Chapter《204》

5K 941 8
                                    

Unicode

အခန်း(၂၀၄)  - သီးခြားမိသားစုနှစ်စု

ယန်ချုံးက အချိန်ကြာသည်အထိ တိတ်တဆိတ် မတ်တပ်ရပ်နေပြီး မေးကြောများ တောင့်တင်းနေသည်။ သူ့လက်များက မျက်နှာအား ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်ပြီး အလွန်ပင်ပန်း နွမ်းလျစွာနဲ့ ပြောလာ၏။

"မင်းတို့နှစ်ယောက်လုံး မှန်တယ်။ မင်းအဖိုးက အသက်ကြီးနေပြီ။ သူလည်း ငြိမ်းချမ်းတဲ့ ဘဝတစ်ခုကို ပျော်ပျော်ရွှင်ရွှင် နေသင့်တယ်။ နေ့တိုင်း ငါက အလုပ်သွားရတယ်။ အလုပ်က အရမ်း ရှုပ်လွန်းလို့ သူနဲ့ အချိန်အများကြီးမဖြုန်းနိုင်ခဲ့ဘူး။ မုချွမ်းယွီနဲ့ သူ့ဇနီး ဆုံးပါးသွားတုန်းက မုကျင်းယွမ်က ငယ်ငယ်လေးနဲ့ မိသားစုခေါင်းဆောင် ဖြစ်လာခဲ့ရတယ်။ နောက်တော့ ချီခွင်းလေဖြတ်သွားပြီး ချီမင်းယောင်က အသက်ငယ်ငယ်မှာ ချီအုပ်စုကို ထိန်းချုပ်လိုက်ပြန်ရော။ ပိုင်နဲ့ချန်မိသားစု နှစ်ခုကလည်း လူငယ်မျိုးဆက်တွေဆီကို အာဏာလွှဲပေးလိုက်ပြီ။ မင်းတို့နှစ်ယောက်လုံးက အရွယ်ရောက်နေပြီ ဖြစ်တဲ့အပြင် သူတို့ထက်လည်း အားမနည်ပါဘူး။ မင်းတို့နှစ်ယောက်လုံး မမှီမခိုနဲ့ နေနိုင်ပြီး ရှေ့ကို လျှောက်လှမ်းနိုင်နေပြီ။"

"ယန်မိသားစုလည်း နောက်ကောက်ကျ ကျန်နေခဲ့လို့ ဘယ်ဖြစ်မလဲ။ အဆုံးသတ်မှာ ဒီမြို့က မင်းတို့လက်ထဲမှာပဲလေ။ မနက်ဖြန်ကစပြီး ငါ့ရှယ်ယာတွေအားလုံး မင်းတို့နှစ်ယောက်ကို လွှဲပေးမယ်။ မင်းတို့အဖိုးက ဂရုစိုက် ပြုစု ပေးမယ့်လူ လိုအပ်နေပြီ။ မနက်ဖြန်ကစပြီး ငါအလုပ် မသွားတော့ဘူး။ အကယ်၍ မင်းတို့ မဖြေရှင်းနိုင်တဲ့ တစ်စုံတစ်ရာ တွေ့ကြုံရပြီ ဆိုတာနဲ့ ငါ့ကိုမေးလို့ရတယ်။ ပိုင်ဖုရဲန်  မှန်တယ်။ ငါတို့က မင်းတို့ကို နောက်ကွယ်ကနေ မထောက်ပံ့ပေးနိုင်တဲ့အတွက် အရမ်းအသက် မကြီးတဲ့အချိန်မှာ အနားယူသင့်တယ်။ အဲ့ဒါမှသာ ငါတို့အသက်အရွယ် ကြီးလာတာနဲ့ မင်းတို့တွေမှာ ဘာမဆို လုပ်နိုင်စွမ်း ရှိနေမှာ။ ဒါဆို ငါတို့ဘာမှ စိတ်ပူစရာ မလိုတော့ဘူး"

"အဖေ ကျွန်တော်တို့ အဲ့ဒီ သဘောပြောချင်တာ မဟုတ်ပါဘူး!" ယန်ဟွေနဲ့ ယန်ရန်တို့ အလန့်တကြား ဖြစ်ကုန်ကြသည်။

(Completed) Reborn as a good childWhere stories live. Discover now