Chapter《220》

5.9K 902 27
                                    

Unicode

အခန်း(၂၂၀) - မဖြစ်နိုင်ဘူး

"ဖြောင့်မတ်တဲ့လူက လျှို့ဝှက်တဲ့ အဓိပ္ပါယ်နဲ့ မပြောဘူးတဲ့" ပိုင်ရိဟန်က ပြန်ပြောသည်။

"ချီမင်းယောင်, မနှစ်တုန်းက ငါပြန်ပေးဆွဲခံရပြီး လည်ပင်းညှစ်သတ်ခံရလုနီးပါး ဖြစ်ခဲ့တယ်။ မင်းက နောက်ကွယ်က လူ ဟုတ်တယ်မှတ်လား? အခုကျတော့ ငါနဲ့ သူငယ်ချင်း ဖြစ်ချင်ပါတယ်လို့ ပြောလာပြန်ရော။ အဲဒါက ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား?"

ချီမင်းယောင်က ရိဟန်ရဲ့ခေါင်းထက်က နံရံကို လက်နဲ့တင်ရင်း အလေးအနက် ရှင်းပြလာသည်။

"ရိဟန်, ကိုယ်မင်းကို ဖြစ်ပျက်ခဲ့တာတွေ ရှင်းပြမယ်။ ဟုတ်ပါတယ် အဲ့ဒီတုန်းက ပြန်ပေးဆွဲမှုရဲ့ နောက်ကွယ်မှာ ရှိခဲ့တာ ကိုယ်ပါ။ ဒါပေမဲ့ ကိုယ့်ရန်ငြှိုးက ပိုင်မိသားစုအပေါ်မှာပဲ ရှိနေတာ။ အဲ့ဒီတုန်းက မင်းကို မသိခဲ့ဘူးလေ။ ပိုင်မိသားစုကို ပရမ်းပတာ ဖြစ်အောင် လုပ်ဖို့အတွက် ယုတ်မာတဲ့ လှည့်ကွက်တချို့ကို အသုံးချနိုင်မယ်လို့ပဲ တွေးခဲ့တာ။ အကယ်၍ ကိုယ်သာ မင်းကို စောစော သတိထားမိပြီး မင်းနဲ့ စောစော နီးစပ်နိုင်ခဲ့မယ်ဆိုရင် မင်းရဲ့ ဆံချည်တစ်မျှင်ကိုတောင် ထိခိုက်အောင် မလုပ်ပါဘူးကွာ။ အမှန်အတိုင်း ပြောရရင် အဲ့ဒီတုန်းက အဖြစ်အပျက်ကို ပြန်စဉ်းစားမိတိုင်း ကြောက်ရွံ့သလို ခံစားရတယ်။ အမှန်တော့ မုကျင်းယွမ်က မင်းကို အချိန်မှီကယ်တင်နိုင်လောက်တဲ့အထိ အရည်အချင်း ရှိနေလို့ ကျေးဇူးလည်းတင်မိတယ်"

"သူက ငါ့လူ" ရိဟန်က လှောင်ပြောင်၏။

"သူငါ့ကို ကယ်တယ်ဆိုတာ သဘာဝကိစ္စပဲ။ မင်းရဲ့ ကျေးဇူးတင်မှုကို မလိုအပ်ဘူး"

"ရိဟန်" ချီမင်းယောင်က အနားကို တိုးကပ်လာသည်။

"ကိုယ့်ကို အဲ့ဒီအတွက် အပြစ်တင်နေတယ် ဆိုတာသိပါတယ် ဒါပေမဲ့ ကိုယ်လည်း ရွေးချယ်စရာ မရှိလို့ပါ။ ကိုယ်နဲ့ ပိုင်မိသားစုကြားထဲမှာ ကြီးမားတဲ့ ရန်ကြွေးတစ်ခု ရှိနေတယ်။ ကိုယ်လက်စားချေမှဖြစ်မှာ"

"ငါနဲ့ဝေးဝေးနေ!" ရိဟန်က သူ့ခေါင်းကို ဘေးဖက်ယမ်းဖယ်လိုက်ပြီး ပြောလိုက်သည်။

(Completed) Reborn as a good childWhere stories live. Discover now