Chapter《18 and 19》

16.5K 2.7K 154
                                    

Unicode

အခန်း(၁၈) - သူ့ရဲ့ အတားအဆီး မဖြစ်စေဖို့

အကယ်၍ ရိဟန်က အခုကနေ စစုမယ်ဆိုရင်တော့ ပြည့်အောင် လုပ်နိုင်လိမ့်မယ် ဆိုပေမယ့် အချိန်က ဘယ်သူ့ကိုမှ စောင့်နေမှာ မဟုတ်ပေ။ သူလုံလုံလောက်လောက် စုဆောင်းလို့ ပြီးသွားရင် နေရာတွေအကုန်လုံးပြိုကွဲပြီး ဝါးမျိုခံရပြီးသား ဖြစ်သွားမှာကို စိုးမိသည်။

သူက အိပ်ယာပေါ်မှာ မှီလှဲချလိုက်၏။ 

သူ့အမေ၊အကိုနဲ့ အမတို့ဆီက ချေးငှားလိုက်ရင် ကောင်းမလားပဲ

သူတတ်နိုင်သမျှကို ကြိုးစားကြည့်ရမယ်

ပြီးတော့ ကျင်းယွမ်လည်း သူ့ကိုတစ်ချို့တစ်လေ လောက်တော့ ချေးငှားပေးနိုင်......

အဲ့ဒါကိုတော့ မေ့လိုက်ပါတော့...

ရိဟန်အနေနဲ့ ကျင်းယွမ်ကို ဘယ်လိုမျိုး မျက်နှာခြင်းဆိုင်ရမလဲ ဆိုတာအား မဆုံးဖြတ်ရသေးဘူးလေ။ မကြာခင် ကျင်းယွမ်က သူ့အမနဲ့ စေ့စပ်ဖို့ကို ကြေညာတော့မှာဆိုတော့ သူ့အနေနဲ့ ကျင်းယွမ်နဲ့ အဆက်အသွယ် လုပ်ခြင်းကို တတ်နိုင်သမျှ အကောင်းဆုံး ရှောင်ရှားမှ ဖြစ်လိမ့်မယ်။

ပိုင်ရိဟန်သည် ခြောက်သွေ့ဖို့ စောင့်နေတဲ့ ငါးဆားနယ် တစ်ကောင်လို အိပ်ယာထဲမှာ တုံးလုံးပက်လက်လေး ဖြစ်နေသည်။ သူက မျက်လုံးများကို မှိတ်ထား၍ သူ့အရင်ဘဝမှာ မုကျင်းယွမ်နဲ့ နောက်ဆုံးတွေ့ဆုံခဲ့သည့်အချိန်ကို ပြန်ပြောင်းစဉ်းစားမိသည်။

အဲ့ဒီအချိန်တုန်းက ကျင်းယွမ်အတွက် သူ့စိတ်ခံစားချက်များက နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း စိုက်ဝင်ပြီးနေပြီ ဆိုတာကို နားလည်ခဲ့သည်။ သို့ပေမယ့် သူတို့ ဆက်ဆံရေးက ပြုပြင်နိုင်တာထက်ပင် ကျော်လွန်ခဲ့ပြီဖြစ်ပြီး သူ့ကိုယ်သူတောင် ဘယ်သူမှန်း နားမလည် နိုင်တော့လောက်အောင် ပျက်စီးခဲ့သည်။

သူ့က ကျင်းယွမ်နဲ့ သူ့ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်လိုခဲ့ပြီး သူနဲ့အတူနေဖို့ အခွင့်အရေး တစ်ခုလောက်ရရန် တိုက်ပွဲဝင်လိုခဲ့သော်လည်း သူ့အတ္တတွေကို မစွန့်လွှတ်နိုင်ခဲ့တာကြောင့် ဆိုးဝါး ပက်စက်သည့် အကြံအစည်ကိုသာ စဉ်းစားနိုင်ခဲ့သည်။ သူက အရက်မူးချင်ယောင်ဆောင်ပြီး ကျင်းယွမ်ရဲ့ လည်တိုင်အား လက်နဲ့သိုင်းဖက်ကာ ဝန်ခံစကားဆိုခဲ့သည်လေ။

(Completed) Reborn as a good childWhere stories live. Discover now