Chapter《150》

8.1K 1.3K 46
                                    

Unicode

အခန်း(၁၅၀) - အိမ်မက်

ရိဟန်တစ်ယောက် အခုတစ်လော ကောင်းကောင်း အနားမယူရလို့လား ဒါမှမဟုတ် သေးငယ်တဲ့ မျှော်လင့်ချက် မီးစလေး တောက်လောင်လာတာကြောင့်လားမသိသော်လည်း သူတကယ့်ကို အိပ်ယာပေါ် လဲလျောင်းပြီး သိပ်မကြာခင်မှာ အိပ်ပျော်သွားခဲ့သည်။

ဝိုးတိုးဝါးတား အခြေအနေတွင် သူ့မျက်လုံးများကို ကြည့်နေသည့် ကျင်းယွမ်အား မြင်လိုက်ရ၏။ တစ်ဖက်လူရဲ့ မျက်လုံးများက ချစ်ခြင်းတရားများနဲ့ ပြည့်နှက်နေသည်။ ကျင်းယွမ်၏ ထူးခြားနက်နဲပြီး စွဲမက်ဖွယ်ကောင်းသော အသံဖြင့် ထိုလူက သူ့နားထဲသို့ ထပ်ခါတလဲလဲ ပြောလာလေသည်။

"ဟန်ဟန်, ဒါက တကယ့်ကို ကိုယ်အိမ်မက် မက်နေခဲ့ရတဲ့ဘဝလေးပဲ, ကိုယ်တို့ အသက်အရွယ် ကြီးလာတဲ့အထိ ဒီအတိုင်းလေးပဲ ဆက်နေသွားဖို့ မျှော်လင့်မိတယ်, ဒီနေ့လိုမျိုးပေါ့, ညနေခင်းမှာ အတူတူ ရေချိုးပြီး တစ်ယောက်ရဲ့ ဆံပင်ကို တစ်ယောက်က ခြောက်အောင် လုပ်ပေးကြမယ်"

"ကိုယ်မင်းရဲ့ ဆံပင်ကို ခြောက်အောင် လုပ်ပေးရတာကြိုက်တယ်, မင်းမျက်နှာကို ဆေးကြောပေးရတာ မင်းနောက်ကျောကို ဆေးကြောပေးရတာကို သဘောကျတယ်, မင်းအတွက် ဘာကိုပဲဖြစ်ဖြစ် ဘယ်အရာကိုပဲဖြစ်ဖြစ် လုပ်ပေးရတာကို နှစ်သက်တယ်, ကိုယ်မင်းကို ဆေးရုံမှာ ဂရုစိုက်ပေးတုန်းဆိုရင် ကိုယ်က ကိုယ့်ကိုကိုယ် စုတ်ပြတ်နေအောင် နေတယ်လို့တောင် မင်းမိဘတွေက ပြောကြသေးတာ, ဒါပေမဲ့ကိုယ်ကတော့ အရမ်းပျော်နေတာပဲလေ, မင်းက ကုတင်ပေါ်မှာ လိမ်လိမ်မာမာလေး ထိုင်နေပြီး ကိုယ်မင်းမျက်နှာကို သဘက်စိုစိုလေးနဲ့ သုတ်ပေးမှာကို စောင့်နေတယ်, အဲ့ဒါက အရမ်းကို ချစ်ဖို့ကောင်းတာ, မင်းအိမ်သာ သွားတဲ့အချိန်မှာ ကူညီပေးရတာကိုလည်း ကိုယ်ကြိုက်တယ်"

"ဟန်ဟန်, အရင်တုန်းက ကိုယ် ထိန်းချုပ်ထားနိုင်တယ် ဒါပေမဲ့ မင်းနဲ့ အတူတူ ရှိနေနိုင်ကတည်းက ကိုယ်က ပိုပိုပြီး နှာဘူးဖြစ်လာတာကို နားလည်လိုက်ရတယ်, ကိုယ်မင်းကို နေ့တိုင်းနေ့တိုင်း ပွေ့ဖက်ထားချင်တယ်, ကိုယ့်လက်ကလည်း မင်းရဲ့ အသားအရည်နဲ့ ဘယ်တော့မှ မခွဲခွာချင်ဘူး, ကိုယ်အမြဲတမ်း မင်းကို နမ်းဖို့ပဲ စဉ်းစားနေမိတာ, အဲ့ဒါက မင်းဆံပင်ပဲဖြစ်ဖြစ် မင်းခြေထောက်ပဲဖြစ်ဖြစ် ကိစ္စမရှိဘူး, ကိုယ်မင်းနဲ့ အိပ်ယာပေါ်မှာလည်း ထာဝရ အတူတူရှိနေချင်တယ်, မင်းအဝတ်အစား လဲတဲ့အချိန်ဆိုရင် မင်းနားကိုတိုးပြီး မင်းရဲ့ ကိုယ်သင်းနံ့ကို မွှေးချင်တယ်, ဟန်ဟန်, ကိုယ်က ငတ်ပြတ်နေတာ ဒါမှမဟုတ် အဲ့ဒီထက်ဆိုးတာတောင် ဖြစ်နိုင်တယ်, ကိုယ်မင်းကို အသေးစား ပုံစံလေးပြောင်းလဲပစ်ချင်တာ အဲ့ဒါမှ ကိုယ်သွားတဲ့နေရာတိုင်းကို ခေါ်သွားပေးလို့ရမှာ, မင်းနဲ့ မိနစ်ပိုင်းလေးတောင် ခွဲချင်တာ မဟုတ်ဘူး"

(Completed) Reborn as a good childWhere stories live. Discover now