Chapter《59 and 60》

16.5K 2.4K 32
                                    

Unicode

အခန်း(59) - ဆိုးဝါးတဲ့အစီအစဉ်

"ဟုတ်တယ်, မင်းတို့...မင်းနဲ့ ချန်ထျန်းယောင်"

ကျင်းယွမ်က ခေါင်းညိတ်ပြရင်း စကားဆက်သည်။

"ကိုယ်ကမင်းကိုကြိုက်တယ်, မင်းအမက ချန်ထျန်းယောင်ကို ကြိုက်တယ် ဒါပေမဲ့ အဲ့ဒီလူက သစ်သားနဲ့ လုပ်ထားသလိုပဲ... မင်းသိလား အဲ့ဒီလူက မင်းအမကို စိတ်ဝင်စားပုံပေါ်ပေမယ့် ဘယ်တုန်းကမှ ဝန်မခံဘူး, အကယ်၍ သူဝန်မခံဘူးဆိုရင် မိန်းကလေးဖြစ်တဲ့ မင်းအမ ဝန်ခံလာတာကို စောင့်နေတာလား? အဲ့ဒါကြောင့် ကိုယ်တို့က ဒီအစီအစဉ်ကို ဆွဲလိုက်တာ...ပထမဆုံး, သတင်းတု လွှင့်လိုက်မယ် အကယ်၍ သူတကယ်ပဲ မင်းအမကို သဘောကျတယ် ဆိုရင် သူထိတ်လန့်လာလိမ့်မယ်, မင်းကိုကြတော့,ကိုယ့်အပေါ် မင်းဘယ်လို သဘောထားလဲ ဆိုတာ ကိုယ်မသိဘူးလေ, ကိုယ်က ဒီအခွင့်အရေးကို အသုံးချပြီး ရေကိုစမ်းသပ်ချင်တာ....မင်းကိုယ့်ကို ဒီလိုဆိုရင်ရော ဂရုစိုက်လာနိုင်လား ဆိုပြီးတော့....အဆုံးကြတော့ မင်းက အဲ့ဒီလိုပုံစံမျိုး သိပ်မပေါက်ဘူး ဖြစ်သွားတယ်, ဒီရက်တွေအတွင်း ကိုယ်အရမ်း စိတ်ဓာတ်ကျနေခဲ့တာ.... မင်းဒီလို ဖြစ်လိမ့်မယ်လို့ လုံးဝ မတွေးမိခဲ့ဘူး, ကိုယ်က ဘာမဟုတ်တာနဲ့ အကြာကြီး အငြင်းခံနေခဲ့ရတာပေါ့"

ရိဟန်ကတော့ ထူးဆန်းတယ်လို့ ခံစားရဆဲပင်။

"ငါ့အမကို ငါနားလည်သလောက်ကတော့ အမက ချစ်ရဲမုန်းရဲတဲ့ မိန်းကလေးတစ်ယောက်ပါ, အကယ်၍ သူတကယ်ပဲ တစ်ယောက်ယောက်ကို ချစ်တယ်ဆိုရင် အရင်ဆုံး စပြောရမယ် ဆိုရင်တောင် စိတ်ထဲထားမှာ မဟုတ်ဘူး"

"မင်းနားမလည်ပါဘူး" ကျင်းယွမ်က လည်ချောင်း တစ်ချက်ရှင်းလိုက်သည်။

"မိန်းကလေးဆိုတာ ပုံမှန် ဘယ်လောက်ပဲ သန်မာပြီး မာကျောနေပါစေ သူတို့ကြိုက်တဲ့ တစ်စုံတစ်ယောက်ရှေ့မှာတော့ နည်းနည်းလောက် ပြောင်းလဲသွားတာ သေချာသလောက်ပဲလေ, သူတို့မဟုတ်တဲ့ သူတစ်ယောက်အဖြစ် ပြောင်းလဲသွားလိမ့်မယ်"

"အဲ့ဒါတော့ အမှန်ပဲ" ရိဟန်က ပြန်ပြောရင်း ခေါင်းတစ်ဆတ်ဆတ် ငြိမ့်သည်။

(Completed) Reborn as a good childWhere stories live. Discover now