Chapter《43 and 44》

16.7K 2.4K 66
                                    

Unicode

အခန်း(43) - မိုးကြိုးပစ်ခံရသလိုမျိုး

ကျင်းယွမ်မှာ အေးခဲသွားရသည်။ သူ့လိုအင်ဆန္ဒများနှင့် ကျိုးကြောင်းဆီလျှော်မှုများကို ကိုယ်စားပြုတဲ့ ဒီလူပိစိလေးက အစောကတည်းကသူ့ကို ထိုးနှက်ပြီး ကန်ကြောက်လိုက်ပြီဖြစ်တာကြောင့် အဆုံးမှာ ဆင်ခြင်တုံတရားများ ပျောက်ကွယ်သွားရ၏။

ကျင်းယွမ်သည် လူစားလဲ ခံလိုက်ရသလိုမျိုး ဖြစ်သွားရကာ ခေါင်းကိုငုံ့ချလိုက်ပြီး.......

***

ဘယ်သူလဲ? သူ့ကိုဘယ်သူနမ်းနေတာလဲ?

ရိဟန်ရဲ့ ရီဝေဝေဖြစ်နေသော စိတ်ထဲမှာ ထိုမေးခွန်းများ ထွက်ပေါ်လာတဲ့ တစ်ခဏမှာပင် တစ်စုံတစ်ယောက်က သူ့ကို အပ်များစွာနဲ့ ထိုးဆွလိုက်သလိုမျိုး မူးဝေသွားရသည်။

သူ့ပါးစပ်က ပိတ်ဆို့ခံထားရတယ်, သူစကားမပြောနိုင်ဘူး

သူက ထိုလူရဲ့ လက်မောင်းကြားထဲမှာ ထိတ်လန့်တကြားဖြင့် ရုန်းကန်ပြီး ခြေလက်များဖြင့် တွန်းထိုးမိလေသည်။

ဘယ်သူလဲ? ဘယ်သူက သူ့ကိုဒါမျိုးထပ်လုပ်နေတာလဲ? ဖုန်းချွင်လား? ဒါမှမဟုတ် သူ့ရဲ့ ရွံစရာကောင်းတဲ့ အဲ့ဒီ 'သူငယ်ချင်း' ဆိုတဲ့ဟာတွေလား? သူတို့က သူ့ကို ကြောက်စရာကောင်းတဲ့၊ ယုတ်မာတဲ့ လုပ်ရပ်တွေ ထပ်လုပ်ချင်နေကြတာလား? မဟုတ်ဘူး! မဖြစ်ဘူး, အဲ့ဒီအစား သူသေပစ်လိုက်မယ်!

ရိဟန်က သူတတ်နိုင်သလောက် အင်အားအကုန်သုံးပြီး ရုန်းကန်နေသည်။ သူ့လက်သည်းများက ကျင်းယွမ်ရဲ့ လည်ပင်းတစ်လျှောက်မှာ သွေးစီးကြောင်းများပင် ဖြစ်ပေါ်လာစေ၏။ နောက်ဆုံးတော့ ကျင်းယွမ်သည် စိတ်အားထက်သန်နေရာမှ နိုးထနိုင်သွားသည်။

ဘုရားရေ, သူဘာလုပ်လိုက်မိတာလဲ?

အသေးလေး မူးနေတာကို အခွင့်ကောင်း ယူလိုက်မိပြီ, တစ်ဖက်လူက သူ့အပေါ်အပြည့်အဝ ယုံကြည်နေတဲ့ အချိန်မှာသူ ရိဟန်ကို နမ်းလိုက်မိပြီ!

ကျင်းယွမ်သည် ချက်ချင်းပင် မိုးကြိုးပစ်ခံလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။ သူက သူ့လက်မောင်းကြားထဲက ကောင်လေးအား အလျင်စလို လွှတ်ပေးမိ၏။ တောက်လောင်နေတဲ့ သူ့စိတ်အစဉ်ကတော့ တုန်လှုပ်ခြောက်ခြားနေမိသည်။

(Completed) Reborn as a good childWhere stories live. Discover now