Chapter《202》

5.2K 1K 59
                                    

Unicode

အခန်း(၂၀၂) - ခွေးစာကျွေးရသလိုပဲ

"ဖေဖေ့ စကားကြီးက အပြင်လူတွေဘက် ပါနေသလိုပဲ" ယန်မြောင်က မှောင်မိုက်စွာ ပြောလာသည်။

"သမီးက ထုတ်ပြောလို့ မဖြစ်တဲ့ စကားတစ်ခွန်းကိုပဲ ပြောလိုက်မိတာလေးနဲ့ သမီးလို တစ်ကိုယ်တည်း အမျိုးသမီး တစ်ယောက်ကို ဆက်တိုက် လိုက်တော့တာပဲ။ သမီးက ဘယ်လိုများ မှားနေလို့လဲ? ဖေဖေ့ သမီးက ခံစားရတဲ့သူပါ။ ဖေဖေက ဘယ်လိုလုပ် ကိုယ့်မိသားစုကိုယ် မကူညီပဲ အပြင်လူကို ကာကွယ်ပေးနေရတာလဲ၊"

လူကြီးမင်းယန်ရဲ့ မျက်နှာသည်လည်း မှုန်မှိုင်းသွားရသည်။

"နင်ဘယ်မှာ မှားလို့လဲ ဟုတ်လား? ငါတော့ ဘယ်က စပြောရမှန်းတောင် မသိတော့ဘူး! နင်ပြောတဲ့ စကားတစ်ခွန်းက ဘယ်လောက်ထိ လေးနက်သွားလဲ ဆိုတာ အခုထိ နားမလည်သေးဘူးလား? နင်ဘာပြောလိုက်လဲ သိလား? နင်က မုကျင်းယွမ်နဲ့ ပိုင်ရိဟန်တို့ရဲ့ အိမ်ထောင်ရေးက စီးပွားရေးအရ လဲလှယ်တာလို့ အတိအလင်း ထုတ်ပြောပစ်လိုက်တာ!"

"အဲ့ဒါ နင့်ဘက်က သာမာန်ကာလျှံကာ ထုတ်ပြောလို့ ရတဲ့ စကားမျိုး မို့လို့လား? သူတို့ သဘောတူညီချက် လုပ်နေတာကို နင်ကိုယ်တိုင် မျက်မြင်တွေ့လိုက်ရလို့လား? နင့်ရဲ့ အခြေအမြစ် မရှိတဲ့ အယူအဆကြီးကို အခြေခံပြီးတော့များ ဘယ်လိုလုပ် ဒီလိုမျိုး ပွင့်ပွင်းလင်း ထုတ်ပြောနိုင်ရတာလဲ? အဲ့ဒါက ဒီအတိုင်း စကားတစ်ခွန်း မဟုတ်ဘူး။ ဒါက လုံးဝကို စစ်ကြေညာလိုက်တာပဲ! နင့်စကားက ပိုင်ရိဟန်နဲ့ ယောကျာ်းသားနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကို စော်ကားလိုက်ရုံတင် မကဘူး ပိုင်နဲ့မု မိသားစု နှစ်ခုကြားက နှစ်ပေါင်းများစွာ ရင်းနှီးမှုကိုပါ စော်ကားလိုက်တာပဲ! မိသားစုကြီး ငါးခုရဲ့ အာဏာတွေက မတူညီတဲ့အပြင် ငါတို့ ယန်မိသားစုက သူတို့ကိုလွှမ်းမိုးထားနိုင်တယ် ဆိုရင်တောင် ဒီလို စကားမျိုးကို အများရှေ့မှာ ထုတ်ပြောလို့ မရဘူး!"

"မြောင်မြောင် နင်က ကလေးမဟုတ်တော့ဘူး။ ဘယ်အရာက ပြောသင့်တယ် ဘယ်အရာက မပြောသင့်ဘူး ဆိုတာ နင်မသိသေးဘူးလား? မုကျင်းယွမ်နဲ့ ပိုင်မိသားစုက သည်းမခံဘူး ဆိုတဲ့စကားမျိုးကိုများ ဘယ်လိုတောင် ပြောရဲရတာလဲ? မိသားစုကြီးသုံးခု ပေါင်းစည်းထားတာတောင် ဟဲမိသားစုက ရပ်တည်နေနိုင်သေးတယ်။ အဲ့ဒါအားလုံးက သူတို့ဘက်ကနေ ယန်မိသားစုကို လေးစားသမှုနဲ့ စိတ်ထိန်းထားလို့ကွ! နင့်ရဲ့ အသုံးမကျတဲ့ ယောကျာ်းက မိသားစုကြီးသုံးခုလုံးကို သူ့ကိုယ်ပိုင် ခွန်အားနဲ့ တောင့်ခံနိုင်နေတယ်လို့ နင်တကယ် ထင်နေတာလား? နင်က ငါနဲ့နင့်အစ်ကိုကြီး မကူညီပေးတာကို အပြစ်တင်တယ် တကယ်က ငါတို့ဘက်က မလှုပ်ရှားလို့သာ သူတို့က သနားညှာတာပေးနေတာ!"

(Completed) Reborn as a good childWhere stories live. Discover now