Chapter《100》

12.5K 1.8K 118
                                    

Unicode

အခန်း(၁၀၀) - ဝတ္တုရဲ့ အဆုံးသတ်

ကြင်နာတတ်တဲ့ အမျိုးသမီး ဇာတ်လိုက်က ပြန်ငြင်းမနေပေ။ သူမက အရာအားလုံးကို တိတ်တဆိတ်သာ လက်ခံသည်။ မုကျင်းယွမ်က သူမကို သဘောမကျဘူးဆိုတာ သူမသိသည်။ အကြောင်းကတော့ သူ့စိတ် ပုံမှန်မဟုတ်တဲ့အချိန်မှာ 'ရိဟန်' ခေါ်လိုက် 'ဟန်ဟန်' ခေါ်လိုက်သာ လုပ်နေခဲ့တာလေ။ လူတိုင်းက သူ သူမကို အာရုံစိုက်နေတယ်လို့ ပြောကြပေမယ့် တကယ်တော့ သူမက သူ့ရင်ထဲ ဘယ်တုန်းကမှ မဝင်ခဲ့ဘူး ဆိုတာကို သိနေသည်။

တိတ်ဆိတ်မှုက သူမ ကိုယ်ဝန်ရှိနေကြောင်း ရှာတွေ့သွားသည်အထိ ဆက်သွားနေခဲ့၏။ သေးငယ်တဲ့ ဘဝလေးတစ်ခုက ပါဝင်ပတ်သတ်လာခဲ့ပြီ။ သူမအနေနဲ့ ကလေးအကြောင်း ထိုအမျိုးသားနဲ့ ဆွေးနွးရန် လိုအပ်နေလေပြီ။ သို့သော်လည်း သူ့မှာရှိတဲ့ တစ်ခုတည်းသော တုန့်ပြန်မှုက သူမကို ကိုယ်ဝန်ဖျတ်ချရန် အတွက် အေးစက်စွာ အမိန့်ပေးခြင်း တစ်ခုတည်းသာ။

ထို့ကြောင့် သူမက မယုံနိုင်လောက်အောင် စိတ်မကောင်းဖြစ်မိသွားသည်။ မုအုပ်စုမှာ အလုပ်လုပ်နေစဉ်အတွင်း သူမက ထိုဝေးကွာပြီး အစွမ်းထက်လှတဲ့ အမျိုးသားအား နက်ရှိုင်းစွာ ချစ်မိနေခဲ့ပြီလေ။ အဲ့ဒါကြောင့် ထိုညက သူမအနေနဲ့ ခက်ခက်ခဲခဲ မရုန်းကန်ခဲ့ခြင်းဖြစ်သည်။ အဲ့ဒါကြောင့်လည်း နောက်ပိုင်း သူမကို ထိုသူဆက်ဆံတဲ့ လုပ်ရပ်တိုင်းအား ပြန်လည်ငြင်းခုံခြင်း မလုပ်ခဲ့ခြင်းပင်။

သူတို့နှစ်ယောက်ရဲ့ သူဌေး-ဝန်ထမ်း ဆက်ဆံရေးနှင့် မိသားစုနောက်ခံ ကွာခြားမှုကြောင့် သူ့ကို ဘယ်တော့မှ ရနိုင်မှာမဟုတ်ဘူးဟု သူမ တွေးခဲ့သည်။ သူမအတွက်တော့ ပြီးပြည့်စုံတဲ့ ညတစ်ညကို ပြန်သတိရနေရင်ပင် လုံလောက်ပါတယ်ဟု။ ကလေးရောက်လာတာက သူမ မျှော်လင့်ထားတာထက် ကျော်လွန်နေခဲ့ပေမယ့်လည်း ဒါက သူမရဲ့ မိသားစုလေ, သူမရဲ့ အသွေးအသားတွေ, သူ့ကို ကာကွယ်ဖို့အတွက် သူမကတော့ အစွမ်းကုန်လုပ်မှာပဲ

အစပိုင်းမှာ ဆိုးသွမ်းတဲ့ အမျိုးသမီး ဇာတ်ပို့ဖြစ်သော ပိုင်ရွှယ်ချင်းက အမျိုးသမီးဇာတ်လိုက်အား မကြာခဏ အနိုင်ကျင့်တတ်သည်။ အကြောင်းကတော့ သူမက မုကျင်းယွမ်ကို တိတ်တဆိတ် ချစ်နေခဲ့ပေမယ့် သူ့ကိုဘယ်တုန်းကမှ မရခဲ့သောကြောင့်ပင်။ အမျိုးသမီးဇာတ်လိုက်ဆီမှာ ကျင်းယွမ်နဲ့ ကိုယ်ဝန်ရှိနေပြီ ဆိုတာကို သိရတဲ့အချိန် သူမရဲ့ အနိုင်ကျင့်မှုက ပိုမိုဆိုးဝါးလာခဲ့သည်။ 

(Completed) Reborn as a good childWhere stories live. Discover now