Chapter《47 and 48》

16.7K 2.4K 141
                                    

Unicode

အခန်း(၄၇) - တစ်ခုခုဖြစ်သွားရင်တောင် ဘာမှမကြားရဘူး

သူ့အသေးလေးကို ရင်ခွင်ထဲ ထည့်ထားရတာကြောင့် ကျင်းယွမ်သည် အိပ်ယာပေါ်မှာ အေးခဲနေတဲ့ အသွင်ဖြင့် တောင့်တောင့်ကြီးလှဲနေရသည်။ သူ့နှဖူးကတော့ ချွေးစေးများပင် ထွက်လာလေပြီ။ သူလုံးဝကို မအိပ်ရသေးပေ။

ပျော်ရွှင်မှုတွေရော နာကျင်မှုတွေရောကြောင့် သူ့မျက်လုံးများက အာရုဏ်တက်ချိန် ရောက်သည်အထိ ပွင့်နေမိသည်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ပိုင်ရိဟန်က လွဲရင် ပိုင်မိသားစုက လူတိုင်းအတွက်တော့ အိပ်ပျက်ညဖြစ်ခဲ့လေသည်။

တောက်ပလှတဲ့ စောစောစီးစီး အချိန်မှာ ပန်ဒါမျက်လုံး လေးစုံက အတူတကွ စုရုံးနေကြသည်။ ပိုင်မိဘများ၊ပိုင်ယန်နှင့် ရွှယ်ချင်းတို့က သူတို့ရဲ့ ကိုယ်ပိုင် အမည်းကွင်းလေးများဖြင့် ဧည့်ခန်းထဲက ထိုင်ခုံပေါ်မှာ ထိုင်နေကြလေသည်။

တစ်ညလုံး မအိပ်ရသေးတဲ့ အန်တီယန်းကလည်း သူတို့ကို နွားနို့ပူပူလေး တစ်ခွက်ဆီလာပေးသည်။ နောက်ထပ် ပန်ဒါမျက်လုံးတစ်စုံ ထပ်ပေါ်လာခြင်းပဲ။

"အန်တီယန်း, ရှင့်ကြည့်ရတာ တော်တော်လေးဖြူဖျော့နေတယ်, အိပ်မပျော်ဘူးလား?" အမေက မေးလိုက်သည်။

"သခင်ငယ်လေးက ဒီလိုအခြေအနေ ဖြစ်နေမှာတော့ ကျွန်မဘယ်လိုများ အိပ်ပျော်နိုင်မှာလဲ? လှုပ်ရှားမှု နည်းနည်းလေးမျး ကြားရမလားလို့ တစ်ချိန်လုံး နားစွင့်ထားရတာ, အနည်းဆုံးတော့ တစ်ခုခု ဖြစ်လာရင် ကူညီပေးလို့ရမယ်လေ" အန်တီယန်းက အနည်းငယ် သန်းဝေရင်း ပြန်ဖြေလာသည်။

ဒါက ပိုင်မိသားစုသာဆိုရင်တော့ နားလည်လို့ရသည်။ တကယ်တော့လည်း သူတို့တွေက ဆွေမျိုးတွေဖြစ်ကြပြီး သူတို့မျက်လုံးထဲမှာ ပိုင်ရိဟန်က အမြဲတမ်း ပန်းသီးလေး ဖြစ်နေတာကြောင့် သူတို့စိတ်ပူပြီး အိပ်မရဘူးဆိုတာက ပုံမှန်ပင်။ ဒါပေမဲ့ အန်တီယန်းကတော့ သူတို့ရဲ့ အိမ်အကူတစ်ယောက်သာ ဖြစ်နေသည်။ အခြေခံအားဖြင့်တော့ ဒါက ငွေကြေးဆက်ဆံရေးတစ်ခုသာ။ သူမက ရိဟန်ကို အရမ်းစိုးရိမ်နေလို့ လုံးဝအိပ်မရဘူးဆိုတာကတင် သူမဘယ်လောက်တောင် ရိဟန်ကို ချစ်လဲဆိုတာ သက်သေပြနေသည်။ ပိုင်မိသားစုများမှာ ခံစားသွားရ၏။

(Completed) Reborn as a good childWhere stories live. Discover now