Chapter《65 and 66》

15.3K 2.4K 67
                                    

Unicode

အခန်း(၆၅) - အရေးတကြီး

ရွှယ်ချင်းက ဘာမှမဖြစ်သလိုမျိုးရိဟန်နဲ့ စကားဆက်ပြောနေသည်။ မကြာခင် အန်တီယန်းက တံခါးလာခေါက်၍ နေ့လည်စာအဆင်သင့် ဖြစ်ပြီဖြစ်ကြောင်းပြောလာ၏။ သုံးယောက်သား နေ့လည်စာစားရန် ဆင်းသွားလိုက်ကြသည်။

သူတို့သုံးယောက် ထမင်းစားခန်းထဲ ရောက်တဲ့အချိန်မှာ ပိုင်မိဘများက အသင့်ရောက်နေလေပြီ။ သူတို့အငယ်ဆုံးသားလေးရဲ့ ခံစားချက်ကောင်းနေတဲ့ မြင်ကွင်းကြောင့် သူတို့နှလုံးသားများ ပေါ့ပါးသွားရသည်။ မနေ့ကတည်းက ကိစ္စတွေ ရှုပ်ထွေးနေတာကြောင့် သူတို့ရိဟန်ကို ကိုယ်တိုင် မတွေ့ရသေးပေ။ သူတို့အနေနဲ့ စိတ်မသက်မသာ ဖြစ်နေကြရသည်။ အခုတော့ သူ့ကိုနောက်ဆုံး မြင်ရပြီဖြစ်တာကြောင့် သူတို့ပုခုံးပေါ်က အလေးချိန် ကျသွားရသည်။ 

တစ်ခုပဲ.....

အမေက သူ့သားလေးရဲ့ လည်ပင်းနဲ့လက်ပေါ်က ပတ်တီးများအား ချက်ချင်းမြင်သွားသည်။ သူမမှာ နောက်တစ်ဖန် စိုးရိမ်ပူပန်သွားရ၏။

"ဟန်ဟန်....သားရဲ့ လက်နဲ့လည်ပင်းက ဘာဖြစ်တာလဲ?" သူမက တိုးတိုးမေးလိုက်သည်။

"ထိသွားလို့လား? အန်တီယန်း! အန်တီယန်း! ဒေါက်တာချန်ရှိသေးလား? ဟန်ဟန်, အမေ့ကိုပြစမ်းပါဦး, ဒဏ်ရာကဘယ်လိုနေလဲ? ခုဏက အခန်းထဲမှာ ရှိနေတာ မဟုတ်ဘူးလား, ဘယ်လိုထိသွားတာလဲ?"

သူမက ရိဟန်အား ငြင်သာစွာ ဆွဲခေါ်လိုက်သည်။ သူမရဲ့လက်များက ပတ်တီးများပေါ် ဝဲနေ၏။ သူမသည် သူ့ဒဏ်ရာများကို စစ်ဆေးချင်သော်လည်း မလုပ်ရဲပေ။ ပိုပြီးယုံကြည်စိတ်ချရတဲ့ ကျင်းယွမ်ကိုသာ မေးခွန်ထုတ်နေသည့် အကြည့်ဖြင့် လှမ်းကြည့်သည်။

ကျင်းယွမ်: "..."

သေပြီ, သူလုံးဝမေ့သွားတယ်! အခုဘယ်လိုရှင်းပြရပါ့မလဲ?

ရွှယ်ချင်း: "..."

သေစမ်း, ငါတို့တော့သွားပြီ, ဆင်ခြေပေးဖို့ မစဉ်းစားခဲ့မိဘူး!

"အာ, ဘာလို့ သခင်လေးပါ ထိသွားတာလဲ? အရမ်းပြင်းလား? ဒေါက်တာချန်က ပြန်သွားပြီ, အခုကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ?"

(Completed) Reborn as a good childWhere stories live. Discover now