Chapter《193》

5.5K 1K 11
                                    

Unicode

အခန်း(၁၉၃) - ယန်မြောင်ရောက်လာပြီ

ကျင်းယွမ်က ရိဟန်ရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပြီး ချီမင်းယောင်အား ပြောလိုက်သည်။

"ကျွန်တော်တို့ကို စောင့်နေတဲ့သူရှိလို့ပါ ခွင့်ပြုပါဦး Mr ချီ"

"ကျေးဇူးပြုလို့ Mr မု, ပိုင်သခင်လေး" ချီမင်းယောင်က ပြန်ပြောသည်။

ခန်းမထဲ ပြန်ရောက်သွားသောအခါ ကျင်းယွမ်က ဘူဖေးစင်ပေါ်က သစ်သီးပန်းကန်တစ်ချပ်ကို ယူလိုက်ပြီး ထောင့်တစ်နေရာက ဆိုဖာလေးဆီသို့  ရိဟန်အားခေါ်သွားလေသည်။

"ချီမင်းယောင်က မင်းနဲ့ တိုက်ဆိုင်လို့ တွေ့တာလား တမင်သက်သက် လုပ်တာလား?" ကျင်းယွမ်က သခွားမွှေးသီးတစ်စိတ်အား ရိဟန်ကို လှမ်းကျွေးရင်း မေးလာသည်။

ရိဟန်က ကျွေးတဲ့ အသီးစိတ်အား အရင်ဆုံး တစ်မြုံ့မြုံ့ ဝါးလိုက်ကာ မျိုချပြီးမှ ပြန်ဖြေသည်။

"သူက ငါ့ကိုလာရှာတာ။ သူပြောတာတော့ ငါနဲ့ သူငယ်ချင်း ဖြစ်ချင်တယ်တဲ့"

"သူက မင်းနဲ့ပတ်သက်တဲ့ တစ်ခုခုကို ကြံစည်နေတာပဲ" ကျင်းယွမ်က အံကိုကြိတ်ရင်း ပြော၏

ရိဟန်မှာ ပါးစပ်ထဲက အသီးတွေကို ထွေးထုတ်မိလုနီးပါးပင်။

"မင်းကတော့ တကယ်ပဲ" ရိဟန်က ရယ်မောရင်းဖြင့် ကျင်းယွမ်ရဲ့ ပုခုံးကို တစ်ဖြတ်ဖြတ် ပုတ်လေသည်။

"ငါက ကိတ်သားနဲ့ လုပ်ထားတယ်များ ထင်နေတာလား? ပေါက်ကရတွေ တွေးနေတာ ရပ်လိုက်တော့။ မင်းက ငါ့ကို ရှက်သွေးဖြာအောင် လုပ်နေတာပဲ"

"ကိုယ့်ရဲ့ အလိုလို သိစိတ်က ဘယ်တုန်းကမှ မမှားဖူးဘူး" ကျင်းယွမ်သည် ရိဟန်က လုံးဝစိတ်မပူမှန်းသိသောအခါ ဒေါသတကြီး ပြောလာသည်။ သူတို့က ကိုယ့်ကို အန္တရာယ်တွေကနေ ရှောင်ရှားနိုင်ဖို့ မရေမတွက်နိုင်အောင်ကူညီပေးခဲ့တာ၊ ချီမင်းယောင်က တစ်ခုခုကို ကြံစည်နေတာ သေချာတယ်။ သူ မင်းအနားကို အကြောင်းပြချက်မရှိဘဲ ချဉ်းကပ်နေတာ"

ရိဟန်က ကျင်းယွမ် စိတ်တိုသွားတာကို မြင်တော့သူ့ချစ်သူကို စတင်ချော့မော့ရလေသည်။

(Completed) Reborn as a good childWhere stories live. Discover now