Chapter《3》

17.3K 2.6K 23
                                    

Unicode

အခန်း(၃) - မမြင်နိုင်ဘူး

ရွှယ်ချင်းနှင့် ကျင်းယွမ်တို့ အတူတူ ရှိနေခဲ့ကြသည့် အချိန်တွင် ရိဟန်မှာလည်း မိန်းကလေးရည်စား ရှိနေခဲ့သည်။ သူမရဲ့နာမည်က ထောင်ချီဖြစ်ပြီး စင်ကြယ်ပြီး ဖော်ရွေသည့် မိန်းကလေး တစ်ယောက်ဖြစ်သည်။ သူမရဲ့ ရဲရင့်ပြီး မျက်နှာမပျက်စေသည့် ဝန်ခံချက်အပြီးတွင် ထိုသို့ချိုမြိန်သည့် မိန်းကလေး တစ်ယောက်ကို မနာကျင်စေလိုသည့်အပြင် တော်တော်လေးလည်း သိချင်စိတ် ဖြစ်နေတာကြောင့် ရိဟန်က လက်ခံခဲ့ခြင်းပင်။

သို့သော် သူမနှင့်စတင် ချိန်းတွေ့သည့် အချိန်ကတည်းက သူသည် မိန်းကလေးများကို လေးစားခြင်းသာရှိပြီး လုံးဝ မလိုလားကြောင်းကို ထိတ်လန့်စွာ သဘောပေါက်ခဲ့ရသည်။ အဲ့ဒီအစား မုကျင်းယွမ်ရဲ့ အနည်းငယ်ပေါ်နေသည့့် ညှပ်ရိုးမှ သေးငယ်သည့် အစိတ်အပိုင်းလေး တစ်ခုကတောင် သူ့စိတ်ကို စိတ်ကူးယဉ်မှု များစွာဖြင့် ပြည့်နှက်စေခဲ့သည်။

အဲ့ဒါက ပုံမှန်မဖြစ်နိုင်ဘူးလို့ ခံစားခဲ့ရတာကြောင့် သူရှာဖွေမိသည့် အချိန်မှာ သူကသူတို့ခေါ်ကြသည့် လိင်တူကြိုက်သူ ဖြစ်ကြောင်း သိသွားရပြီး တစ်ခြားသူများနှင့် ကွဲပြားသည့် sexuality ရှိနေကြောင်း ပထမဆုံးအကြိမ်အဖြစ် နားလည်သွားရသည်။

အဲ့ဒီအချိန်မှာတော့ သူ့စိတ်ထဲ ပေါ်လာတာက ထိတ်လန့်တုန်လှုပ်မှုသာ

သူထောင်ချီနှင့် လမ်းခွဲလိုက်ပြီးနောက်မှာ သူနှင့်အနီးကပ်ဆုံးဖြစ်သည့် မုကျင်းယွမ်ထံမှ အကူအညီတောင်းခံရန် ရှာဖွေလိုက်မိသည်။ ထိုအချိန်ကျမှသာ ကျင်းယွမ်က သူ့အမနဲ့ ရင်းနှီးသွားပြီ ဆိုတာအား နားလည်လိုက်ရခြင်းပင်။

ရိဟန်က ငယ်ရွယ်စဉ်ကတည်းက ဆိုးသွမ်းခဲ့သည့်သူတစ်ဦး ဖြစ်သောကြောင့် သူ့ရဲ့ဒေါသက မဆင်မခြင်ဖြစ်လာပြီး ထိုအကြောင်းအရာကြောင့်လည်း ရဲတင်းလာမိသည်လေ။ သူရဲ့ လုပ်ဆောင်ချက်တိုင်းမှာ တစ်ခြားသူတွေရဲ့ ခံစားချက်တွေကို ဘယ်သောအခါမှ ထည့်သွင်း မစဉ်းစားမိခဲ့ပဲ မုကျင်းယွမ်နှင့် သူ့အမ နီးကပ်နေသည်ကို မြင်သည့်အချိန်တိုင်း သူ့စိတ်နှလုံးသားက ဒေါသဖြင့်ပြည့်နှက်နေခဲ့ရပြီး သစ္စာဖောက်ခံရသလိုခံစားခဲ့ရသည်။

(Completed) Reborn as a good childWhere stories live. Discover now