Chapter《77 and 78》

14.1K 1.9K 3
                                    

Unicode

အခန်း(၇၇) - ပြိုင်ကြစို့

ဖြစ်စဉ်တစ်လျှောက်လုံးမှာ ကျင်းယွမ်က ထျန်းယောင်နဲ့ ရိဟန်နောက်ကနေ တောက်လျှောက်လိုက်ပါနေခြင်းဖြစ်သည်။ ပိုင်မိသားစုအိမ်ထဲကို ရိဟန်တစ်ယောက် ချောချောချူချူ ဝင်သွားပြီဆိုမှ အရှေ့ကို ဆက်မောင်း၍ ကွေ့တစ်နေရာအား ကွေ့ဝင်လိုက်သည်။ ချန်ထျန်းယောင်ရဲ့ကားက ထိုနေရာမှာ ပါကင်ထိုးထားခြင်းပင်။ ကားပိုင်ရှင်ကတော့ ကားဘေးကို မှီနေပြီး လက်ထဲမှာ စီးကရက်အား ကိုင်ထားသည်။ ကားပေါ်ကနေ ကျင်းယွမ် ဆင်းလာတာကို မြင်သောအခါ ချန်ထျန်းယောင်က ခပ်မတ်မတ် ရပ်လိုက်၍ သူ့လက်ထဲက စီးကရက်ကို မီးသတ်ပြီး အမှိုက်ပုံးထဲ ပစ်ထည့်သည်။

"အင်း? ဘယ်လိုဖြစ်သွားလဲ? ရိဟန်ကတော့ စိတ်အခြေအနေ ကောင်းနေပုံပဲ" ကျင်းယွမ်က ထျန်းယောင်ပြောဖို့ အခွင့်မရသေးခင်မှာပင် ပြောလိုက်သည်။

ရိဟန်မြင်ရသည့် ကြင်နာပြီး သိမ်မွေ့သော ထျန်းယောင်ကို ဘယ်နေရာမှ မတွေ့ရတော့။

"အဆင်ပြေပါတယ်, ငါတို့နောက်တစ်ပတ် ဗုဒ္ဓဟူး ဟုန်မင်းမှာ မြင်းသွားစီးဖို့ ချိန်းထားတယ်, မင်းရောသွားမှာလား?" ထျန်းယောင်က မျက်တောင်ခတ်လိုက်ပြီး စကားစလာသည်။

"သေချာတာပေါ့" ကျင်းယွမ်က ခေါင်းညိတ်သည်။

ကျင်းယွမ်က တစ်ဖက်ပြန်လှည့်လိုက်ပြီး ကားထဲဝင်ဖို့ လုပ်လိုက်တဲ့အချိန်မှာ ထျန်းယောင်က ပြောလာသည်။

"ကျင်းယွမ်, ရွှယ်ချင်း....."

"စိတ်ချထား, ငါက ဟန်ဟန်ကိုပဲ ချစ်တာ သူတစ်ယောက်တည်းကိုပဲ" ကျင်းယွမ်က ပြန်လှည့်ကြည့်ပြီး ပြောလိုက်သည်။

"ဒါဆို မင်းဘာလို့ ရွှယ်ချင်းနဲ့ စေ့စပ်ခဲ့တာလဲ?" ထျန်းယောင်က တစ်ဖက်လူအား မျက်လုံးများကို မှေးကျဉ်း၍ ကြည့်လိုက်ပြီး ထပ်မေးသည်။
"မင်းသူမကို အရူးလုပ်ဖို့အတွက် ကစားနေတာလား? သူမကို အသုံးချတာလား?"

ထိုစကားကြောင့် ကျင်းယွမ်က အပြည့်အဝ နောက်ပြန်လှည့်လိုက်ပြီး ထျန်းယောင်ရဲ့ မျက်လုံးများကို တည့်တည့်စိုက်ကြည့်သည်။

(Completed) Reborn as a good childWhere stories live. Discover now