Chapter《111》

10.8K 1.5K 25
                                    

Unicode

အခန်း(၁၁၁) - နာမည်စာရင်း

ရိဟန်က နေရာမှာတင် တုန်တုန်ယင်ယင်လေး ဖြစ်သွားပြီး မျက်နှာတစ်ခုလုံး နီရဲတက်လာသည်။

"အဲ့ဒီလောက်ကြီးလည်း မဆိုးပါဘူး" သူက တီးတိုးရေရွတ်၏။

"အမေက မဒမ်ချန်ရယ် တစ်ခြားသူတွေနဲ့အတူ  spa တို့ mall သွားကြတယ်"

ယန်ဖေးရဲ့ ပါးစပ်မှ "အိုး" ဆိုသည့် စကားသံ ထွက်လာသည်။ သူမက တောက်ပတဲ့ မီးသီးလေး နှစ်လုံးလိုမျက်လုံးမျိုးဖြင့် ရိဟန်အား တောက်တောက်ပပ ကြည့်လိုက်သည်။

"ပြောပါဦး, ဘာလို့ ဒီနေ့ တစ်ယောက်တည်း ဖြစ်နေရတာလဲ? ဘာလို့ Mr မုနဲ့အတူ အပြင်မသွားတာလဲ?"

"သူ- သူကဒီနေ့ စီးပွားရေး အစည်းအဝေးတစ်ခု တက်ဖို့ ရှိနေလို့" ရိဟန်က လည်ချောင်းတစ်ချက် ရှင်းပြီး ပြန်ဖြေသည်။ သူ့နားရွက်လေးများကတော့ နီရဲတွတ်နေလေပြီ။

"သူရုံးသွားတာ မဟုတ်ဘူး, အကယ်၍ ငါလိုက်သွားရင်တောင် ငါလုပ်စရာ ဘာမှမှ မရှိတာ, အဲ့ဒါကြောင့် မလိုက်တော့တာ"

သူမရဲ့မျက်လုံးများက သူ့ကိုအထက်အောက် စစ်ဆေးလိုက်သည်။ သူ့ရဲ့ သဘာဝမကျသည့် ထိုင်ပုံထိုင်နည်းနှင့် သူ့ခါးကို တိတ်တိတ်လေး ခိုးနှိပ်နေသည့် လက်ကို မြင်လိုက်ရတာနဲ့တင် ပါးနပ်စွာ ပြုံးလေသည်။

"ငါနားလည်ပြီ" သူမက စကားကို ဆွဲပြောသည်။

"နင်နေလို့မကောင်း ဖြစ်နေတာ မှတ်လား, ဒါပေါ့လေ, နင်သူ့နားမှာ ပတ်သွားနေရမှာကို ဘယ်ကြည့်ရက်ပါ့မလဲ, ငါသိပြီ, ငါသိပြီ"

"ငါလုံးဝနေကောင်းပါတယ်နော်!" ရိဟန်က အံကြိတ်သံဖြင့် အော်လေသည်။ ထို့နောက် အပူလောင်သွားသလိုမျိုး ခါးပေါ်မှ သူ့လက်အား ချက်ချင်းဆွဲထုတ်လိုက်သည်။

"အဲ့ဒါက အဓိပ္ပါယ် မရှိဘူး!"

"ငါ့ကို ဖုန်းကွယ်ဖို့ ကြိုးစားမနေနဲ့" သူမက အနားကို တိုးကပ်သွားပြီး နားနားကပ်၍ တိုးတိုးလေး ဆက်ပြောသည်။

"နင်ငါ့မျက်လုံးကို လှည့်စားလို့ မရဘူး, နင်နဲ့ Mr မုကြားမှာ ဘာတွေရှိလဲ ဆိုတာ ငါအစောကြီးကတည်းက ပြောနိုင်တယ်"

(Completed) Reborn as a good childWhere stories live. Discover now