Chapter《104》

11.9K 1.8K 125
                                    

Unicode

အခန်း(၁၀၄) - သူလိမ်မာတဲ့ ကလေးမလုပ်ရင် ပိုကောင်းမယ်

ရိဟန်က ယန်မိသားစုအိမ်ကနေ သူ့အိမ်ကို ပြန်ရောက်တာနဲ့ ချက်ချင်းပင် သူ့အခန်းရှိရာ ပြေးတက်သွားပြီး အဝတ်အစား လဲလှယ်တော့လေသည်။ မကြာခင်မှာ အမေက တံခါးကိုခေါက်ကာ ဝင်လာသည်။

"ဟန်ဟန်, အန်တီယန်းက သစ်သီးအချိုပွဲ ဟင်းချိုတစ်ချို့ လုပ်ထားတယ်, ဆင်းလာပြီး စားဦးမလား?"

"ကောင်းပြီလေ" ရိဟန်က ပြန်ဖြေလိုက်ပြီး သူ့အမေနဲ့အတူ အောက်ထပ်ကို လိုက်ပါလာလေသည်။ ထို့နောက် သူတစ်ငုံလောက် သောက်ပြီးတဲ့အချိန်မှာပဲ သူ့ဖုန်းကနေ noti သံတစ်ခု ထွက်ပေါ်လာသည်။ တစ်ချက်ကြည့်လိုက်တော့ အဲ့ဒါက ကျင်းယွမ်ဆီက အသံမက်ဆေ့ဖြစ်နေ၏။ app ပေါ်မှာ ရှိနေတဲ့ ကျင်းယွမ်ရဲ့ profile ပုံက သူဘယ်နှစ်ခါပဲ ကြည့်ပါစေ အကြိမ်ကြိမ် ရယ်မောမိစေသည်။

အမေက ရိဟန်ရဲ့ ဖုန်းဖန်သားပြင်ကို သာမာန်ကာလျှံကာ တစ်ချက် ချောင်းကြည့်လိုက်ပြီးနောက် သူမသားထွေးလေးရဲ့ မျက်နှာကိုပါ ကြည့်လိုက်သည်။ စိတ်အတွင်း နက်နက်ရှိုင်းရှိုင်းမှာတော့ သက်ပြင်းခပ်ကြီးကြီး ချမိလေသည်။

အရင်တုန်းက သူမ နားမလည်ခဲ့ပေမယ့် ယန်နဲ့ရွှယ်ချင်းတို့က ရိဟန်နဲ့ကျင်းယွမ်တို့ ချစ်နေနိုင်တဲ့ ဖြစ်နိုင်ခြေကို ပြောပြီးနောက်ပိုင်းမှာ သူမအနေနဲ့ ရိဟန်လုပ်သမျှ လှုပ်ရှားမှုတိုင်း အမူအယာတိုင်းကို အနီးကပ် စောင့်ကြည့်မိတယ်။

မျှော်လင့်ထားသလိုပဲ ဒီမနက်က လမ်းခွဲရဖို့ တွန့်ဆုတ်နေတဲ့ အရိပ်အယောင်တွေနဲ့ အခုလိုမျိုး ကောင်းကောင်းမဖုံးကွယ်ထားနိုင်တဲ့ အပြုံးမျိုးက လက္ခဏာတွေ အများကြီး ပြနေခဲ့တာပဲ။

အမေက သူမလက်ကို မြှောက်လိုက်ပြီး သူမသားလေးရဲ့ ခေါင်းကို ပုတ်ပေးလိုက်သည်။

"ဖြည်းဖြည်းစားလေ" သူမက ညင်သာစွာပြော၏။

"ဘာလို့အလျင်လိုနေတာလဲ? ဒါကဒီအတိုင်း အချိုပွဲပဲဟာကို"

ရိဟန်က ဟင်းရည်တစ်ပန်းကန်လုံးကို တစ်ကွက်ကွက် သောက်နေခြင်းပင်။ အဲဒါမှ သူ့အခန်းကို မြန်မြန်ပြန်ပြီး ကျင်းယွမ်ရဲ့ အသံမက်ဆေ့ကို နားထောင်လို့ရမှာလေ။ အမေ့ရဲ့ စကားကို ကြားသောအခါ သူက မော့ကြည့်လာပြီး ပြုံးပြကာ သူ့ပါးစပ်ထဲကို ဟင်းရည်များ ထပ်လောင်းချလိုက်သည်။ အန်တီယန်းကတော့ သူမရဲ့ သခင်ငယ်လေးက သူမလုပ်ထားတဲ့ ဟင်းရည်ကို သဘောကျတာ မြင်တာကြောင့် ပျော်ပျော်ရွှင်ရွှင်ဖြင့်ပင် နောက်တစ်ပန်းကန် ထပ်ထည့်ပေးလာသည်။

(Completed) Reborn as a good childWhere stories live. Discover now