Chapter《51 and 52》

17K 2.4K 82
                                    

Unicode

အခန်း(၅၁) - ချစ်ခင်မှုပြောင်းလဲသွားခြင်း

ကျင်းယွမ်က လက်ကိုမြှောက်လိုက်ပြီး ပုခုံးတွန့်ကာ ပြန်ပြောသည်။

"ကြည့်ပါလား, နင်စဉ်းစားလို့တောင် မရဘူးမှတ်လား, နင်ငါ့အပေါ်မှာ ကြိုက်တယ်ဆိုတဲ့ ကြိုက်နှစ်သက်မှုက ဟန်ဟန်အပေါ်မှာ ငါထားတဲ့ ခံစားချက်ရယ် ချန်ထျန်းယောင်က နင့်အပေါ်မှာထားတဲ့ ခံစားချက်တွေနဲ့ မတူဘူး"

ရွှယ်ချင်းက စဉ်းစားကြည့်လိုက်သည်။

ကြည့်ရတာ တကယ်ဟုတ်ပုံပဲ

သူမက ရုတ်တရက် အလင်းပွင့်သွားသလို ခံစားလိုက်ရသည်။

"ရွှယ်ချင်း" ကျင်းယွမ်က စကားဆက်သည်။

"နင်က ခံစားချက်တွေနဲ့ ချည်နှောင်ခံမယ့် မိန်းကလေးမျိုး မဟုတ်ဘူး, အကယ်၍ ငါတို့သာ တကယ်ပဲ လက်ထပ်လိုက်မယ်ဆိုရင် ငါတို့သုံးယောက်လုံးအတွက် ကြေကွဲစရာဖြစ်သွားလိမ့်မယ်"

ရွှယ်ချင်းက သတိလက်လွတ်ဖြင့် ခေါင်းညိတ်ပြမိသည်။

ထိုအတွေးကို တွေးမိတာနဲ့တင် ကြောက်လန့်မှုက သူမရဲ့ ကျောရိုးတစ်လျှောက် ဆင်းချသွား၏။ သို့ပေမယ့် သူမက နှုတ်နဲ့တော့ အရှုံးမခံပေ။

"ကောင်းပြီ, နင်ငါ့ကို ဒါတွေအားလုံး ပြောပြနေတာက ငါနင့်ကို ကူညီပေးအောင် ဟုတ်တယ်မှတ်လား? နင်မပြောရင် ငါလည်း ဘာမှမပြောဘူး, တကယ်တော့လည်း ဒီကိစ္စမှာ ငါ့မောင်လေးကိုယ်တိုင်က ပါဝင်နေတာလေ, သူက နင့်ကိုသဘောကျတယ် ဆိုမှတော့ အမတစ်ယောက်အနေနဲ့ နင်တို့နှစ်ယောက် မှန်မှန်ကန်ကန်နဲ့ သင့်တော်သလို နေရအောင် လက်ငှားပေးရမှာပေါ့"

"ဒါပေမဲ့ နင့်နည်းလမ်းက သိပ်မကောင်းဘူး, နင့်ရဲ့ ဂုဏ်သတင်းအပေါ် သက်ရောက်မှုက အရမ်းကြီးမားနေတယ်" ကျင်းယွမ်ကပြောသည်။

ရွှယ်ချင်းက အလွန်ကို အမျိုးသမီးမဆန်လှတဲ့ ပုံစံနဲ့ မျက်လုံးလှန်ပြ၏။

"ကြီးမယ်? ငါတို့လက်ထပ်မယ် ဆိုတဲ့ကိစ္စကို ငါတို့မိသားစုကလွဲရင် ဘယ်သူမှမသိဘူး, ဘာလဲ? ငါ့မိဘတွေနဲ့အကိုကြီးက အပြင်ထွက်ပြီး ငါ့ဂုဏ်သတင်းကို ထိခိုက်စေမှာလား? အပြင်လူတွေက ငါဒီအတိုင်း တစ်ယောက်ယောက်ကို တွဲနေတယ်ဆိုတာပဲ သိတာလေ, အဲ့ဒါက ဘာများ မှားနေလို့လဲ?"

(Completed) Reborn as a good childWhere stories live. Discover now