Chapter《45 and 46》

17.1K 2.5K 257
                                    

Unicode

အခန်း(၄၅) - ကယ်တင်ရှင်

Click. Darkness.

(T/N - ဘာဖြစ်သွားတာလဲ မမေးပါနဲ့ ကိုယ်တောင် သိချင်နေတာမို့လို့ ပန်းအိုးကျကွဲသွားတယ်ပဲမှတ်ပါ)

အားလုံးပြီးသွားတာနဲ့ ကျင်းယွမ်က ရိဟန်အား ရေချိုးခန်းထဲ ပြန်ခေါ်သွားပြီး ဆေးကြောသန့်ရှင်းပေးကာ အိပ်ယာခင်းအသစ်များ လဲလှယ်ပြီးမှ ရိဟန်အား အိပ်ယာပေါ် ပြန်တင်ပေးလိုက်သည်။ ပြီးတာနဲ့ သူ့ကိုယ်သူဆေးကြော၍ ရေချိုးခန်းကိုပါ သန့်ရှင်းရေးလုပ်လိုက်၏။ အားလုံးပြီးစီးသွားတဲ့အချိန်မှာ အရှေ့ဘက် ကောင်းကင်ပင် ဖြူဖျော့ဖျော့ အလင်းလေး ထွက်ပေါ်လာလေပြီ။

ကျင်းယွမ်က နိုးနိုးကြားကြား ဖြစ်နေတုန်းပင်။ သူက အိပ်ယာပေါ်သို့ ဂရုတစိုက် တွားသွားတက်လိုက်ပြီး ရိဟန်ဘေးမှာ ဝင်လှဲလိုက်သည်။ ထို့နောက် ရိဟန်အား သူ့ရင်ခွင်ထဲ ညင်ညင်သာသာ ဆွဲသွင်းလိုက်၍ ကျေနပ်အားရစွာ သက်ပြင်းချ၏။

သူအိပ်မပျော်သွားရက်ဘူး။ ဒီအတိုင်း ရိဟန်ရဲ့ အိပ်ပျော်နေတဲ့ အသွင်လေးကိုသာ ညင်သာနူးညံ့လှတဲ့ အကြည့်နဲ့ ငေးကြည့်နေသည်။

ရိဟန်ကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။

ကျင်းယွမ်က ရိဟန်ရဲ့ နှာခေါင်းထိပ်လေးအား ချစ်ခင်စွာဖြင့် ထိလိုက်မိလေသည်။

ဒီအသေးလေးက အသံအရမ်းကျယ်တာပဲ

သူကအမြဲတမ်း ဆူညံသံကြားရင် အလွယ်တကူနိုးပြီး အဲ့ဒီလိုနိုးတိုင်း ဒေါသကြီးတတ်တဲ့ ကလေးတစ်ယောက်မို့လို့ သူ့မိဘတွေက ဒီအခန်းထဲမှာ အသံလုံတာကို ထပ်ပေါင်းတပ်ပေးထားလို့သာပေါ့။ မဟုတ်လို့ကတော့ ဒီအခန်းထဲက ညည်းညူသံတွေက ပိုင်မိသားစုကို ထိတ်လန့်သွားစေလိမ့်မယ်

ကျင်းယွမ်ရဲ့ မျက်နှာပေါ်က ပျော်ရွှင်မှုအရိပ်အယောင်များ တွဲခိုနေသည်။ သူ့နှုတ်ခမ်းက ကျင်းယွမ်ရဲ့ နှဖူးအား နမ်းလိုက်လေသည်။

ဒီနေ့ကတော့ roller coaster စီးရတာထက်တောင် စိတ်လှုပ်ရှားစရာကောင်းသေးတယ်...

(Completed) Reborn as a good childWhere stories live. Discover now