Chapter《105》

12.6K 1.8K 43
                                    

Unicode

အခန်း(၁၀၅) - ဘဝရဲ့ ပန်းတိုင်တစ်ဝက်

ရိဟန်က တစ်ဖက်လှည့်လိုက်ပြီး ပထမ သူတို့ပွေ့ဖက်ထားကြသည့် ထိုင်ခုံပေါ်သို့ ကျင်းယွမ်အား တွန်းချလိုက်ကာ ပေါင်ပေါ်တက်ထိုင်လိုက်သည်။ ထို့နောက် ကျင်းယွမ်၏ ပုခုံးပေါ်သို့ သူ့မေးစေ့လေး မှီထားလိုက်၏။ သူက ဖုန်းကို ငုံ့ကြည့်၍ ယန်ဖေးကို ပြန်ဖြေနေရင်း ကျင်းယွမ်ကို ပြောပြလေသည်။

"သူက ယန်ဖေး,ငါဒီနေ့ ယန်မိသားစုအိမ်ကို သွားခဲ့တယ်လေ, ငါတို့အဲ့ဒီမှာ ရှိနေတုန်း သူမက လူကြီးမင်းယန်ဆီ လာလည်တာ, ငါတို့စကားနည်းနည်း ပြောခဲ့တယ်, သူမက တော်တော်တော့ စိတ်ဝင်စားဖို့ကောင်းတယ်"

"ယန်ဖေး?" ကျင်းယွမ်က မျက်မှောင်ကျုံ့သွားသည်။

"ယန်ဖင်းရဲ့ တစ်ဦးတည်းသောသမီးလား?"

"ဟုတ်တယ် သူမပဲ" ရိဟန်က ခေါင်းညိတ်ပြီး ပြန်ဖြေသည်။

"သူမက ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ ကံကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါပဲ, သူမပုံစံက.....နေအသေးစားလေးလိုပဲ!"

ကျင်းယွမ်ရဲ့ နှလုံးသားက တစ်ချက်ခုန်သွားသည်။ တိတ်တဆိတ်ဖြင့်ပင် ရိဟန်အား ပွေ့ထားသည့် သူ့လက်မောင်းများအား တင်းကြပ်လိုက်ပြီး လူငယ်လေးရဲ့ နားရွက်ကို နမ်းလိုက်၏။

"မင်းလည်းနေအသေးစားလေးပါပဲ" ကျင်းယွမ်ကပြောသည်
"ကိုယ့်ရဲ့နေမင်းလေး"

ရိဟန်ရဲ့ နားရွက်များက အတော်လေး အထိမခံပေ။ သူတို့က အရမ်းကို အထိမခံ ဖြစ်လွန်းလို့ လေနည်းနည်းတိုးသွားရင်တောင် သူ့ကို အမွှေးများ ထောင်ထလာစေနိုင်သည်။ အခုတော့ ကျင်းယွမ်က အဲ့ဒီနေရာကိုမှ နမ်းလိုက်တဲ့အပြင် သူ့နားရွက်နား ကပ်ပြီး စကားပြောနေတာကြောင့် သူ့တစ်ကိုယ်လုံးအား တုန်ယင်လာစေပြီး လက်ထဲကဖုန်းကိုပင် အလိုလို လွှင့်ပစ်လုနီးပါး ဖြစ်သွားရသည်။

"ယားတယ်" သူကပြောရင်းဖြင့် ကျင်းယွမ်စကား ကပ်ပြောလိုက်သည့် နားအား အပြင်းအထန် ပွတ်သပ်နေလေသည်။

(Completed) Reborn as a good childWhere stories live. Discover now