Chapter《4》

16.8K 2.6K 12
                                    

Unicode

အခန်း(၄) - ဒီအတိုင်းအိပ်မက်ဆိုးတစ်ခုပါပဲ

ပိုင်ရိဟန်က ထိုနေရာမှာပဲ ရပ်ပြီး ခဏမျှ ပုန်းနေမိသည်, ထို့နောက်အသက်ကို ပြင်းပြင်းရှုလိုက်ကာ သူ့ခံစားချက်များကို ဖယ်ထုတ်ပြီးသည့် အချိန်လောက်ကျမှ ထိုထောင့်နေရာမှ လျှောက်ထွက်လာပြီး ဖြည်းဖြည်းခြင်းဆီ ဆင်းလာခဲ့လိုက်၏။

သူမ၏ ချစ်မြတ်နိုးရတဲ့ သားငယ်လေးက လှေကားပေါ်မှ ဆင်းလာသည်ကို မြင်သောအခါ ရိဟန်ရဲ့အမေက အလျင်အမြန်ပဲ လျှောက်သွားလိုက်ပြီး မေးလိုက်လေသည်။

"ဟန်ဟန်...ဘယ်လိုဖြစ်လို့ ဒီလောက် နောက်ကျမှ နိုးလာရတာလဲ? ဗိုက်ဆာနေပြီလား? အန်တီယန်ရော? အန်တီယန်! မြန်မြန်လာ.. ဟန်ဟန်ရဲ့မနက်စာယူလာခဲ့!"

သို့သော်လည်းအမေက ရိဟန်ရဲ့အနားကို ရောက်သည်နှင့် ရိဟန်ရဲ့ အနီရောင် မျက်လုံးတွေကို ချက်ချင်း သတိပြုမိလိုက်သည်။ ထိုအရာက ငိုထားသောကြောင့်ပင်။ သူမရဲ့ နူးညံ့သိမ်မွေ့သည့် မိခင်နှလုံးသားက နာကျင်မှုကြောင့် ခုန်လာခဲ့ပြီး သူမရဲ့တစ်ကိုယ်လုံး တုန်ယင်လာခဲ့သည်။ သူမက သူမရဲ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့မျက်နှာကို ထိတ်လန့်တကြား ထိလိုက်မိသည်။

"ဟန်ဟန်...ဒါဘာဖြစ်တာလဲ? အခုချိန်ထိ မပျော်မရွှင်ဖြစ်နေတုန်းလား? အမေ့ကို မပြောနိုင်တဲ့အရာ တစ်ခုခုရှိနေလား? ဘယ်သူကသားလေးကို ဝမ်းနည်းအောင် လုပ်တာလဲ? အမေ့ကိုပြော... အမေသူတို့ကို ကူညီပြီး ကိုယ်တွယ်ပေးမယ်.. ဟုတ်ပြီလား?"

ရိဟန်ကသူ့အမေရဲ့ လက်များကို ဆုပ်ကိုင်လိုက်ပြီး သူ့အမေရဲ့ ထိတ်လန့်နေသည့် မျက်နှာကိုကြည့်ရင်း မျက်ရည်များကို ဆက်ပြီး ထိန်းမထားနိုင်တော့ပေ။

မျက်နှာမှာ မျက်ရည်များ စီးကျနေဆဲနှင့်ပင် သူ့အမေကို အနားသို့ဆွဲလိုက်ပြီး အသံနိမ့်နိမ့်ဖြင့် ရေရွတ်မိတော့သည်။

"မား...ကျွန်တော် တောင်းပန်ပါတယ်..... ကျွန်တော်တောင်းပန်ပါတယ်...မမ... ကျွန်တော်တောင်းပန်ပါတယ်"

(Completed) Reborn as a good childWhere stories live. Discover now