Chapter《1》

28.2K 3K 60
                                    

Unicode

အခန်း(၁)
သေဆုံးခြင်းနှင့်ပြန်လည်မွေးဖွားခြင်း

မနက်အစောပိုင်း...

အခန်းကတိတ်ဆိတ်ငြိမ်သက်နေသည်။

အိပ်ယာထဲမှလူက အိပ်ပျော်နေဆဲဖြစ်၏။ နေရောင်ခြည်က ပြတင်းပေါက်၏ ပွင့်ဟနေသည့် နေရာမှတစ်ဆင့် ထွန်းလင်းတောက်ပနေပြီး အိပ်ပျော်နေသည့် လူငယ်လေး၏ မျက်နှာပေါ်သို့ ဖြာကျနေကာ သူ့ပတ်ပတ်လည်ကို ရွှေရောင် အရောင်အဝါတစ်ခုဖြင့် ဆေးခြယ်ထားသလိုပင်။ ထိုအချင်းအရာကြောင့် သူ့ရဲ့ပုံစံက ကောင်းကင်တမန်တော် တစ်ပါးလိုမျိုး ပို၍တောက်ပနေသည်။

သူ့နှဖူးက ထူလည်းမထူ ပါးလည်းမပါးပဲ သူ့ရဲ့ယဉ်ကျေးသိမ်မွေ့စွာ ချောမောလွန်းသည့် အရှိန်အဝါကိုမထိခိုက်စေတဲ့ နူးညံ့သော ပုံသဏ္ဍာန်ရှိသည်။ အေးဆေးစွာ အိပ်ပျော်နေသောကြောင့် ပိတ်ထားသည့်သူ့ရဲ့ မျက်လုံးထောင့် အပြင်ဘက်က အနည်းငယ် စောင်းစောင်းလေး ဖြစ်နေသေး၏။ ရှည်လျားသည့် မျက်တောင်များကလည်း သူ့မျက်လုံးအောက်သို့အနည်းငယ် အရိပ်ကျနေပြန်သည်။

အောက်ဘက်မှာတော့ ဖြောင့်စင်းသော နှာတံလေးနှင့် နှင်းဆီရောင် နှုတ်ခမ်းတစ်စုံ ရှိနေသည်။ ထိုနှုတ်ခမ်းတစ်စုံက အနည်းငယ် ပွင့်ဟနေတာကြောင့် အတွင်းမှပန်းရောင် လျှာသေးသေးလေးကိုပင် မြင်နေရလေသည်။

သူ့ရဲ့ အသားအရည်ကလည်း အလွန်ဖြူဖွေးနေပြီး နေမကောင်းလို့ ဖြူတဲ့ဖြူဖျော့ဖျော့ အရောင်မဟုတ်ပဲ လှပသည့် ပုလဲဖြူရောင် အဆင်းဖြစ်သည်။ နူးညံ့သိမ်မွေ့သည့် ပါးပြင်လေးကလည်း နေရောင်အောက်မှာ တောက်ပနေပြီ းပါးလွှာသည့် မွှေးညှင်းနုလေးများကိုပင် မြင်နေရသည်။

အကုန်လုံးပေါင်းလိုက်ရင်တော့ လူငယ်လေး၏ အသွင်က လက်တွေ့မဆန်လောက်အောင် လှပသောကြောင့် အတော်လေးကို တရုတ်အရုပ်ကလေးနှင့် တူနေသည်။ အကယ်၍သာ တစ်စုံတစ်ယောက်က အခုချိန်မှာ ဒီအခန်းထဲကို ဝင်လာမိရင် သူတို့က မင်းသားလေးတစ်ပါး အိပ်ပျော်နေသည့် စိတ်ကူးယဉ်နေရာသို့ေ ရာက်လာသည်ဟုပင် ထင်မိလိမ့်မည်။

(Completed) Reborn as a good childWhere stories live. Discover now