အပိုင်း (၉၀) မလွှတ်ဘူးဆိုရင်... ဘာလုပ်မှာလဲဟင်

1.3K 168 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၉၀) မလွှတ်ဘူးဆိုရင်... ဘာလုပ်မှာလဲဟင်

ဆရာသည် ကူကယ်ရာမဲ့လေသံဖြင့် တစ်ခါမှ မပြောခဲ့ဖူးဘဲ  အမြဲလိုလို တည်ငြိမ် အေးစက်ကာ ဂရုမစိုက်တတ်သည့် လေသံဖြင့် ပြောနေကျဖြစ်ရာ...

များသောအားဖြင့် သူ့ခံစားချက်ကို ခန့်မှန်းရ ခက်လေသည်။

သို့သော် သည်အခိုက်အတန့်တွင် မုရွှမ်ချင်၏လေသံသည် ကူကယ်ရာမဲ့သလိုဖြစ်နေပြီး ထိုလေသံအောက်တွင် အလိုလိုက်ခြင်းတစ်ခု ပါနေသည်။ နည်းနည်းလောက် ပိုလှုပ်လိုက်လျှင် ဖူးဖူးမှုတ်ထားတော့မည်။

ကုချင်းယွီသည် နောက်မှနေ၍ နူးညံ့စွာရယ်လိုက်ပြီး သူမ၏ခေါင်းကို သူပခုံးတွင်မှီထားကာ သူ့နားထဲသို့ ညင်ညင်သာသာ လေမှုတ်ထည့်ရင်း ကျီစယ်နေတော့သည်။

“ မလွှတ်ဘူးဆိုရင်ကော... ရှင်က ဘာလုပ်မှာလဲဟင်”

မုရွှမ်ချင်သည် အခိုက်အတန့် ငြိမ်သက်သွားတော့သည်။

ဟုတ်ပါ့။ သူမ မလွှတ်တော့ သူ ဘာလုပ်ရမှာတဲ့လဲ။

သူ့ရဲ့ အရင်တုန်းက ဖြေရှင်းတဲ့နည်းလမ်းနဲ့ဆိုရင် သူမကို ပစ်ပေါက်လိုက်မိမှာပဲ.... အာ မဟုတ်သေးပါဘူး၊ သူသာ အရင်တုန်းကလိုဆိုရင် တစ်ယောက်ယောက်က သူ့ဆီ ခုန်ဝင်လာဖို့  အခွင့်အရေးတောင် ရမှာမဟုတ်ဘူး။

ဒါကလည်း အရင်က ဒီလိုမဖြစ်ဖူးတော့ သူ ဘာလုပ်ရင်ကောင်းမလဲ။

သူသည် သူမ၏လုပ်ရပ်ကို မခုခံမိသလို သူ့ခန္ဓာကိုယ်ကလည်း သူမနှင့်ပတ်သက်ပြီး အရာအားလုံးကို လေးလေးနက်နက် ခံစားမိနေလေသည်။ သူမက သူ့အားမှီပြီး သူမ၏ရှူထုတ်လိုက်သည့်လေက သူ့နားကို လာကလိနေရာ သူ့နားများသည် အမှန်ပင် ပူနွေးလာတော့သည်။ သူ့နှလုံးခုန်နှုန်းသည်လည်း စည်းချက်လွဲသွားတော့သည်။

သူမ၏ခန္ဓာကိုယ်ပေါ်တွင် ရင်းနှီးပြီးသား ရနံ့တစ်ခုရှိနေပြီး သူမ၏ခန္ဓာကိုယ်က.... သူ့အား အကြားအလှပ်မရှိ ဖိကပ်ထားရာ နူးညံ့ပျော့ပြောင်းပြီး....

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now