Chapter《130》

8.9K 1.4K 20
                                    

Unicode

အခန်း(၁၃၀) - ကျောင်းကော ဒုက္ခရောက်နေတယ်

ရိဟန်က ဖန်းရီရဲ့ မေးခွန်းကို ပြန်ဖြေဖို့ လုပ်လိုက်တဲ့အချိန်မှာ ကျင်းယွမ်က သူ့ပုခုံးကို ပုတ်လိုက်သည်။ သူလှည့်ကြည့်လိုက်တော့ ကျင်းယွမ်က ပါးစပ်လှုပ်ရုံ ပြောလာသည်လေ။

"ချင်ဖုန်းကိုယ်တိုင် ရှင်းပြခွင့် ပေးလိုက်တာက ပိုကောင်းတယ်"

ရိဟန်သည် ထိုအချိန်မှသာ သူဖန်းရီကို အများကြီး ပြောမိပြီမှန်း နားလည်လိုက်ပြီး ကမန်းကတန်း ပြောလိုက်ရသည်။

"ဘယ်လိုပဲဖြစ်ဖြစ်, အဲ့ဒါက......ဟန်? ဖန်းရီ, ကျွန်တော် ဖုန်းဝင်လာလို့ နောက်တစ်ခေါက်မှ ထပ်ပြောကြမ်နော်,See you "

ဖန်းရီက ဖုန်းချလိုက်ပြီးနောက် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ကာ 'ချင်ဖုန်း' ဟု ရေရွတ်လိုက်၍ ဆက်ပြီး သူ့ကိုယ်သူ ပြောလိုက်သည်။

"ချင်ဖုန်းဆိုတာ ဘယ်သူလဲ? သူက ဘာတွေထူးခြားနေလို့လဲ? သူ့မှာခေါင်းတစ်လုံး ပိုပါလို့လား? ဟမ့်, အကယ်၍ မသွားဘူးဆိုရင်လည်း ဆိုဖာပေါ်မှာပဲ အိပ်ပါစေပေါ့, အေးခဲပြီး နေပေ့စေ!"

ရိဟန်က ဖုန်းဝင်လာတယ်လို့ ပြောခြင်းသည် လိမ်လိုက်ခြင်းမဟုတ်ပေ။ သူက ဖုန်းကို ငုံ့ကြည့်လိုက်သည်။ အသစ်ခေါ်လာတဲ့သူက ကျောင်းဟွာဖြစ်သည်။

အခုက နောက်ကျနေပြီ, ကျောင်းဟွာက ဒီအချိန်ကြီး သူ့ကိုဘာလို့ခေါ်ရတာလဲ?

"ကျောင်းကော?" ရိဟန်က အလျင်စလို ဖုန်းကိုင်လိုက်၏။

ဖုန်းထဲကနေ ထွက်ပေါ်လာသည့် အသံက ထင်ထားသလိုမျိုး ကျောင်းဟွာရဲ့ အသံ ဟုတ်မနေ။ ၎င်းသည် လူစိမ်းတစ်ယောက် အသံဖြစ်နေသည်။

"ဟယ်လို, ခင်ဗျားက ဒီဖုန်းပိုင်ရှင်ရဲ့ ညီလေးလား မသိဘူး? ကျွန်တော်က Dusky Alley ရဲ့ ဘားသမားပါ, ခင်ဗျားအကိုက အများကြီးသောက်ထားတယ်, လူနှစ်ယောက်က သူ့နားချဉ်းကပ်လာပြီး သူ့ကိုခေါ်သွားဖို့ လုပ်နေပေမယ့် သူက အရမ်းမူးနေတာဆိုတော့ အတည်ပြုလို့မရလို့ နောက်ဆုံး ဆက်သွယ်ထားတဲ့ ဖုန်းကို ဆက်လိုက်တာပါ, ဒီလူနှစ်ယောက်ရဲ့ အထောက်အထားကို အတည်ပြုပေးမလား ဒါမှမဟုတ် လာခေါ်ပေးမလား ခင်ဗျ?"

(Completed) Reborn as a good childWhere stories live. Discover now