Chapter《201》

5.6K 1K 9
                                    

Unicode

အခန်း(၂၀၁) - အသေးစား လက်ဆောင်

ယန်မြောင်က အခန်းတစ်ခုလုံး ဖျတ်ဆီးပြီးတာနဲ့ ပြတင်းပေါက်ဘေးမှာ ပုန်းကွယ်နေသည့် ယောကျာ်းဖြစ်သူအား လှမ်းကြည့်လိုက်သည်။ သူမက အလွန်စိတ်တိုနေတာကြောင့် လက်လှမ်းမှီသမျှ ဆွဲယူပြီး ပစ်ပေါက်ပြန်သည်။

"ကိုယ့်ဇနီးသည်ကို ချစ်မြတ်နိုးရမယ်ဆိုတာ လူတိုင်းသိတယ်!" သူမက အော်ဟစ်သည်။

" လူတိုင်း သူတို့ဇနီးသည်ကို ခုခံ ကာကွယ်ရမယ်ဆိုတာသိတယ်! ဘာလို့ ရှင်တစ်ယောက်တည်းက သူရဲဘောကြောင်တဲ့သူလို ဖြစ်နေရတာလဲ? ဘယ်လိုလုပ် တစ်ခုခု ထလုပ်ဖို့တောင် သတ္တိ မရှိရတာလဲ? ရှင်သိတာက ပြဿနာ တစ်ခုခု တက်လာတာနဲ့ ကျွန်မကို ယန်မိသားစုဆီက အကူအညီတောင်းခိုင်းဖို့ ကြီးပဲ။ အခုဘာဖြစ်သွားလဲ ကြည့်လေ။ ကျွန်မ ဒီလိုမျိုး ကိုယ့်မိသားစုဆီက အရှက်ခွဲခံရတာကို မြင်ရတာ ပျော်ရဲ့လား? ဟဲယွမ်, ရှင်ကျွန်မအပေါ် မှန်ကန်နေတယ်လို့များ ထင်နေလား?"

ဟဲယွမ်က အချိန်ကိုက် မရှောင်လိုက်နိုင်တာကြောင့် ဖန်ပြာခွက်က သူ့နှဖူးကို ရိုက်မိသွားသည်။ သူ့စိတ်ထဲမှာ ဒေါသများ တောက်လောင်လာ၏။ သူမကို ရိုက်သတ်ပစ်ဖို့ကို အတော်လေး ဆန္ဒရှိမိသွားသည်။ သို့သော်လည်း ဒီမိန်းမက ဘယ်သူလဲ ပြန်စဉ်းစားမိသောအခါ သူလုပ်နိုင်သမျှက အံကိုကြိတ်ပြီး တောင့်ခံထားရုံသာ။ သူ့မျက်နှာက ဖိနှိပ်ထားရတဲ့ ဒေါသတရားများကြောင့် စိမ်းပုတ်ရောင် ပြောင်းနေသည်။

***

ထိုနေ့မွန်းလွဲပိုင်းတွင် မုအုပ်စုသို့ ဧည့်သည်တစ်ဦးရောက်လာသည်။ ပိုင်ရိဟန်က ဧည့်သည်အား ကြိုဆိုရန် အရှေ့တံခါးဆီ ကိုယ်တိုင် ထသွား၏။ ဘယ်သူရောက်လာတာလဲ ဆိုတာအား ရိဟန်မြင်သောအခါ အပြုံးလေးနဲ့အတူ အမြန်အဆန် လျှောက်သွားလိုက်သည်။

"ကျောင်းကော, ဘယ်လိုရောက်လာတာလဲ?" ရိဟန်ကမေးသည်။

"ကျွန်တော့ကို လာတွေ့တာလား? ကျွန်တော့်ကို လွမ်းလို့လား?"

"မင်းက အိမ်ပြန်လာတာ ရှားပါးပြီး အခုတစ်လောလည်း မလာဘူးလေ" ကျောင်းဟွာက နွေးထွေးသည့် အပြုံးတစ်ပွင့်ဖြင့် ပြန်ဖြေသည်။

(Completed) Reborn as a good childWhere stories live. Discover now