Chapter《98》

12.9K 1.9K 32
                                    

Unicode

အခန်း(၉၈) - Save Him. Calm Him Down.

ရိဟန်ရဲ့ စကားကြောင့် ရွှယ်ချင်းရဲ့ ရင်ဘက်က လျင်မြန်စွာ ပေါက်ကွဲထွက်လာသည်။ သူမရဲ့ မျက်လုံးများလည်း နီရဲလာ၏။

တစ်ခြားတစ်ဖက်မှာ ကျင်းယွမ်ကတော့ သိသိသာသာ တုန့်ပြန်မှု မရှိပေ။ သူက ရိဟန်ရဲ့ လက်ချောင်းလေးများကိုသာ တစ်ချောင်းချင်းဆီ ဆော့ကစားနေသည်။ အကယ်၍သာ တစ်စုံတစ်ယောက်က နီးနီးကပ်ကပ် ကြည့်လိုက်မယ်ဆိုရင်တော့ သူ့လက်တွေ တုန်ယင်နေတာအား တွေ့လိမ့်မှာပင်။ သူကဒီအတိုင်း ဒေါသကြီးနေတာဖြစ်သည်။ ဖြစ်လာမယ့် အရာအတွက်လည်း အလွန်ကြောက်လန့်နေသည်။ စက္ကန့်ပိုင်းလေးသာ နောက်ကျသွားရင် ဘယ်လိုဖြစ်သွားမှာလဲ? ဒါက သူစဉ်းစားရဲတဲ့ မြင်ကွင်းတစ်ခုတော့ ဟုတ်မနေဘူး

"ဒါက ရှောင်းဟာ အတွေ့အကြုံရှိ လူသတ်သမားဆိုတဲ့ သဘောပဲ" ချန်ကျင်းက မှတ်ချက်ချသည်။

"ကြည့်ရတာ ကျွန်တော်တို့ သူတို့ရဲ့ အတိတ်ကို နက်နက် တူးထုတ်ရမယ် ထင်တယ်"

"ပြီးတော့သူတို့က လိမ်နေကြတာ" ရိဟန်ကပြောသည်။
"သူတို့ကိုငှားတဲ့သူက တစ်ခြား တစ်ယောက်ပဲ, အဲ့ဒီလေးယောက်က တစ်ဖွဲ့သပ်သပ် ဖြစ်နေတဲ့အချိန်မှာ ဖုန်းချွင်က တစ်ယောက်တည်းပဲ, သူတို့တွေက အချင်းချင်း မတည့်ကြသလို တစ်ယောက်နဲ့တစ်ယောက်လည်း သဘောမကျကြဘူး, လေးယောက်အဖွဲ့ရဲ့ ခေါင်းဆောင်ဆိုရင် ဖုန်းချွင်က သူတို့ကို ငွေမပေးနိုင်ဘူးလို့တောင် ပြောခဲ့တာ, သူက ဖုန်းချွင်ဆီမှာ စားစရာအတွက်တောင် ပိုက်ဆံ မရှိတဲ့အပေါ်လည်း လှောင်ပြောင်ခဲ့တယ်"

"သူတို့က မင်းကို အသက်ရှင်ရက် လွှတ်ပေးဖို့ တကယ့်ကို မရည်ရွယ်ထားကြဘူးပဲ" ဖန်းရီက ပြောလာပြီး သူ့အသံထဲမှာ သနားဂရုဏာများ ပေါ်လွင်နေသည်။

"အဲ့ဒါကြောင့်လည်း သူတို့အချင်းချင်း သတိလက်လွတ် ပြောကြတာပေါ့, ပိုင်သခင်လေးကို သူတို့က ပြန်ပေးဆွဲသွားပေမယ့်လည်း မိသားစုကို မဆက်သွယ်လာဘူး, ပိုက်ဆံလိုချင်တဲ့ ပုံစံမျိုးလည်း တစ်စုံတစ်ရာတောင် ရှိမနေဘူး, သူတို့က ဒီအတိုင်း သတ်ပစ်လိုက်ဖို့ပဲ လုပ်ထားတာ, တကယ်ပဲ ဘယ်သူက မင်းကိုဒီလောက်ထိ မုန်းနေရတာလဲ?" သူက ပြောတာရပ်လိုက်ပြီးနောက် ရိဟန်ကို ကြည့်လိုက်သည်။

(Completed) Reborn as a good childWhere stories live. Discover now