Chapter《49 and 50》

16.6K 2.5K 120
                                    

Unicode

အခန်း(၄၉) - စေ့စပ်ပွဲကို ပယ်ဖျက်ခြင်း

ကျင်းယွမ်က ရွယ်ချင်းပြောတာကို နားမလည်တာကြောင့် "ဘာလဲ?" လို့ပြန်မေးမိသည်။ သူက သူ့လက်ကိုမြှောက်ပြီး သူမ ထိလိုက်တဲ့နေရာအား ထိကြည့်လိုက်၏။ သွားရာက အနည်းငယ်ယောင်နေသည်။

မနေ့ညက ရိဟန်အရမ်းကို စိတ်လှုပ်ရှားနေတုန်း သူ့ကိုကိုက်လိုက်တာ ဖြစ်လိမ့်မယ်....

မနေ့ညအကြောင်း တွေးမိတာနဲ့ သူ့နှုတ်ခမ်းက အမှုမဲ့အမှတ်မဲ့ဖြင့် ထူးဆန်းသော(ချိုမြိန်တာ?) အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားရသည်။

ကျင်းယွမ်ရဲ့ တုန့်ပြန်မှုကိုကြည့်ရင်း ရွှယ်ချင်းရဲ့ မကောင်းတဲ့ ခံစားချက်က ပိုမိုအားကောင်းလာ၏။ သူမက ကျင်းယွမ်ကို စိုက်ကြည့်ရင်းဖြင့် သူ့အဖြေကို စောင့်ဆိုင်းနေသည်။

သူက အာရုံပြန်ရသွားသည်။

"ရွှယ်ချင်း, ငါတောင်းပန်ပါတယ်, ငါတို့ရဲ့ စေ့စပ်ပွဲက ဖျက်သိမ်းရတော့မယ်" သူကတောင်းပန်လိုက်သည်။

ရွှယ်ချင်းရဲ့ နှလုံးက နစ်မွမ်းသွားရ၏။

"ဘာလို့လဲ?" သူမက မေးခွန်းထုတ်သည်။

"ဘာဖြစ်လို့လဲဆိုတော့ မနေ့ညက ငါနဲ့ဟန်ဟန်နဲ့ အတူတူဖြစ်သွားလို့" သူကလေးနက်စွာ ပြန်ဖြေသည်။

"အတူတူ...ဆိုလိုတာကဘာလဲ? နင်တို့နှစ်ယောက်...."

"နင်မြင်တဲ့အတိုင်းပဲ, ငါတို့ဖြစ်ခဲ့တယ်" ကျင်းယွမ်က ရိုးသားစွာ အဖြေပေးသည်။

ရွှယ်ချင်းက မျက်တောင်ခတ်လိုက်ပြီး သူမရဲ့အကြည့်က ကျင်းယွမ်အား တည့်တည့်ထိုးစိုက်နေ၏။

"သူအသိမကပ် ဖြစ်နေတုန်းကလား?"

ကျင်းယွမ်က ရပ်တန့်သွားပြီး မျက်မှောင်ကျုံလိုက်ကာ ချီတုံချတုံနဲ့ ပြန်ပြောလေသည်။

"သူမူးနေတယ်"

ရုတ်တရက် ရွှယ်ချင်းသည် ဒေါက်တာချန်းက ရိဟန်ကို အယ်ကိုဟော တစ်ချို့ပေးဖို့ ပြောခဲ့တာအား သတိရသွားသည်။ ထို့နောက် အန်တီယန်းက သူ့အခန်းထဲ ပုလင်းတစ်ချို့ ပို့ပေးလိုက်တာကိုပါ အမှတ်ရသွားမိသည်။

(Completed) Reborn as a good childWhere stories live. Discover now