အပိုင်း (၁) လူသားတွေက လုံးဝအထိခိုက်မခံတာပဲ

4.9K 337 0
                                    

အကြီးဆုံးမမလေးက မူမမှန်
1

အပိုင်း (၁) လူသားတွေက လုံးဝအထိခိုက်မခံတာပဲ

“ရှင်းယွမ်ရယ် ကျွန်မကို ယုံပေးပါနော်၊ ကျွန်မတကယ် မလှည့်စားခဲ့ရပါဘူး၊ ကျွန်မမှာ ရှင်ပဲရှိတာကို ရှင်သိပါတယ်”

မျက်လုံးထဲတွင် မျက်ရည်များအပြည့်နှင့် ကုချင်းယွီ၏ရင်အစုံသည် အပြင်းအထန် နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။ သူသည် သူမကို ရက်စက်စက် တွန်းထုတ်လိုက်လေသည်။ တုန်လှုပ်ကာ မတည်မငြိမ် ဖြစ်နေသည့် ကုချင်းယွီ၏ ပိန်ပိန်ပါးပါးခန္ဓာကိုယ်လေးသည် ဤသို့တွန်းထုတ်ခံလိုက်သောအခါ မြေပေါ်သို့ လဲကျသွားတော့သည်။

“ ဗီဒီယိုက အင်တာနက်တစ်ခုလုံးမှာ ပျံ့နေပြီး အခု တရုတ်က လူတိုင်းက သိသွားကြတော့မယ်လေ၊ ငါ တွမ့်ရှင်းယွမ်ဆိုတဲ့ကောင်က မင်း ကြာခိုတာ ခံလိုက်ရပြီဆိုပြီး၊ မင်းကိုယ်မင်း ခုခံပြောရဲသေးတယ်နော်၊ ကုချင်းယွီ ငါ့ကိုများ အရူးလို့ မင်းထင်နေတာလား”

ထိုသို့ ပြောလိုက်ပြီးနောက် သူသည် ဖုန်းခေါ်လိုက်ပြီး လုံခြုံရေးများကို သူမအား ဆွဲထုတ်သွားခိုင်းလိုက်တော့သည်။

မကြာလိုက်ပေ လုံးခြုံရေးများ ရောက်လာပြီးနောက် သူတို့မျက်လုံးထဲတွင် စိတ်မချမ်းမြေ့ဖွယ်အသွင်နှင့် မြေပေါ်တွင်လဲကျကာ ငိုနေသည့် ကုချင်းယွီကို ကြည့်နေလိုက်ကြသည်။ နောက်ဆုံးတွင် ကုမိသားစု၏ ကြီးကျယ်မြင့်မြတ်သည့် သမီးဟောင်း၏ ဗီဒီယိုသည် ပြီးခဲ့သည့်ည အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားပြီးဖြစ်၏။ အကြီးဆုံးသခင်မလေးသည် အမှန်ပင် ချောမောလှပသည့်အချက်ကို ဖယ်ထားလိုက်လျှင် ဗီဒီယိုထဲက သူမ၏ အရှက်ကင်းမဲ့သည့် အသွင်အပြင်မှာ သူမ၏ အေးဆေးကာ မြင့်မြတ်သည့်ပုံမှန်အသွင်ပြင်နှင့်လုံးဝ လိုက်ဖက်မှုမရှိနေချေ...

လုံခြုံရေးနှစ်ယောက်သည် သူမငိုနေသည်ကို ဂရုမစိုက်တော့ဘဲ ဓာတ်လှေကားဆီသို့ ချက်ချင်း ဆွဲသွားကာ တွမ့်အုပ်စု အဆောက်အအုံ၏ဝင်ပေါက်သို့ တွန်းထုတ်လိုက်တော့သည်။

ကုချင်းယွီ၏မျက်လုံးများသည် ငိုထားသဖြင့် ဖူးယောင်နေလေသည်။ ကလေးဘဝကတည်းက သူမသည် တစ်ခါမှ အရှက်မရခဲ့ဖူးချေ။ ထို့အပြင် ဖြတ်သွားသည့်သူတိုင်းသည် လှောင်ရယ်သည့်အကြည့် မဟုတ်လျှင် သနားကြည့်ဖြင့်ကြည့်သွားကြ၏။ သူမသည် လဲတော့ကျတော့မတတ်ပင်။ သူမ၏ဖုန်းထဲက ဗီဒီယိုကို မျက်ရည်များနှင့် ဖွင့်ကာ သူမနှင့်တစ်ပုံစံထဲ တူသည့်မိန်းမနှင့်၊ သူမလုံးဝမသိသည့်ယောက်ျားကို ကြည့်လိုက်၏။ ထို့အပြင် အောက်ဘက်ရှိ ရွံ့စရာကောင်းကာ မုန်းတီးစရာကောင်းသည့်မှတ်ချက် အတွဲလိုက်ကို ဖတ်လိုက်လေသည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now