Chapter《137》

8.5K 1.3K 118
                                    

Unicode

အခန်း(၁၃၇) - အခွင့်အရေး တစ်ခုပဲရှိတယ်

အခုမှ ပိတ်သွားတဲ့ ရိဟန်ရဲ့ မေးရိုးလေး နောက်တစ်ဖန်ပြန်ကျသွားရသည်။

"မင်းဘာလို့ ငါ့ကိုမပြောတာလဲ?" ရိဟန်က အော်ဟစ်လာ၏။

"ကျောင်းဟွာက ကားထဲမှာ ရှိနေတာလေ" ကျင်းယွမ်က အပြစ်ကင်းစွာ ပြန်ဖြေသည်။

"ကိုယ့်မှာ မင်းကိုပြောဖို့ အခွင့်အရေး မရှိလိုက်ဘူး, ကိုယ်က သူ့ကို မျှော်လင့်ချက် ပေးမိမှာစိုးတာ...အကယ်၍ ယန်သာ ပေါ်မလာခဲ့ရင် သူပိုပြီး စိတ်ပျက်သွားရလိမ့်မယ်"

ရိဟန်က ထိုစကားကိုတော့ ခေါင်းညိတ်ထောက်ခံသည်။

"အမှန်ပဲ, မင်းလုပ်တာ မှန်ပါတယ်" သူက ကျောင်းဟွာ စွန့်ပစ်ခဲ့တဲ့ ခရီးဆောင်အိတ်ကို လှမ်းဆွဲလိုက်ပြီး ကျင်းယွမ်ကို လှည့်မေးလိုက်သည်။

"ဒါဆိုငါတို့......?"

"ပြန်ကြမယ်လေ" ကျင်းယွမ်က ပုခုံးတွန့်ကာပြောသည်။

"ကိုယ်တို့က လေဆိပ်ကို လာလည်ကြတာပေါ့"

ရိဟန်ရဲ့ နှုတ်ခမ်းကနေ ရယ်မောသံလေးတစ်ခု ထွက်ပေါ်လာရတော့သည်။ သူအခု ပိုပြီးနေလို့ ကောင်းသွားပေပြီ။ ကျင်းယွမ်က သူ့အင်္ကျီလက်စလေးကို လှမ်းဆွဲလာပြီး ဘေးက လူကိုကြည့်ရန် အချက်ပြလာ၏။ ထိုအချိန်မှသာ ရိဟန်သည် လုဖုန်းယွီရဲ့ တည်ရှိမှုကို သတိရသွားမိပြီး ဘေးဘက်ကို လှည့်ကြည့်မိသည်။

အဲ့ဒီလူပုံစံက နှင်းခဲထဲမှာ ညှိုးနွမ်းနေတဲ့ အပင်လေးအတိုင်းပဲ

ရိဟန်က ထိုလူကို ဂရုဏာမသက်ပဲ မနေနိုင်အောင် ဖြစ်မိပေမယ့်လည်း ဘာပြောရမှန်းလည်း မသိဘူးလေ

 ထိုအချိန် ကျင်းယွမ်က ပြောလာသည်။

"အခုက လေယာဉ်ချိန်ရောက်နေပြီနော်"

"ကျောင်းကောက သွားပြီဟာကို" စိတ်ပျက်လက်ပျက်ဖြစ်နေသည့် ထိုလူက ပြန်ဖြေသည်။

"ဘာလို့ကျွန်တော်က ချောင်းချုန်းကို သွားချင်ရဦးမှာလဲ? ကျွန်တော်က အအေးဒဏ်ကို မုန်းတယ်ဗျ"

(Completed) Reborn as a good childWhere stories live. Discover now