရားဖြစ်ဖို့ ရည်မှန်းထားတာ ဖြစ်လိမ့်မယ်!"

"သူတို့နှစ်ယောက်က အဲ့ဒီအရှုပ်တော်ပုံကြီးကို ကောင်းကောင်းကာကွယ်နိုင်ခဲ့တာ အံ့သြစရာ မဟုတ်တော့ဘူး! မြို့ထဲမှာ လေပွေတစ်ခု ဖြတ်သွားပေမယ့် သူတို့ကတော့ လုံးဝကို ထိခိုက်မှု မရှိလိုက်ဘူး! စံပြဇနီးမောင်နှံအဖြစ်တောင် ဆက်တည်ရှိနေခဲ့သေးတယ်, ယန်မြောင်က နန့်ရှန်ရဲ့အိမ်ကို လူတွေအများကြီးနဲ့ ဝင်သွားခဲ့တာတောင် သူမအကြောင်းကို လုံးဝ မဖော်ထုတ်နိုင်ခဲ့ဘူး, ယန်မိသားစုက အရာအားလုံး ဖုံးကွယ်ထားတာ ဖြစ်ရမယ်! ယန်မြောင်က လူကြီးမင်းယန်ရဲ့ အငယ်ဆုံးသမီးဖြစ်တဲ့အပြင် သူအသက်ကြီးမှ မွေးထားတာ, သူမက ယန်မိသားစုရဲ့ မျက်လုံးထဲက ပန်းသီးလေးပဲ! ဖေးဖေး မလှုပ်နိုင်ခဲ့တာ အံ့သြစရာ မဟုတ်တော့ဘူး! ဒါက သူမရဲ့ အဒေါ်ဖြစ်နေတာကိုး, သူဘာများ လုပ်နိုင်ခဲ့မှာလဲ? နန့်ရှန်သတ်သေသွားတာကို ကြားခဲ့တုန်းက အရမ်းဒေါသထွက်ခဲ့မှာပဲ!"

(Completed) Reborn as a good childWhere stories live. Discover now